ခြေထောက်လှလှလေးတွေ ပိုင်ဆိုင်ရစေဖို့

ပျိုမေတို့အလှပြည့်စုံစေဖို့ ခြေချောင်းလေးတွေကို ဘယ်လိုမျိုး လှလှပပ ထိန်းသိမ်းရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

မိတ်ကပ်တွေ ဘယ်လောက်ပဲ လှအောင်ပြင်ပြင် အဝတ်အစား ဘယ်လောက်ပဲ ကျော့မော့အောင်ဝတ်ဝတ် ခြေချောင်းလေးတွေက ညစ်ပတ်နေမယ် မလှမပဖြစ်နေမယ်ဆိုရင် ပြီးပြည့်စုံတဲ့အလှဖြစ်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပျိုမေတို့အလှပြည့်စုံစေဖို့ ခြေချောင်းလေးတွေကို ဘယ်လိုမျိုး လှလှပပ ထိန်းသိမ်းရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ခြေထောက်စိမ်တာမျိုးကို ပုံမှန်လေး လုပ်ပေးပါ။
ပုံမှန်စိမ်ပေးခြင်းဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ခြေချောင်းလေးတွေကိုလည်း အစိုဓာတ်ရစေပါတယ်။
ဘယ်လို စိမ်ကြမလဲဆိုတော့ –
ရိုးရိုးရေထဲမှာ စိမ်လဲ ရသလို ဆားကြမ်း၊ ပန်းခြောက်လေးတွေ၊ အုတ်ဂျုံမှုန့်နဲ့ ရနံ့အဆီတွေကို ထည့်ပြီးတော့လည်း ဆယ်မိနစ်ခန့်လောက် စိမ်လို့လည်းရပါတယ်။ ရေကိုတော့ ကြက်သီးနွေးရေလေး သုံးပေးတာအကောင်းဆုံးပါပဲ။ (မပူမအေးကိုဆိုလိုတာပါ)
အလွယ်ဆုံးနဲ့အကောင်းဆုံးကတော့ ဂလစ်စရင်း (ခံတွင်းဆေးရည်) ကို ရေနွေးလေးနဲ့ရောပြီး ၁၅မိနစ် မိနစ်၂၀လောက် ခြေစိမ်ပေးတာပါပဲ။ ပြီးရင်တော့ Moisturizer တစ်ခုခုလိမ်းပေးပါ။

(၂) ဖိနပ်လေးတွေကို သေချာရွေးဝယ်ပါ။
အရမ်းကျပ်တဲ့ဖိနပ်တွေဟာ အသားမာတက်စေတဲ့အပြင် ခြေထောက်ကိုလည်း နာကျင်စေပါတယ်။ ဒါကြောင့် ဖိနပ်ဝယ်တဲ့အခါမှာ သေချာရွေးဝယ်ပါ။ ဒီမှာ သတိပေးချင်တာတစ်ခုက လူအများစုရဲ့ ခြေထောက်တွေမှာ တစ်ဖက်က နောက်တစ်ဖက်ထက် ပိုကြီးတတ်ပါတယ်။ ဒါကြောင့် ပိုကြီးတဲ့ ဖိနပ်ဆိုက်ဒ်ကို ရွေးဝယ်ပါ။ ဒါ့အပြင် ဖိနပ်မဝယ်ခင် ဖိနပ်ကိုအစမ်းစီးကြည့်ပြီး တစ်ပါတ်လောက် လျှောက်ကြည့်ကြည့်ပါ။

(၃) Moisturizer သုံးပေးပါ။
Moistuizer သို့ လိုးရှင်းလေးကို ပုံမှန်လေးလိမ်းပေးခြင်းဟာ ခြေထောက်လေးတွေကို ပိုမိုလှပစေပါတယ်။

(၄) ခြေသည်းတွေကို သေချာညှပ်ပါ။
ခြေဆွယ်ငုတ်တယ်ဆိုတာ ခြေသည်းတွေကို သေချာမညှပ်လို့ပါ။ ဒါကြောင့် ခြေသည်းတွေကို သေချာလေးညှပ်ပြီး ပုံသွင်းပါ။ မညှပ်တတ်ဘူးဆိုလည်း အလှပြင်ဆိုင်တွေမှာ ခြေသည်းလေးတွေကို ပုံသွင်းပေးလို့ရပါတယ်။

(၅) ခြေသည်းတွေပေါ်က ခြေသည်းနီဆိုးဆေးတွေကို သေချာပြောင်အောင်ဖျက်ပါ။

ဖျက်လို့ပြီးပြီဆိုရင်တော့ သံပုရာသီးလေးနဲ့ ပွတ်ပေးပါ။ ခြေထောက်လေးတွေ ကြည်လင်ပြီး လှပနေပါလိမ့်မယ်။

ဒီနည်းလေးတွေနဲ့ ပျိုမေတို့အလှ ပိုမိုပြည့်စုံပါစေနော်။

Jasmine (Forhermyanmar)

2 Comments

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.