အင်တာဗျူးအတွက် ဘာတွေကြိုပြင်ဆင်ကြမလဲ

အင်တာဗျူးမဖြေဆိုခင်မှာ ကြိုတင်ပြင်ဆင်မှုအပိုင်းက အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် ပျိုမေတို့အကောင်းဆုံးကြိုတင်ပြင်ဆင်နိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်နော်။
ကြိုတင်ပြင်ဆင်မှုအနေနဲ့ CV ဖောင် အနည်းဆုံး ငါးစုံကူးသွားသင့်ပါတယ်။ ဘယ်သူနဲ့တွေ့ရမလဲဆိုတာ
မသိတဲ့အတွက် CV ဖောင်က လက်ထဲမှာအဆင့်သင့်ရှိထားသင့်ပါတယ်။ Google မှာ အခြေခံအင်တာဗျူးမေးခွန်းတွေကို ရှာလို့ရပါတယ်။ ဒါပေမယ့် အဖြေတစ်ခုလုံး မရေးချပါနဲ့။ အဲ့အစား မှတ်စုထုတ်တာမျိုးလုပ်ပြီး  အလွယ်တကူ ဆောင်ထားသင့်ပါတယ်။

13719668_1072447786157484_4448795922573981212_o

မေးခွန်းတွေကို ဘယ်လိုဖြေမယ်ဆိုတာ စဉ်းစားကြည့်ယုံနဲ့ မပြီးပါဘူး။ မှန်ရှေ့မှာ လေ့ကျင့်တာမျိုး၊ မေးခွန်းဖြေဆိုပုံ လေ့ကျင့်ကြည့်တာမျိုး များများလေ့ကျင့်သင့်ပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်မှုမျိုးဟာ သင့်ရဲ့ အတွေးတွေကို ပိုမိုရှင်းလင်းစေပြီး အင်တာဗျူးဖြေတဲ့အခါမှာ ပိုမှတ်မိစေပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဖြစ်ဖြစ် အင်တာဗျူးလေ့ကျင့်တာမျိုးတွေ လုပ်ကြည့်သင့်ပါတယ်။
“များများလေ့ကျင့်လေ အင်တာဗျူးမှာ  ပိုကောင်းကောင်းဖြေဆိုနိုင်လေ” ဖြစ်ပါလိမ့်မယ်။

 

13667726_1072447819490814_4264571589261634174_o

အင်တာဗျူးသွားမဖြေခင် သင်လျှောက်ထားတဲ့ ကုမ္ပဏီနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အင်တာနက်မှတဆင့်
ကြိုတင်ရှာဖွေလေ့လာသင့်ပါတယ်။ ဒါမှသာ သင်သိလိုတာကိုလည်း ပြန်လည်မေးခွန်းထုတ်နိုင်မှာဖြစ်ပါတယ်။
မဟုတ်ရင်တော့ အင်တာဗျူးက တစ်ဖက်တည်းက မေးနေသလိုဖြစ်နေပါလိမ့်မယ်။ အင်တာဗျူးမေးသူက မေးခွန်းမေးတာကို တစ်ဖက်ကဖြေမယ်။ အဲ့ထက်ပိုပြီး မရှိနိုင်တော့ပါဘူး။ အင်တာဗျူးမှာ သင့်ရဲ့ ကြိုတင်ပြင်ဆင်လာမှုတွေ၊ သင့်ရဲ့စွမ်းရည်တွေ၊
သင့်အသက်မွေးဝမ်းကြောင်းနဲ့ ပက်သက်တဲ့ ယုံကြည်ချက်တွေကို ပြသဖို့လည်း မမေ့ပါနဲ့။

13668917_1072447896157473_3155509882492653118_oအရည်အချင်းပိုင်းကိုသာမကပဲ အဆင်းပိုင်းကိုလည်း သေချာပြင်ဆင်သွားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြင်ဆင်သွားခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှုပိုရှိစေပါတယ်။ တစ်ကိုယ်ရေတစ်ကာယ သန့်ရှင်းရေးမျိုးကို
သေချာဂရုစိုက်သင့်ပါတယ်။
သင့်အိတ်ကို သန့်ရှင်းသပ်ရပ်ပါစေ သကြားလုံးအခွံတွေ၊ ဖုန်းအားသွင်းကြိုးတွေ၊ ဘောင်ချာဖြတ်ပိုင်းတွေနဲ့ မရှုပ်ပွစေပါနဲ့။
အိတ်ထဲမှာ သင်လိုအပ်တဲ့ပစ္စည်းတွေကို သေသေသပ်သပ်နဲ့  စုစုစည်းစည်းထားသင့်ပါတယ်။

ဖိနပ်တွေကိုလည်း မညစ်ပတ်ပါစေနဲ့၊ လက်သည်းတွေကိုလည်း သန့်ရှင်းပါစေ၊ လက်သည်းရှည်ထားတတ်တဲ့ မိန်းကလေးတွေအနေနဲ့
လက်သည်းကြားမှာ ချေးမတင်အောင် အထူးဂရုစိုက်ပါ။

ဈေးကြီးကြီး အဝတ်အစားတွေရယ်မှ မဟုတ်ပါဘူး။ ဆံပင်ကပိုကရိုဖြစ်နေတာမျိုး၊ အသုံးအဆောင်ပစ္စည်းတွေကို အလွန်အကျွံ ဝတ်ဆင်တာမျိုး၊ မိတ်ကပ်အရမ်းလိမ်းတာမျိုးတွေကို ဆင်ခြင်သင့်ပါတယ်။ ဝတ်စုံကဈေးကြီးတာမျိုးထက် အစွန်းအထင်းကင်းစင်၊
သေသေသပ်သပ်စမတ်ကျတာမျိုး ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ထို့အပြင် ရေမွှေးဆွတ်မယ်ဆိုရင်လည်း အနံ့သင်းသင်းလေးမျိုးကိုသာ ရွေးချယ်ဆွတ်သင့်ပါတယ်။ အနံ့အရမ်းစူးတဲ့ ရေမွှေးမျိုးကို
ရှောင်ကြဉ်သင့်ပါတယ်။
နောက်တစ်ချက်က မိန်းကလေးတွေအနေနဲ့ စကတ်အရမ်းတိုတာမျိုး၊ လည်ပင်းအရမ်းဟိုက်တာမျိုး ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

13680038_1072448002824129_3575647261163952785_o

အခြား သတိပြုရမည့် အချက်များ ချိန်းထားတဲ့အချိန်ထက် ငါးမိနစ်စောပြီး ရုံးခန်းထဲမှာ ရောက်နေပါစေ။
အရမ်းအစောကြီးတော့ မရောက်ပါစေနဲ့။  ဘာလို့လဲဆိုတော့ ကုမ္ပဏီတိုင်းလိုလိုမှာ ဧည့်ခန်းကျယ်ကျယ် မရှိတတ်ပါဘူး။
ချိန်းထားတာထက် အရမ်းစောရောက်မယ်ဆိုရင် အင်တာဗျူးမယ့်သူကို စီစဉ်ထားတာထက်စောပြီး အင်တာဗျူးစခိုင်းသလို အဓိပ္ပာယ်သက်ရောက်ပါတယ်။

ချိန်းထားတာထက် အရမ်းစောစော ရောက်နေမယ်ဆိုရင်တော့ အဆောက်အအုံအပြင်ဘက်မှာ အချိန်နည်းနည်းဖြုန်းပါ  (သို့) သန့်စင်ခန်းကြိုသွားတာဖြစ်ဖြစ် အချိန်ဖြုန်းနေပါ။

ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့အတွက် အချိန်ရမှာပါ။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အင်တာဗျူးအခန်းထဲကို အအေးဘူးတို့၊ ကော်ဖီဘူးတို့ မယူသွားမိပါစေနဲ့။ အိတ်ထဲမှာ ရေဘူးသေးသေးလေးကို သေသေသပ်သပ်လေး
ထည့်ဆောင်ထားတာက ပြဿနာမရှိပါဘူး။

ဘောပင်၊ မှတ်စုစာအုပ်၊ ကိုယ်ရေးအချက်အလက်၊ အင်တာဗျူးမေးတဲ့သူကိုမေးမယ့် မေးခွန်းတွေကို ယူဆောင်သွားပါ။

အားလုံးပဲ အင်တာဗျုးအောင်မြင်စွာဖြေဆိုနိုင်ကြပါစေနော်။ ကိုယ်သိပြီးသွားတဲ့အခါ သူငယ်ချင်းတွေကို
မျှဝေပေးဖို့ မမေ့နဲ့ဦးနော်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.