ခံတွင်းနံ့ကြောင့် စကားမပြောရဲဖြစ်နေလား

 ပါးစပ်လေးတွေနံနေလို့ စကားပြောတဲ့အခါ ကျယ်ကျယ်မပြောရဲတာမျိုး တခြားသူနား စကားကပ်မပြောရဲတာမျိုး၊ ချစ်သူကောင်လေးနား မကပ်ရဲတာမျိုးဖြစ်ဘူးလား။


ပါးစပ်လေးတွေနံနေလို့ စကားပြောတဲ့အခါ ကျယ်ကျယ်မပြောရဲတာမျိုး
တခြားသူနား စကားကပ်မပြောရဲတာမျိုး၊ ချစ်သူကောင်လေးနား မကပ်ရဲတာမျိုးဖြစ်ဘူးလား။
ဒါဆိုရင်တော့ ဒီစာလေးကို ပြီးအောင် ဆက်ဖတ်ကြည့်လိုက်နော်။

ဘာလို့ ခံတွင်းနံ့နံရသလဲ?
အာခေါင်ခြောက်ရင်ပဲဖြစ်ဖြစ်၊ တံတွေးထွက်နည်းရင်ပဲဖြစ်ဖြစ် ခံတွင်းနံဆိုးတွေထွက်စေပါတယ်။ အဲ့လိုအခြေနေမျိုးတွေဟာ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပျော်ပျော်ရွှင်ရွှင်ပေါက်ဖွားဖို့ အကောင်းဆုံးအချိန်မို့ပါပဲ။ ကြက်သွန်နီ ကြက်သွန်ဖြူလိုမျိုး အစားအစာမျိုးတွေ၊ ကော်ဖီနဲ့အအေးတွေဟာလည်း ခံတွင်းနံ့နံစေပါတယ်။ ဒါ့အပြင် ခံတွင်းသန့်ရှင်းမှုမရှိတဲ့အခါမျိုးမှာလည်း
ခံတွင်းနံ့ထွက်တတ်သလို ဖျားတဲ့အခါမှာလည်း ခံတွင်းနံ့နံတတ်ပါတယ်။

ဒီလိုမျိုး ခံတွင်းနံ့နံလာပြီဆိုရင် ဘာတွေလုပ်ရမလဲ။
(၁) ခံတွင်း သန့်ဆေးရည်ကောင်းကောင်း၊ သွားတိုက်ဆေးကောင်းကောင်း အစရှိတဲ့ ခံတွင်းဆိုင်ရာပစ္စည်းတွေကို အရည်သွေးကောင်းတာ အသုံးပြုပေးပါ။
(၂) ခံတွင်းကို ပုံမှန်သန့်စင်ပေးပါ။
တစ်နေ့ကို အနည်းဆုံး သွားနှစ်ကြိမ်တိုက်ပါ။ သွားတိုက်တဲ့အခါမှာ သွားပွတ်တံနုနုလေးတွေနဲ့ ဖလူအိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးကို သုံးပေးနော်။
(၃) အာခေါင်မခြောက်စေဖို့ ပီကေဝါးတာမျိုး၊ ပူရှိန်းငုံဆေးပြားငုံပေးတာမျိုး ပြုလုပ်ပေးပါ။
(၄) ဒါ့အပြင် အမျှင်ဓာတ်များစွာပါဝင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးပါ။
(၅) တစ်ခါတစ်ရံ မုန့်ဖုတ်ဆော်ဒါနဲ့ သွားတိုက်ပေးပါ။
(၆) အလွယ်ဆုံးနည်းလမ်းကတော့ ရေများများသောက်ပေးပါ။
(၇) ဒါ့အပြင် တစ်နှစ်မှာ ၂ကြိမ် သွားဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။
(၈) ယောက်ျားလေးတွေအနေနဲ့ဆို ဆေးလိပ်လည်းဖြတ်သင့်ပါတယ်။
ဒီနည်းလမ်းတွေကို အသုံးချပြီးတော့ လူအများရှေ့မှာ ရဲရဲဝင့်ဝင့်စကားပြောနိုင်ပါစေနော်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.