နှစ်သစ်အတွက် အလေ့အကျင့်ကောင်းလေးတွေ

 တစ်နှစ်ထက် တစ်နှစ် ပိုမိုထူးချွန်ကောင်းမွန်တဲ့ မိန်းမသားများ ဖြစ်စေဖို့
နှစ်သစ်မင်္ဂလာပါ ပျိုမေတို့ရေ။


နှစ်သစ် တစ်နှစ် ကူးပြောင်းသွားသလို စိတ်သစ် လူသစ်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။
မနှစ်က ကိုယ်ထက် ဒီနှစ်ကိုယ်က ပိုကောင်းအောင် ကြိုးစားရမှာ မိမိတို့ တာဝန်ပါပဲ။
ကိုယ့်ပျော်ရွှင်မှု အတွက် ကိုယ်တိုင် ပြောင်းလဲ ပြင်ဆင်ရတာလောက် ကျေနပ်စရာ ကောင်းတာ မရှိပါဘူး။
ကဲ ဒါဆို နှစ်သစ်အတွက် ဘာတွေ ပြင်ဆင်ပြောင်းလဲ သင့်သလဲ။

– နေ့စဉ် စာနှစ်မျက်နှာ ဖတ်ပါ။
– မိမိချစ်သော သူငယ်ချင်းများ မိတ်ဆွေနဲ့ မိသားစုဝင်များနဲ့အတူ ပျော်ရွှင်စွာ အချိန်ဖြုန်းပါ။
– တွေ့တဲ့လူတိုင်းကို ပြုံးပြကြည့်ပါ။
– နေရာသစ်များသို့သွားပါ။ လူသစ်များနှင့် ပြောဆိုဆက်ဆံပါ။
– မနက်ဖြန်အတွက်ကို ကြိုတင်ပြင်ဆင်ပြီး ဒီနေ့ဖြစ်သမျှကို စာအုပ်ထဲ ချရေးကြည့်ပါ။
– ဘာသာစကားအသစ်တစ်မျိုး လေ့လာသင်ယူပါ။
– တစ်နေ့လျှင် လူတစ်ယောက်ကို ကူညီပေးပါ။
– မမျှော်လင့်သောအချိန်တွင် ကြုံသလို လှူပါ။
– အိပ်ရေးဝအောင် အိပ်ပါ။
– ငါးမိနစ်ခန့် ကပါ။
– ကလေးငယ်များ သက်ကြီးရွယ်အိုများနှင့် စကားပြောပေးပါ။
– ကိုယ့်ကိုယ်ကို သုံးမိခန့် ပြန်လည်ဆန်းစစ်ပါ။

ဒါလေးတွေ လုပ်ပေးခြင်းဖြင့် မိမိကိုယ်ကို ဘယ်လောက်ပြောင်းလဲလာတယ်ဆိုတာ တစ်ပတ်အတွင်း တွေ့မြင်ရပါလိမ့်မယ်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.