မကြည့်ရင် မနေနိုင်တာကလွဲလို့

အို သူရယ်…..ဘာလို့အဲ့လောက်တောင် ကျွန်မကိုဆွဲဆောင်နိုင်ရတာလဲကွယ်…????

သူ့ကိုလေ…နေ့တိုင်း မကြည့်ဘဲနဲ့ကို မနေနိုင်ဘူး။သူ့ကို မကြည့်ရရင် တစ်ခုခုလိုနေသလိုပဲ။ အိပ်ယာက နိုးတိုင်းလည်း အပြေးလေးသွား ကြည့်ရမှ ။ လမ်းသွားရင်လည်း သူ့အရိပ်အယောင်လေးတွေ့ရင် ပြေးကြည့်လိုက်ရမှ။ခိုးခိုးပြီးကြည့်ရတာ တစ်မျိုး ပေါ်တင်ကြည့်ရတာ တစ်မျိုးနဲ့။ နောက်ပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကို တစ်ခုခုလိုအပ်နေပြီဆို သူ့ကို တစ်ချက်ရှိုးကြည့်လိုက်ရင် ကျွန်မ ဘာလိုအပ်လဲ သူပြတယ်။ စကားသာ ပြန်မပြောတာ။ ကျွန်မကို အမြဲတမ်းအားပေးနေသလိုပါပဲ။ ညဘက်ရောက်ရင်လည်း သူ့ကို ကြည့်ပြီးမှ အိပ်ယာဝင်ချင်တာ။ တစ်ခါတစ်လေလည်း သူရှေ့မှာ စကားတွေ သွားပြောနေမိတယ်။ အဲ့တော့ ကျွန်မကို လူတွေက အရူးတဲ့။ ဘာဖြစ်တုန်း…..ကျွန်မဘာသာ မှန်ရှေ့စကားပြောတာ သူ့တို့အပူမှတ်လို့။😤

img_1484               ဒါမှန်ကြိုက်တဲ့ မိန်းကလေးတိုင်း…ကြုံရပါတယ်။ မှန်ကြိုက်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒါကို ဘာတဲ့ အကျည်းတန်မှန်ကြိုက်ဆိုလား…။ အဲဒါကို လုံးဝလုံးဝ ဆန့်ကျင်ပါတယ်။ အကျည်းတန်လို့ မှန်ကြိုက်တာ မဟုတ်ပါဘူး။ ကိုယ့်အလှကို သူများတွေချည်း ကြည့်နေတာ ဘယ်မျှတမလဲ ကိုယ်ကိုယ်တိုင်လည်း ကြည့်ချင်တာပေါ့။ ဟုတ်တယ်နော်….😉မှန်ကြိုက်တဲ့ပျိုမေတို့ ..ဒီကိစ္စကို သဘောတူရင် ရှဲလိုက်ပါဦး။ 😉

 

 

 

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.