(၃)မိနစ်အတွင်း ဖန်တီးနိုင်မယ့် ခွက်လှလှလေး

လက်ဆောင်ပေးမယ်ဆိုတိုင်း ခေါင်းစားနေရပါသလား???

ခုလို ခရစ္စမတ်လည်းနီး ခရစ္စမတ်ပြီးရင် တခြားနှစ်သစ်ကူး၊ချစ်သူများနေ့ စသဖြင့်အမှတ်တရနေ့တွေများတဲ့ကာလမှာ ဘာလေက်ဆောင်ပေးရမလဲခေါင်းစားရပါတယ်။အဲဒီအတွက် ပျိုမေတို့ကို ဒီအိုင်ဒီယာလေး ဝေမျှလိုက်ပါတယ်။

ဒီခွက်လေးတွေ လုပ်တဲ့နည်းလမ်းလေးက အရမ်းကိုရိုးရှင်းသလို လိုအပ်တဲ့ပစ္စည်းတွေကလည်း အလွယ်တကူ ဝယ်ယူလို့ရပါတယ်။(ခွက်မှမဟုတ်ပါဘူး…တခြားပန်းကန်ပြားတို့ ဘာတို့လည်းရပါတယ်။) အချိန်ကလည်း (၃)မိနစ်ပဲဆိုတော့ မမိုက်ဘူးလား။😉

လိုအပ်သည့်ပစ္စည်းများ

(၁)ခွက်အဖြူ(သို့) မိမိဖန်တီးလိုသည့်ပစ္စည်း (ပန်းကန်၊ပန်းအိုးစသဖြင့်)

(၂)ရေဇလုံ

(၃)ရေနွေး

(၄)လက်သည်းနီ(ကြိုက်နှစ်သက်သည့်အရောင်)

ပြုလုပ်နည်း

အဆင့်(၁) ရေဇလုံထဲ ရေနွေး(အရမ်းမပူပါစေနှင့်) ထည့်လိုက်ပါ။

အဆင့်(၂)ရေနွေးဇလုံထဲလက်သည်းနီထည့်ပါ။

အဆင့်(၃)အဲဒီဇလုံထဲကို  မိမိဖန်တီးလိုတဲ့ ခွက်(သို့) ပန်းကန်ပြားထည့်လိုက်ပါ။ ၃စက္ကန့်၎စက္ကန့်လောက်ထားပေးပါ။

အဆင့်(၄)လှပတဲ့ဒီဇိုင်းနဲ့ ခွက်လေးတွေ ပန်းကန်ပြားလေးတွေရလာပါလိမ့်မယ်။(၂)မိနစ်လောက် အခြောက်ခံပြီးနောက် လက်ဆောက်ပေးဖို့ ထုတ်ပိုးလို့ရပါပြီ။

မလွယ်လွန်းဘူးလား…။ခရစ္စမတ်မဟုတ်လဲ တခြားအမှတ်တရနေ့တွေမှာလည်း ဖန်တီးပြီး ပေးနိုင်တယ်နော်။အောက်မှာ ဗီဒီယိုလေးပြထားပါတယ်။

 

 

 

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.