ဝိတ်မတက်ဘဲ ရင်သားကြီးထွားစေမည့် နည်းလမ်းများ

ရင်သားကြီးဖို့ကြိုးစားရင်း ဝိတ်တက်လာပါသလား????

ရင်သားကြီးထွားဖို့ကြိုးစားရင်း ပြဿနာတစ်ခု ကြုံလေ့ကြုံထရှိတာက ကိုယ်အလေးချိန်ပါတက်လာတာပါပဲ။နောက်…..ကိုယ်အလေးချိန်ကို လျှော့ချရင် ရင်သားပါ ပုံပျက်သွားနိုင်မလားစိုးရိမ်ကြရပါတယ်။ ရင်သားက ဘယ်လောက်ပဲ အဆီနဲ့ဖွဲ့စည်းထားတယ်ဆိုပါစေ၊သူ့ဘေးတစ်ဝိုက် ကြွက်သားတွေရဲ့ အကူအညီနဲ့ဆို ကျစ်လျစ်နေမှာ အသေအချာပါ။

အရေးကြီးဆုံးကတော့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ပါ။တစ်ခုကိုလိုချင်ရင်တော့ တစ်ခုပေးဆပ်ရမှာပေါ့နော်။ကိုယ်က ပြစ်မျိုးမှည့်မထင်အလှပိုင်ဆိုင်ချင်ရင် အစားအသောက်အနေအထိုင်ကိုလည်း သတိထားပြုမူလှုပ်ရှားပေးရပါမယ်။ပထမဆုံးအစားအသောက်ပိုင်းပေါ့နော်။

img_1317
(၁) အစားအသောက်
အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေလောက် ရင်သားကြီးထွားစေတဲ့နေရာမှာ အထောက်အကူ ပြုတာ မရှိပါဘူး။အထူးသဖြင့် ပန်းသီး၊ချယ်ရီသီး၊ဆီးသီး၊စပျစ်သီး၊စတော်ဘယ်ရီသီး၊ဖရဲသီး၊မုန်လာဥနီ နဲ့သခွားသီး…ဒါတွေက ရင်သားကြီးထွားစေတဲ့ နံမည်ကြီးအသီးအနှံ ဟင်းသီးဟင်းရွက်တွေပါ။တစ်ခုသတိထားရမှာက ကော်ဖီလျှော့သောက်ဖို့ပါ။ ကော်ဖီက ရင်သားကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ကော်ဖီကို အရှင်းမသောက်တာတော့ ပိုကောင်းပါတယ်။

img_1316
(၂)ရွေးချယ်မှု

ရွေးချယ်မှုဆိုတာတော့ အခြားမဟုတ်ပါဘူး။ဘော်လီတို့ ဘရာစီယာတို့ကို ပြောတာပါ။ 😁ကိုယ်နဲ့အသင့်တော်ဆုံးအရာကိုပဲ ရွေးချယ်သင့်ပါတယ်။ ကိုယ်က ရင်သားကြီးထွားဖို့ကြိုးစားနေချိန်မှာ ပွနေတာတွေ တင်းကြပ်နေတာတွေ မဝတ်သင့်ပါဘူး။ ရင်သားပုံပျက်စေပါတယ်။

img_1319
(၃)နှိပ်နယ်ပေးပါ။
ရင်သားကို နှိက်နယ်ပေးခြင်းဟာလည်း ရင်သားကြီးထွားဖို့ ငွေကုန်ကြေးကျသက်သာတဲ့နည်းလမ်းပါ။ စက်ဝိုင်းပုံစံ၊ ဘယ်ညာ အထက်အောက် လက်ဖဝါးနဲ့ တစ်နေ့ကို အကြိမ် (၂၀)လောက် နှိပ်နယ်ပေးပါ။

img_1321
(၄)လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
ပင့်တင် ၊ဆွဲမ၊နံရံတွန်းစတဲ့ လေ့ကျင့်ခန်းတွေဟာ ရင်သားကြီးထွားစေတဲ့လေ့ကျင့်ခန်းတွေပါ။ရင်သားကြွက်သားတစ်ဝိုက်ကိုလည်း တင်းရင်းကျစ်လျစ်စေပါတယ်။

ပျိုမေတို့ရေ နည်းလမ်းတွေတော့သိပြီ။ဒီနည်းလမ်းတွေ အသုံးပြုပြီး အကိတ်ကမ္ဘာသို့ ချီတက်ကြပါစို့လားကွယ်။😉

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.