“ကျွန်မ မေမေ့ကို မုန်းတယ်”

ဘာလို့လဲဆိုတော့ ကျွန်မဘဝမှာ အရမ်းဝင်စွက်ဖက်လို့။ ကျွန်မ ရုံးသွားခါနီးဆို မေမေက အမြဲ ထမင်းချိုင့်  အသင့်ပြင်ဆင်ထားပေးတယ်။ ကျွန်မကြိုက်တတ်တဲ့ဟင်းတွေအပြည့်ဆိုတာ ချိုင့် ဖွင့်မကြည့်လည်း ကျွန်မသိတယ်။
အပြင်ထမင်းဟင်းဆို ချေးများတတ်တဲ့ကျွန်မအတွက် မေမေ့ထမင်းဟင်းတွေက ဘာနဲ့မှ မလဲနိုင်တဲ့
တန်ဖိုးရှိတဲ့အရာတွေပါ။

အလုပ်ြပန်ချိန် အမြဲလိုလို နောက်ကျတတ်တဲ့ ကျွန်မအတွက် ထမင်းပူပူလေးစားရအောင်  မေမေက အမြဲအဆင်သင့်လုပ်ထားပေးတယ်။အမြဲရုံးအလုပ်တွေပိနေတဲ့ ကျွန်မ အဝတ်အစားတွေကိုလည်း ယူယူလျှော်သေးတယ်။

ရုံးအမြဲနောက်ကျတတ်တဲ့ ကျွန်မ အိပ်ရာမသိမ်းနိုင်ဘဲ ရုံးကို မြန်မြန်သုတ်ချေတင်ရတဲ့နေ့တွေဆိုလည်း ကျွန်မအိပ်ရာကို သူသိမ်းပေးသေးတယ်။ အိမ်ပြန်ရောက်ရင် ဆူတာကလွဲလို့ပေါ့။

ကျွန်မ အနာဂါတ်ခင်ပွန်းလောင်းလို့သဘောပိုက်ပြီး တွဲခဲ့တဲ့ သူငယ်ချင်းချစ်သူတစ်ယောက်ရှိတယ်။ အဲ့တုန်းက မေမေ သဘောမတူခဲ့ဘူး။ မေမေ့ကြောင့် သူနဲ့ အဆက်ဖြတ်ခဲ့ရတယ်။ အဲ့တုန်းကတော့ မေမေ့ကို အကြီးအကျယ်မုန်းခဲ့ စကားနာတွေထိုးခဲ့တာပေါ့လေ။

ဒါပေမယ့် အခုချိန်မှာ အဲ့တစ်ယောက်ရဲ့ နှလုံးခုန်သံတွေက တခြားတစ်ယောက်အတွက်ဖြစ်သွားပြီဆိုတာသိလိုက်ရချိန် အရွယ်ရောက်လာတာနဲ့အမျှ သူနဲ့ကိုယ်ဟာ တကယ်တမ်း နီးစပ်ဖို့ မလွယ်ခဲ့မှန်းနားလည်သဘောပေါက်လာချိန်မှာ
မေမေ့ကို အရမ်းကျေးဇူးတင်မိတယ်။

မေမေ သမီးဘဝကို ဝင်စွက်ဖက်ပေးတာ ကျေးဇူးအရမ်းတင်မိပါတယ်မေမေ။

#Forhermyanmar #Mom

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.