နေလောင်ဒဏ်ကို ကုသမယ့် အိမ်တွင်းကုထုံး

နေလောင်ဒဏ်ကို ကုသမယ့် အိမ်တွင်းကုထုံး နောက်ဆက်တွဲကို တင်ပေးလိုက်ပါပြီနော်။
နည်းလမ်းတွေက များတဲ့အတွက် နှစ်ခုစီခွဲပြီး တင်ပေးသွားပါ့မယ်။
ကြိုက်တယ်ဆိုရင် Like and share ပေးပါဦးနော်။

12512661_994497133952550_7827115009697216654_n

ရှားစောင်းလက်ပတ်ဂျယ်လ်
နေလောင်တဲ့အခါမှာ ရှားစောင်းလက်ပက်ဂျယ်ကို လူတော်တော်များများ အသုံးပြုကြပါတယ်။ အေးမြတဲ့ဓာတ် ရှိပြီး စပ်ဖျဉ်းဖျဉ်းဖြစ်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

ဘာလိုမလဲဆိုတော့ – ရှားစောင်းလက်ပတ်၊ ဓားတစ်ချောင်းနှင့် ဇွန်းတစ်ချောင်းပါ။

အသုံးပြုနည်း –
ပထမဆုံး ရှားစောင်းလက်ပတ် အစွန်းလေးတွေကို ဓားနဲ့ ဖြတ်ပါ။ အဲ့နောက် ရှားစောင်းလက်ပက်ကို အလယ်ကနေ ဖြတ်ပြီး ဇွန်းနဲ့ ဂျယ်လ်တွေကို ခြစ်ယူပါ။ ရလာတဲ့ ဂျယ်လ်တွေကို နေလောင်ဒဏ်ရာပေါ်မှာ လိမ်းပေးပါ။ ဂျယ်တွေအရေပြားထဲ
စိမ့်ဝင်သွားတဲ့ထိ မိနစ်အနည်းငယ်လောက် ထားပါ။ ဂျယ်လ်
လုံးဝခြောက်သွားပြီဆိုရင်တော့ စေးကပ်ကပ်ဖြစ်လာတယ်လို့
စတင်ခံစားရလာပါလိမ့်မယ်။
အဲ့နောက်မှာတော့ ရေအေးနဲ့ ဆေးချလိုက်ပါ။

535116_994497227285874_4166357274547349119_n

ဒိန်ချဉ်ရိုးရိုး
ဒိန်ချဉ်ရိုးရိုးဟာ နီမြန်းခြင်းနဲ့ နေလောင်မှုကို ကုသရာမှာ
အလွန်မြန်ပါတယ်။

ဘာလိုမလဲဆိုတော့- ဒိန်ချဉ်ပါ (ကိုယ့်နေလောင်ဒဏ် အရွယ်အစားပေါ် မူတည်ပြီး ဒိန်ချဉ်ကို သုံးပါ)

အသုံးပြုနည်း-
ပထမဆုံး လက်တွေကို ဆေးကြောပါ၊ ထို့နောက် ဒိန်ချဉ်ကို
သင့်နေလောင်ဒဏ်ရာပေါ်မှာ လိမ်းပြီး အနည်းဆုံး
ငါးမိနစ်လောက် ထားပေးပါ။ နာကျင်မှု သက်သာသွားတဲ့အခါမှာ
ကြက်သီးနွေးရေလေးနဲ့ ဆေးကြောပေးပါ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.