ပိုက်ဆံမက်သော ကျွန်မတို့ မိန်းမသားများ

အချို့သော မိန်းမသားများကိုတော့ ကျွန်မ မသိပါ။ ကျွန်မအတွက်ကတော့ သူဋ္ဌေးသားဆိုတာကို စိတ်မဝင်စားပေ။ သူ့ကိုယ်ပိုင်အရည်အချင်းမရှိရင် သူဘယ်လောက်ပဲ ချမ်းသာချမ်းသာ ထိုငွေတွေ တစ်နေ့ကုန်သွားနိုင်သည်မဟုတ်လား။

အဲ့တော့ ကိုယ်ပိုင်အရည်အချင်းရှိပြီး အသုံးချနိုင်သူမျိုးကိုသာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ချင်မိသည်။ သို့သော် ထိုအကြောင်းပြချက်မျိုးကို တချို့သော ယောက်ျားသားများက ငွေမက်သည် ဂုဏ်ပကာသနမက်သည်ဟု ထင်တတ်ကြသည်။

တကယ်တော့ ကျွန်မတို့ မိန်းမသားဆိုသည်မှာ ဘယ်လောက်ထက်ထက် ဘယ်လောက်တော်တော် ကို ယ့်ချစ်သူအပေါ်မှာ မှီခိုချင်စိတ်တော့ရှိသည်။ သို့ကြောင့် ကိုယ့်ကို လမ်းပြဦးဆောင်ပေးနိုင်မယ့်သူမျိုးကို ခုံမင်ကြသည်။ မက်မောကြသည်၊ စောင့်စားကြသည်။ တောင့်တကြသည်။

ဒါကို “ပိုက်ဆံမက်မောမှု” လို့ သတ်မှတ်ရင်လည်း

သတ်မှတ်ကြပါတော့။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.