လျှပ်တစ်ပြက် အိပ်ပျော်စေနည်းများ

ကမ္ဘာပေါ်ရှိ လူအချို့ဟာ တစ်ညတာလုံး မအိပ်ပဲ ဖြတ်သန်းရလို့ စိတ်ညစ်နေရပါတယ်။

အိပ်ရေးပျက်ခြင်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ကြီးမားတဲ့ အနှောင့်အယှက်ဖြစ်စေပါတယ်။တစ်နေ့တာ လန်းဆန်းစေဖို့ လုံလောက်စွာ အိပ်ပေးဖို့ လိုအပ်ပါတယ်။ ၆ နာရီထက်နည်းသော အိပ်ခြင်းက သင့်ကို နှုံးချိထိုင်းမှိုင် လာစေပါတယ်။
အထူးသဖြင့် ၁၁နာရီမထိုးခင် အိပ်ဖို့လိုအပ်ပါတယ်။ အကြောင်းအရင်းကတော့ လူ့ခန္ဓာကိုယ်ရှိ ဟော်မုန်းတွေက အဲ့ဒီ့အချိန်ဝန်းကျင်မှာ သည်းခြေကို သန့်စင်ပေးလို့ရပါတယ်။ အဲ့ဒီ့အပြင် တစ်နာရီပိုအိပ်ချိန်တိုးရင် ကိုယ်အလေးချိန်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။
သုတေသနမှတ်တမ်းတွေအရတော့ မိနစ်ပိုင်းအတွင် အိပ်ပျော်စေတဲ့ နည်းလေးတွေရှိပါတယ်။

15390952_385151108485354_4639193486066008556_n

၁။ ၄-၇-၈ နည်းလမ်း
ဒီနည်းလမ်းကို စမ်းသပ်မှုတွေပြုလုပ်ကြရာမှာ အောင်မြင်မှုရှိတယ်လို့ လက်ခံကြသူတွေရှိပါတယ်။
၎- ပထမဦးဆုံး ၄စက္ကန့်ခန့် နှာခေါင်းပေါက်မှတစ်ဆင့် အသက်ရှူရန်။
၇- အသက်လွှတ်မထုတ်ပဲ ၇စက္ကန့်ခန့်ထိန်းထားပါ။
၈- ပါးစပ်မှတစ်ဆင့် ၈စက္ကန့်အတွင်း ပြန်ဖြေလွှတ်ပါ။

ထိုနည်းကို လေးကြိမ်ထပ်မံ ပြုလုပ်လို့ရပါတယ်။
အထက်ပါနည်းအတိုင်းလုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။ထို့အပြင် နှလုံးခုန်နှုန်ကို ပုံမှန်ဖြစ်စေပြီး ပင်မအာရုံကြောအဖွဲ့အစည်းကိုလည်း ပုံမှန်ဖြစ်အောင်ပြုပြင်ပေးပါတယ်။

အကယ်၍ သင်ဟာ ကိစ္စတစ်ခုခုကြောင့် စိုးရိမ်ပူပန်ပြီး အိပ်မပျော်တဲ့ အခါမျိုးမှာ ဒီနည်းကို စမ်းလုပ်ကြည့်လို့ရပါတယ်။

15590825_385151128485352_8243629823122373927_o

၂။အက္ခရာစဉ် ရွတ်နည်း
ဒီနည်းကတော့ စိတ်အာရုံကိုလွှဲပြောင်းစေရုံပါ။ အရမ်းရှုပ်ထွေးတဲ့ ကိစ္စတွေကို ဦးနှောက်မှ ပယ်ဖျက်စေပြီး အာရုံသစ်တစ်ခု အစားထိုးလိုက်သလိုပါပဲ။

မြန်မာအက္ခရာနဲ့ ဆိုရင်တော့ “က” မှ “အ” အထိ အစစကားလုံးအလိုက် စကားလုံးတွေရှာကြည့်ပါ။
ဥပမာ- ကြက်ဖကြီး၊ ခက်ရင်း၊ ဂျင်း၊ ဃ နဲ့စတဲ့ စကားလုံးရှာမတွေ့ ရင် နောက်စကားလုံးကျော်လိုက်ပါ။

အကယ်၍ သင်ဟာ ဘာသာစကား အသစ်တတ်ထားတဲ့ သူဆိုရင်တော့ ထိုဘာသာစကားအလိုက် ဂဏန်းလေးတွေရေတွက်ပါ။
ဥပမာ- un,dos, tres,cuatro, etc…(စပိန်)

အထက်ပါနည်းလမ်း နှစ်ခုဟာ စမ်းသပ်မှုတွေကြားမှာ အတန်အသင့်အောင်မြင်မှုရရှိခဲ့ပါတယ်။ သင်အိပ်မပျော်ရင် စမ်းကြည့်ပါ။ ထူးခြားလာမှာပါ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.