ကြက်သွန်နီ ကျွန်တော်

တစ်ခါက တစ်ဦးကို တစ်ဦးအရမ်းချစ်ကြတဲ့ ကြက်သွန်နီနဲ့ အားလူး လင်မယားနှစ်ယောက်ရှိကြသတဲ့။ တစ်ဦးကိုတစ်ဦးနားလည်ပေးပြီး ဖေးမကူညီတတ်တာကြောင့် “ဟင်းရွက်ပေါင်းစုံ” ရွာကလေးရဲ့ စံပြစုံတွဲလေးပေါ့။

ဒါပေမယ့် ကံကြမ္မာဆိုးရဲ့ လုပ်ရပ်ကြောင့် အာလူးလုံးလေး တစ်ယောက် အပြင်းဖျားရှာတယ်။ ငွေကြေးအခက်အခဲကြားထဲက ကုပေမယ့်လည်း အာလူးလုံးလေး ခမျာ မသက်သာပဲ ခြောက်သွေ့ပိန်လှီလာတယ်။ ဒါပေမယ့် အိမ်နီးချင်း ကန်စွန်းဥ ရဲ့ပြောပြချက်အရ ရွာထိပ်ရှိ လယ်ကွက်က စုန်းမြေကြွက်ကြီးတစ်ကောင်ရဲ့ ပြုစားချက်ဖြစ်မယ်လို့ဆိုတယ်။ စုန်းကြွက်ကြီးက အရမ်းချစ်တဲ့သည်စုံတွဲကို မနာလိုတာကြာပြီမဟုတ်လား။ အဲ့ဒါနဲ့ပဲ ကြက်သွန်နီကြီး ဒုန်းစိုင်းပြေးရှာတော့တယ်။

ဟိုရောက်တော့မြေကြွက်ကြီးကိုတောင်းပန်ပေမယ့် မြေကြွက်ကြီး ရိသဲ့သဲ့ လေသံနဲ့

-မင်း ပြောတော့ ” တို့နှစ်ယောက်ကို ဘယ်သူမှခွဲလို့မရဘူးဆို ”။ဟားဟားဟား။တွေ့ပြီမို့လား ငါ့အစွမ်း။ -လူနှစ်ယောက် ချစ်မိပြီဆို ဝိညာဉ်ပါပေါင်းစပ်သွားတယ်။ ခင်ဗျားလိုကောင်ကိုရှင်းပြရတာ ကြွက်ပလာတာကြွေးသလိုပဲ။ ခင်ဗျား သတ္တိရှိရင်ဖြေဆေးပြောပြ။ မပြောပြရင် ကျွန်တော်ပညာပြတာနဲ့တင် ခင်ဗျားငိုသွားမယ်။

-ဘာ…မင်းလိုကြက်သွန်ကောင်ကများ။ ကဲ..မင်းကို ငါစိန်ခေါ်တယ်။ငါ့ကို ငိုအောင်လုပ်နိုင်ရင် မင်းကို ဖြေဆေးပေးမယ်။ဟုတ်ပြီလား။ဟားဟား

-ခင်ဗျားကို ဘယ်လိုယုံရမတုန်း။

-ဟာ၊ဟေ့ကောင် ငါတို့ကြွက်စုန်းတွေက ကတိပျက်လို့မရဘူး။ပါဝါလျော့တယ်။ -ကောင်းပြီလေ၊ ဒါဆို စရအောင်။ -စိန်လိုက်လေ။

ကြက်သွန်နီကြီး ပထမဦးစွာ ကမ္ဘာပေါ်ရှိ အရယ်ရဆုံး ဟာသများကိုပြောရှာသည်။ ကြွက်စုန်းက မရယ်သည့်အပြင် တုပ်တုပ်မျှမလှုပ်ချေ။ ထို့နောက် ရိုမီယိုနှင့် ဂျူးလီးယက် ဇာတ်လမ်းကို ဟန်ပါပါ ဒရာမာခင်းကာပြောလေသော်လည်း ဝမ်းမနည်းသည့်အပြင် ဆေးလိပ်ပါဖွာနေသေးသည်။ ထိုအခါ ကြက်သွန်နီကြီးသည် စိတ်ကူးပေါက်၍ ကြွက်ကြီးဆီပြေးကာခြေထောက်ပေါ်သို့ မတော်တဆဟန်ဖြင့် တက်နင်းလိုက်သော်လည်း အကြောသေနေသည့်နှယ် မဖြုံ။ကြက်သွန်နီကြီး အကြံအိုက်စပြုချေပြီ။ သို့ပေမယ့် နောက်ဆုံးဖျတ်ခနဲ ပေါ်လာသောအကြံကြောင့် သူရီရမလို ငိုရမလိုဖြစ်သွားသည်။ သို့ရာတွင် အာလူးလုံးကလေးရဲ့ အသက်ဖြစ်သည့်အတွက် ထိုသို့ပင် လုပ်ရန် စိတ်ပိုင်းဖြတ်လိုက်ကာ အနီးရှိ ဓားတစ်ချောင်းကိုယူကာ သူ့၏အရေခွံကို ဓားဖြင့်မွှန်းလိုက်ပြီး ကြွက်စုန်းကို ခုန်အုပ်လေသည်။ မွှန်းထားသည့်နေရာမှ အရည်မွှားလေးများ ကြွက်စုန်း၏ မျက်လုံးထဲသို့ဝင်ကာ မျက်ရည်များ ဒလဟောကျလာလေးသတည်း။

ကြက်သွန်လေးခမျာ အရည်ခွံများစုတ်ပဲ့ကာ နာကျင်နေသော်လည်း အာလူးလုံးလေးရဲ့ အသက်အတွက်သာ အလျင်လိုနေရှာတယ်။

-ခင်ဗျားကို ငိုအောင်လုပ်ပြီးပြီ။ ဘယ်မှာလဲ ဖြေဆေး။

-ရော့ ဒီမယ်။ ငါ့နှပ်ရည်က ဖြေဆေး။ တစ်နေ့သုံးကြိမ်တိုက်။ မနက်ဖြန်ဆိုပျောက်ပြီ။ -အသက်တော့မဟုတ်ပါဘူးနော်။

-ဟာ..ဟော့ကောင်။ ငါပြောတာ ယုံစမ်း။ မသာကြီး ငါ့ကိုလည်းဖြေဆေးပေးဦး။ မျက်စိစပ်တာ မခံနိုင်ဘူး။ -ခဏတော့ခံပေတော့။ သူများကိုနာအောင်လုပ်ထားတာနဲ့ ထပ်တူညီတဲ့ ပြစ်ဒဏ်လို့သာမှတ်ထား။ ကဲ..ငါပြန်ပြီ။

အခုဆို အာလူးလေးလည်းနေကောင်းသွားပြီ။ ကြက်သွန်လေးလည်း အနာကျက်သွားပါပြီ။ အရာရာတိုင်း ပြောင်းလဲသွားပေမယ့် သူတို့ရဲ့ ချစ်ခြင်းက အမြဲလိုပါပဲ။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.