အမေများနေ့ အမှတ်တရ မေမေ့အတွက် ချစ်လက်ဆောင်

ပိုက်ဆံလည်း သိပ်မကုန်ဘဲ မေမေ့ကို အမှတ်တရ လက်ဆောင်လေးတွေပေးကြမယ်။

1

(၁) မာဖလာ (သို့) ပဝါလှလှလေး
ခုဆို ဆောင်းတွင်းလေးလည်း ရောက်နေပြီဆိုတော့ မာဖလာလေးနဲ့ဆို
စတိုင်လေးလည်းကျ နွေးလည်း နွေး ကျန်းမာရေးနဲ့လည်း ကိုက်ညီတာပေါ့နော်။
ပြီးတော့ ခုက ကျိုက်ထီးရိုးရာသီလည်းဖြစ်တော့ မေမေ ခရီးသွားရင် မာဖလာလေးနဲ့ ရှိုးထုတ်လို့ရတာပေါ့။ ဈေးသိပ်မကြီးဘဲ ပစ္စည်းကောင်းတာထဲကဆို Escort က ထုတ်တဲ့ မာဖလာလေးကို ညွှန်းပေးချင်တယ်။ ဈေးနှုန်းကတော့ ငါးထောင် ခြောက်ထောင်လောက်ပဲ ရှိပါတယ်။

2(၂) မှတ်စုစာအုပ်
မေမေက အိမ်မှာပဲ နေတတ်တဲ့ အိမ်ရှင်မဆိုရင်တောင် အသုံးစာရင်းရေးဖို့၊ ဒိုင်ယာရီရေးဖို့ စာအုပ်လေးတစ်အုပ်လောက်ကတော့ လိုမှာပဲနော်။ အလုပ်လုပ်တဲ့ မေမေတို့ဆို ပိုလို့တောင် လိုဦးမှာ။ အဲ့တော့ မေမေ့အတွက် မှတ်စုစာအုပ်လှလှလေး တစ်အုပ် ဝယ်ပေးတာလည်း မဆိုးဘူးနော်။ မှတ်စုစာအုပ်လှလှလေးတွေ လိုချင်ရင်တော့ လှည်းတန်းက D-Mate မှာ ရှာဝယ်လို့ရပါတယ်။ စာအုပ်လေးတွေ တော်တော်စုံပါတယ်။

3

(၃) ကိုယ်တိုင်စည်းထားတဲ့ ပန်းစည်းလေး
မေမေက အလှအပကြိုက်တတ်သူ၊ ရိုမန့်စ်ဆန်တတ်သူဆိုရင်
ဒီလက်ဆောင်လေးက အသင့်တော်ဆုံးပါပဲ။ ရိုမန့်စ်မကြိုက်တတ်တဲ့ မေမေတွေလည်း
သမီးဖြစ်သူ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ထားတဲ့ ပန်းစည်းကို မကြိုက်ပဲ နေမှာ မဟုတ်ပါဘူး။
စပရိုက်စ်တောင် ဖြစ်သွားကြဦးမှာ။
ပန်းစည်းလုပ်မယ်ဆိုရင် Accesories လေးတွေ ဘယ်မှာ ဝယ်ရမှန်းမသိလို့ မလုပ်ဖြစ်တာ များကြပါတယ်။ အဲ့ပစ္စည်းလေးတွေကိုလည်း D-Mate အပေါ်ထပ်မှာ ဝယ်လို့ရပါတယ်။

4
(၄) ကလစ်လှလှလေးတွေ
ကလစ်လှလှလေးတွေကလည်း ချစ်စရာ လက်ဆောင်လေးတွေပါပဲနော်။
ကိုယ် ရွေးတတ်ရင် ရွေးတတ်သလောက် ကလစ်လှလှလေးတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ ဘယ်မှာ အစုံအလင်ဝယ်လို့ရလဲဆိုတော့ မြေနီကုန်း စမ်းချောင်းဘက်က Spirit မှာပေါ့။

5

(၅) ဟမ်းမ်မိတ် ပစ္စည်းလေးတွေ
ပိုက်ဆံပေးဝယ်ရတဲ့ ပစ္စည်းလေးတွေထက် မေတ္တာစေတနာတွေထည့်ပြီး ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ ဟမ်းမိတ်ပစ္စည်းလေးတွေက ပိုပြီး အမှတ်တရဖြစ်စေမှာပါ။

ကဲဒါဆိုရင် ခုပဲ ချစ်မေမေတွေကို ချစ်လက်ဆောင်လေးတွေ ပေးလိုက်ကြရအောင်။

Jasmine (Forhermyanmar)

Jasmine

I am a girl, who is dynamic and really enthusiastic to share my knowledge, experiences with all the girl. I am really fond of makeups and keep learning how to do perfect makeup.

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.