စိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းကို ဘယ်လိုအားပေးမလဲ

ကိုယ်ချစ်ရတဲ့ သူငယ်ချင်း၊ မိသားစု၊ မိတ်ဆွေတွေထဲမှာ စိတ်ဓာတ်ကျနေတဲ့သူရှိတယ်ဆိုရင် ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ။

စိတ်ဓာတ်ကျဆင်းတယ်ဆိုတာ တစ်ချိန်မဟုတ်တစ်ချိန် တွေ့ကြုံရမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ဓာတ်ကျဆင်းနေတဲ့အချိန်
ဘေးနားမှာ တစ်ယောက်လောက် အားပေးဖော်ရှိတယ်ဆိုရင် အမြန်ဆုံး ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

သူ စိတ်ဓာတ်ကျဆင်းနေချိန်မှာ –

(၁) နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပေးပါ
မိသားစုဝင်တစ်ယောက်ပဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတစ်ယောက်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေတဲ့အခါမှာ သင့်ရဲ့ အားပေးပြောဆိုမှုက အင်မတန်မှကို အရေးကြီးပါတယ်။
သူ့ကို အကြံပေးတာထက်စာရင် သူပြောချင်တာကို သေချာအာရုံတစိုက် နားထောင်ပေးလိုက်ပါ။ သူ့အတွက် သင်ဘာလုပ်ပေးနိုင်လဲဆိုတာ မေးပါ။ ပေါ့ပေါ့ပါးပါးဖြစ်မယ့် စကားမျိုး
ပွင့်ပွင့်လင်းလင်းပြောပါ။ သူ စိတ်ဓာတ်ကျနေတယ်ဆိုတာ သတိထားမိကြောင်း သူသိအောင်ပြောပြပါ။

လမ်းတူတူလျှောက်ပေးပါ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေကို တူတူလုပ်ပါ။ အာဟာရညီညွှတ်မျှတတဲ့ အစားအစာရွေးချယ်စားသုံးဖို့ တိုက်တွန်းပါ။

(၂) နားလည်အောင်ကြိုးစားပါ
စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ဟာ သူစိတ်ဓာတ်အရမ်းကျနေချိန်မှာဆိုရင် သူအချစ်ဆုံးသူတွေကိုတောင်မှ စိမ်းစိမ်းကားကား စကားတွေ ပြောထွက်တတ်လေ့ရှိကြပါတယ်။
အဲ့လိုဖြစ်တဲ့အခါတွေမှာ နားလည်ပေးပါ။ တစ်ဖက်လူရဲ့ စိတ်ဓာတ်ကျမှုကို သင်ပြင်လို့မရပါဘူး။ စိတ်ဓာတ်ကျဆင်းနေတဲ့သူတစ်ယောက်ကို အတင်းအကြပ်ကြီး စိတ်ဓာတ်ပြန်တက်အောင် လုပ်လို့မရနိုင်ပါဘူး။
တကယ် ပြန်ကယ်နိုင်တဲ့သူက သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

(၃) ဘယ်အချိန်ပြောမယ်ဆိုတာ ရွေးချယ်ပါ
အရေးကြီးကိစ္စတစ်ခုခုပြောတော့မယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေမယ့် အချိန်တစ်ခုကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

(၄) သူ့ရဲ့ အခြေနေကို လက်ခံပါ
သူစိတ်ဓာတ်ကျနေတဲ့အဖြစ်မှန်ကို လက်ခံပါ။ ပြီးတော့ မေ့လိုက်ပါ။ သူ့ကိုလည်း စိတ်ဓာတ်ကျနေတယ်ဆိုတဲ့အပေါ်မှာ အာရုံမစိုက်ဖို့ အစရှိသဖြင့်ပြောပါ။

ဒီလိုနည်းလေးတွေနဲ့ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီအားပေးလိုက်ကြရအောင်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.