အာလူးမွကြော်

 စားပြီးရင်း ထပ်စားချင်နေမယ့် လွယ်ကူ ရိုးရှင်း အာလူးကြော်လေး

အာလူးမကြိုက်သူရယ်လို့ ရှားပါတယ်။
အာလူးကြော်ဆိုရင်တော့ ပြောမနေနဲ့တော့။
အာလူးဟာ အမျိုးမျိုး အဖုံဖုံ လုပ်စားလို့ရတဲ့ အမယ်ဆိုလည်း မမှားပါဘူး။
ဒီတစ်ခါရော အာလူးကို ဘယ်လိုလုပ်စားကြမလဲ။

ပါဝင်ပစ္စည်းများ

အာလူး – ၆ လုံး
နံနံပင်/ကြက်သွန်မိတ် – ၄ ပင်
အကြော်မှုန့် – ၄ ဇွန်း
မဆလာ – အနည်းငယ်
ဆား – အနည်းငယ်
ဆီ – သင့်ရုံ

ပြုလုပ်နည်း
– အာလူးများကို နူးအောင်ပြုတ်၍ အခွံခွာပါ။
– အာလူးပြုတ်များကို ဇလုံတစ်လုံးတွင်ထည့်၍ ချေပါ။
– ထိုထဲသို့ ဆား မဆလာ ထည့်ပါ။ နံနံပင် (သို့) ကြက်သွန်မိတ် မိမိနှစ်သက်ရာကို ခပ်နုပ်နုပ် ညှပ်ထည့်ပါ။ အပေါ့အငန်မြည်းပါ။
– အရသာ အနေတော် ဖြစ်လျှင် အာလူးများကို အလုံးသေးလေးတွေ လုံးပါ။
– ဒယ်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလျှင် အာလူးလုံးများကို တစ်လုံးချင်းဆီယူ၍ အကြော်မှုန့်နှင့်လူးပါ။ ဆီပူထဲ ထည့်၍ ကြော်ပါ။
– အာလူးလုံးလေးများ ရွှေရောင် သန်းလာလျှင်
ဆီစစ်၍ သုံးဆောင်နိုင်ပါပြီ။

 

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.