နှုတ်ခမ်းကွဲတာပျောက်ဖို့ ဘယ်လိုလုပ်မလဲ

  ဆောင်းတွင်းဟာအသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေတာကြောင့် နှုတ်ခမ်းကွဲတတ်ပါတယ်။ နှုတ်ခမ်းကွဲတာ သက်သာအောင် အလွယ်ကူဆုံးလုပ်ကြမယ်။

ဆောင်းရာသီဟာ အေးမြခြောက်သွေ့ပါတယ်။ အဲ့ဒီတော့ အရေပြားနဲ့နှုတ်ခမ်းမှာလည်း အစိုဓာတ်မရှိတော့ဘူးပေါ့။
ဒီလိုတွေဖြစ်လာပြီ ဆိုရင် နှုတ်ခမ်းရဲ့ အပေါ်ယံအလွှာဟာ ခြောက်သွေ့ပြီး ကွဲအက်လာပါတယ်။ တစ်ခါတစ်ရံ အလွှာပါးလေးတွေ ကွာတတ်ပေမယ့် တစ်ခါတစ်ရံမှာလည်း သွေးစို့တဲ့အထိ နှုတ်ခမ်းခြောက်တာ ဖြစ်တတ်ပါတယ်။
ဒါတွေကို အလွယ်ဆုံးနည်းနဲ့ ဖြေရှင်းကြမယ်။

ရေ
အကောင်းဆုံးကတော့ ရေများများ သောက်ပေးပါ။ ရေဓာတ်ပြည့်ဝနေရင် နှုတ်ခမ်းသားကို အိစက်စိုစွတ်နေစေပါတယ်။

သံလွင်ဆီ/အုန်းဆီ/baby oil
ဒီအဆီတွေဟာလည်း နှုတ်ခမ်းသားကို နူးညံ့စေပြီး အစိုဓာတ်ဖြည့်ပေးပါတယ်။

ဗေ့ဆလင် (vaseline)
ရေနံဂျယ်လီ (petrolleum jelly) လို့ လူသိများတဲ့ vaseline ဟာ နှုတ်ခမ်းကွဲခြင်းနဲ့ အရေပြားခြောက်သွေ့ခြင်းတို့အတွက် စူပါဟီးရိုးပါပဲ။

ဂလစ်စရင်း (glycerine)
အလှဆီကတော့ လိမ်းပြီးရင် နွေးတေးတေးလေး ရှိပါတယ်။ လျှာနဲ့လျက်ကြည့်ရင်လည်း ချိုပါတယ်။ နှုတ်ခမ်းကွဲနေရင် သူ့ကိုလည်း သတိရပေးပါ။

နှုတ်ခမ်းနီအစို (lip gloss)
နှုတ်ခမ်းနီအစိုကို အရောင်နဲ့ဖြစ်စေ အရောင်မဲ့ဖြစ်စေ ဆိုးပေးနိုင်ပါတယ်။

သကြား
သကြားနည်းနည်းယူပြီး နှုတ်ခမ်းကို ပွတ်တိုက်ပေးပါ။ သကြားများ အရည်ပျော်သည်ထိ ညင်သာစွာ စိမ့်ဝင်အောင် ပွတ်ပေးပါ။ ထို့နောက် ရေဆေးချပေးပါ။ နူးညံ့ချောမွေ့တဲ့ နှုတ်ခမ်းသားလေး ရရှိပါလိမ့်မယ်။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးလေးကို ဓားနဲ့ပါးပါးလှီးပြီး နှုတ်ခမ်းမှာ ပွတ်ပေးပါ။ ခဏကြာလျှင် ရေဆေးပါ။ ဒါဟာလည်း နှုတ်ခမ်းသားကို အစိုဓာတ် ဖြည့်တင်းပေးပါတယ်။

ဒါဆိုရင်တော့ ဆောင်းတွင်းမှာ အလှမပျက်ဘဲ နှင်းဆီရောင်နှုတ်ခမ်းဖူးလေးနဲ့ ပျိုမေတို့ လှနေနိုင်မှာ အသေအချာပါပဲရှင်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.