ကိုယ်ဟာ ကံအကောင်းဆုံးလူသား

 လူ့ဘဝဟာ ပျော်စရာကောင်းပါတယ်။ ငါ့နားမှ ဘယ်သူမှမရှိပါလားလို့ တွေးမိတဲ့အခါမျိုးမှာ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်ဟာ ကံကောင်းတဲ့လူသား တစ်ယောက်ဖြစ်လား ဆိုတာ စစ်ဆေးကြည့်ရအောင်။

လူဖြစ်ရတာ ပင်ပန်းတယ်လို့မခံယူထားပါနဲ့။ သင်မျှော်လင့်တာ နည်းလေလေ သင့်အတွက် ပျော်စရာကောင်းလေလေပါပဲ။  လောကကြီးကို အရမ်းဂရုမစိုက်ဘဲ ကိုယ်ဖြစ်ချင်တာလေးတွေ ဦးစားပေးပါ။  ပျော်ဖို့ကောင်းတာ သင်တွေ့လာလိမ့်မယ်။ တစ်ယောက်တည်းများ အထီးကျန်နေတာလား။
အကောင်းဖက်ကနေ လှည့်တွေးကြည့်ရအောင်။

အားငယ်တဲ့စိတ်လေးကို ဖုံးကွယ်ထားပြီး ဟန်မပျက်နေတတ်လာရင်

ကျလာမယ့်မျက်ရည်တွေကြောင့် မျက်နှာကိုမော့ပြီး ပြုံးတတ်လာရင်

နောက်ကျောကို ဓားနဲ့ထိုးကြလွန်းလို့ ခံနိုင်ရည်ရှိလာရင်

ဒုက္ခရောက်တိုင်း ကူညီမယ့်သူ မရှိလို့ ကိုယ့်အား ကိုယ်ကိုးတတ်လာရင်

ငိုချင်စရာတွေကြုံရတိုင်း ကိုယ့်နားက ခေါင်းအုံးလေးကို ပြေးဖက်မိရင်မျက်နှာသစ်သလိုလိုနဲ့ မျက်ရည်တွေပါ ရောပြီးသုတ်ပစ်တတ်လာရင်

အခက်အခဲတိုင်းကို ရင်ဆိုင်ရင်း ကျင့်သားရလာခဲ့ရင်

ငါတစ်ယောက်တည်းလည်း လုပ်နိုင်တယ် ဆိုတဲ့ စိတ်ဓာတ်လေးရလာရင်

လူတွေနဲ့ပြင်ပမှာ အေးချမ်းမှုကို ရှာတွေ့နိုင်ရင်

သင်ယူစရာတွေပြည့်နေတဲ့ လောကကြီးထဲမှာ ကျင်လည်နေရတာ ပျော်နေရင်

ဘယ်သူ့မှ ဂရုမစိုက်ဘဲ ကိုယ့်လမ်းကိုယ် လျှောက်နိုင်ရင်

အနားမှာ မရှိသင့်တဲ့သူတွေက သူတို့ဘာသာ မြန်မြန်ဆန်ဆန်ထွက်ခွာသွားရင်

အထီးကျန်နေတာကို ဒုက္ခပေးမယ့်သူ မရှိဘူးလို့ ကျေနပ်နေမိရင်

ကိုယ့်ဘဝကို စေလိုရာစေ ပဲ့ကိုင်နိုင်ရင်

လူတွေဟာ ကိုယ့်ဘဝအတွက် သင်ယူစရာတွေလို့ မြင်တတ်လာရင်

ဘယ်လိုအခြေအနေရောက်ရောက် အပြုံးလေးတစ်ခု တပ်ဆင်တတ်လာရင်

မနှစ်မျို့စရာကြုံလာရင်တောင် မျက်နှာချင်းဆိုင် ဖြေရှင်းတတ်လာရင်
သင်ဟာကံအကောင်းဆုံး လူသားပါ။

ဂုဏ်ယူလိုက်ပါ။ သင်ရင့်ကျက်သွားပါပြီ။
လောကကြီးအလယ်မှာ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ရဲရဲဝံ့ဝံ့ လျှောက်ရဲတဲ့အထဲမှာ သင်ပါသွားပါပြီ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.