ချစ်သူတို့ကြား သီးခြားဘာသာစကား(၅)မျိုး

ပျိုမေတို့ရေ……ကိုယ့်ချစ်သူနဲ့ဘယ်ဘာသာစကားတွေ ပြောကြလဲဟင်…။ အို မြန်မာပြည်မှာနေတာပဲ..မြန်မာဘာသာစကားပေါ့လို့ မဆိုနဲ့နော်။ 😁ချစ်သူတွေကြားမှာ ကိုယ်ပိုင်သီးသန့်ဘာသာစကားတွေရှိတယ်လို့ စိတ်ပညာရှင် ဒေါက်တာ ချမ့်မန်း(Champman)ကတော့ဆိုထားပါတယ်..။ သူဆိုလိုချင်တဲ့ဘာသာစကားကတော့ ကိုယ့်ချစ်သူအပေါ် ကိုယ်အချစ်အပေါ်မှာ ထားတဲ့ခံယူချက်၊ ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ဖော်ပြတဲ့ပုံစံ၊ ကိုယ်ကိုယ်တိုင်လည်းသူ့ဆီက ပြန်လိုချင်တဲ့ဆက်ဆံမှုမျိုးပါ။ဒါကိုဒေါက်တာက အချစ်ဘာသာစကားရယ်လို့တင်စားလေရဲ့။ ပျိုမေတို့လည်း..ကိုယ်ပိုင်သီးသန့်အချစ်ဘာသာစကားကို ရှာကြည့်ကြည့်ကြနော်…။အကယ်၍ ကိုယ့်ဘာသာကိုယ် မသဲကွဲရင်…အောက်မှာရှာကြည့်လို့ရမယ့် လင့်ခ်လေးပေးထားပါတယ်..။😉လောလောဆယ်တော့ ဘယ်လိုဘာသာစကားတွေလဲဆိုတာ…တစ်ချက်ရှိုးကြည့်ကြစို့။

15380525_599267393604695_3876143589056219635_n

(၁)”ကတိ”

“ရှိတယ်…ရှိတယ်…..တစ်ချိန်လုံး ချစ်လားလို့မေးနေတဲ့သူတွေရှိတယ်..။😝
ကိုယ့်ချစ်သူဆီက ခဏခဏ ချစ်လားအမေးခံရပြီးဆိုရင် သူက “ကတိ”ဘာသာစကားကို ပိုင်ဆိုင်ထားသူလို့သာမှတ်လိုက်တော့။ဒီဘာသာစကားကို ပိုင်ဆိုင်သူတွေအဖို့ ချစ်သူဆီက “ချစ်တယ်”ဆိုတဲ့စကားတစ်ခွန်းက တစ်နေ့တာအတွက် အားဆေးတစ်ခွက်ပါ။သူတို့ဟာ စကားလုံးတွေကို အရမ်းတန်ဖိုးထားပါတယ်။သူတို့ကိုယ်တိုင်ကလည်း ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း တန်ဖိုးထားကြောင်း ပြောနေတတ်ပါတယ်။ အပြန်အလှန် ကတိတွေပေးမယ်။ ရှေ့လျှောက်အချစ်ခရီးအတွက် ကတိတွေအထပ်ထပ်အခါခါတောင်းမယ်။ စကားလုံးတွေအပေါ်တန်ဖိုးထားတဲ့သူတွေမို့ နာကျင်စေတဲ့စကားမျိုးဆိုရင်တော့..သူများတွေထက်ဆယ်ဆနာကျင်တတ်တဲ့သူတွေပါ။

15401135_599267413604693_1206524928279361099_n

(၂)”အချိန်”

ချစ်သူနဲ့တူတူရှိနေရရင် အရာရာကို ရင်ဆိုင်နိုင်တယ်ဆိုတဲ့သူမျိးပါ။သူတို့အတွက် တန်ဖိုးအရှိဆုံးက ချစ်သူနဲ့တူတူရှိနေရတဲ့အချိန်မျိုးပါ။ဒီအဖိုးတန်အချိန်ကို အပွန်းအပဲ့မခံနိင်ပါ။ “အချစ်ရေ…ကိုယ်လာပါမယ်..ခဏလေး..ကိုယ်မအားသေးလို့” ..ဒါမျိုးတွေ သူမလိုချင်ပါ။စကားတွေနဲ့ပဲ နှစ်သိမ့်တာ လုံးဝလက်မခံနိုင်ပါဘူး။ သူလိုချင်တာ ချစ်သူရဲ့အာရုံးစူးစိုက်မှု သူ့ဆီမှာအပြည့်အဝရှိနေတာမျိုးပါ။ ချိန်းထားတဲ့အချိန်ရွှေ့တာတွေ..တွေ့နေတုန်းဖုန်သုံးနေတာတွေ..အဲ့ဒါမျိုးလုပ်မိပြီဆိုရင်တော့ ရှင်းပေတော့ပဲ။ အကြီးကြီးဒေါကွီးပါလိမ့်မယ်။

15439948_599267423604692_5630433401285408658_n

(၃)”လက်ဆောင်”

လက်ဆောင်ဆိုတော့ လက်ဆောင်တွေကြိုက်တတ်တဲ့သူပေါ့..။လက်ဆောင်တွေကြိုက်တတ်တယ်ဆိုတော့..ပစ္စည်းမက်တဲ့သူလို့တော့ မသတ်မှတ်လိုက်ပါနဲ့။ သူတို့က တစ်ယောက်နဲ့တစ်ယောက်လက်ဆောင်ပေးတယ်ဆိုတာ တစ်ယောက်အပေါ်တစ်ယောက် သတိတရရှိနေတယ်လို့ သတ်မှတ်ထားကြတာပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်းပေးတတ်သလို သူများဆီက လက်ဆောင်ရရင်လည်း ပျော်နေတတ်ပါတယ်။ပစ္စည်းသည် သေးသည်ကြီးသည် ဒါတွေမခွဲခြားပါ။ ချစ်သူဆီက လက်ဆောင်ပေးတာတို့ စပရိုက်(အအေးမဟုတ်ပါ😝) လုပ်ပေးတာမျိုးတို့ဆို ကမ္ဘာပေါ်မှာ အပျော်ဆုံးဖြစ်နေတတ်တာပါ။

15420840_599267450271356_6850351191263026678_n

(၄)လက်တွေ့ဆန်မှု

“………………………………..
ဒါပေမယ့် နင့်ကိုငါချစ်တယ်။”
” ငါလေနင့်ကိုချစ်ပါတယ်။
ဒါပေမယ့်………………….။”
ဒီစကားနှစ်ခွန်းဟာ….အရမ်းကွာခြားမှုရှိပါတယ်..။လက်တွေ့ဆန်တဲ့သူတွေကတော့ ကွာခြားမှုထက် ဆန့်ကျင်နေတယ်လို့ယူဆပါလိမ့်မယ်။ “လက်တွေ့ဆန်မှု” …ဒီဘာသာစကားကို အသုံးပြုသူတွေဟာ…စကားနဲ့ချစ်တယ်လို့ပဲပြောတာအပေါ်မှာ ယုံကြည်မှုမရှိပါဘူး။ တကယ်လက်တွေ့သူလိုအပ်နေတဲ့အချိန်မှာ ဘေးနားကနေ ကူညီပေးတဲ့သူကသာ သူ့ကိုတကယ်ချစ်တယ်လို့ သတ်မှတ်ပါတယ်။ ဆင်ခြေတွေကို အမုန်းဆုံးပါ။လက်ရှိဘဝမှာတူတူရှိပေးနိုင်တာမျိုးပဲလိုချင်ပါတယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘာတွေပဲဖြစ်လာလာ တူတူဖြေရှင်းမယ်။ ဒိုးတူဘောင်ဘက် မောင်တစ်ထမ်း မယ်တစ်ရွက်သမားတွေပါ။

15380818_599267460271355_970736241023393812_n

(၅)အထိအတွေ့

ချစ်သူနဲ့ထိတွေ့နေရတာဟာ အချစ်ကိုမျှဝေတယ်…နှစ်ယောက်အတူတူရှိနေတယ်လို့ပိုခံစားရစေတယ်လို့ ခံယူထားသူတွေပါ။ (အထိအတွေ့=အိပ်ရာထဲကကိစ္စမျိုးကိုဆိုလိုခြင်းမဟုတ်ပါ။) ချစ်သူရဲ့ရင်ခွင်ဟာ…အနွေးထွေးဆုံးအရာလို့သတ်မှတ်ထားသူတွေပါ။ လက်ကလေးကိုင်ထားရရုံနဲ့ အခက်အခဲအားလုံးကို ကျော်လွှားနိုင်ပြီး အနမ်းတစ်ချက်က ကောင်းကင်ဘုံကိုအလည်တစ်ခေါက်သွားဖို့ လေယာဉ်လက်မှတ်ပါ။ ချစ်သူရဲ့”အထိအတွေ့”ဟာ လုံခြုံမှုကိုပေးစွမ်းနိုင်တယ်လို့…ယုံကြည်ထားသူတွေပါ။သူတို့ဟာလည်း “အချိန်”ဘာသာစကားသမားတွေလိုပဲ လျစ်လျူရှုခြင်းအပေါ် အရမ်းခံစားရပါတယ်။

ဒီဘာသာစကားတွေနားလည်ထားရင် ကိုယ့်ရဲ့အချစ်ခရီးကို ပိုပြီးပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ခုတော့ရှိတယ်..ကိုယ့်ချစ်သူက ကိုယ့်လိုပုံစံမျိုးမဟုတ်လို့ အချစ်ရေးမှာအဆင်မပြေနိုင်ဘူးလို့တော့တွေးစရာမလိုပါ။ မတူသော်ငြားလည်း….ကိုယ်လိုချင်တာဘာ သူလိုချင်တာဘာ သဲသဲကွဲကွဲသိရတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပိုပြီးပေးနိုင်တာပေါ့။ အပေးအယူမျှတဲ့ ချစ်သူဆက်ဆံရေးလောက် ပျော်ရွှင်စရာကောင်းတာမရှိပါဘူး။ ပျိုပျိုမေတို့…ချစ်ချစ်တို့နဲ့အဆင်ပြေနိုင်ပါစေလို့ ဆုတောင်းရင်း…အောက်မှာကိုယ့်ဘာသာစကားတွေရှာကြည့်ဖို့ လင့်ခ်လေးမျှဝေပေးလိုက်ပါတယ်။

http://www.proprofs.com/quiz-school/story.php?title=whats-your-love-langugae

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.