အောင်မြင်တဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ဖို့

သူစိမ်းယောက်ျားတစ်ယောက်ကို မှီခိုဖို့ထက် ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး ကိုယ်ကိုယ်တိုင်အောင်မြင်အောင် ကြိုးစားလာကြတာ

ဟိုးအရင်ခေတ်က မိန်းကလေးတွေဆိုတာ ဘွဲ့လေးတစ်ခုယူ အချိန်တန်အရွယ်ရောက်ရင် အိမ်ထောင်ပြု သားမွေး နောက်ပိုင်း အိမ်ထောင့် တာဝန်ကျေပွန်အောင်ရွက်ပေး ဒါတွေနဲ့ပဲ အချိန်ကုန်သွားခဲ့ကြတာပါ။
ဒါပေမယ့် ခုခေတ် မိန်းကလေးတွေက ပြောင်းလဲကုန်ပါပြီ။ သူစိမ်းယောက်ျားတစ်ယောက်ကို မှီခိုဖို့ထက် ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး ကိုယ်ကိုယ်တိုင်အောင်မြင်အောင် ကြိုးစားလာကြတာကို တွေ့နေရမှာပါ။ ဟုတ်ပြီ အောင်မြင်တဲ့ မိန်းမငယ်လေးဖြစ်အောင် ဘာတွေ လုပ်ကြမလဲ။

(၁) ရည်မှန်းချက်တွေ ချမှတ်ပါ။
ရေတို ရေလတ် ရေရှည် စီမံကိန်းတွေ ရေးဆွဲပါ။ ဒီလိုရေးခြင်းဟာ အောင်မြင်မှုဘူတာဆီ ခုတ်မောင်းတဲ့နေရာမှာ လမ်းမချော်အောင် ထိန်းပေးမယ့် သံလမ်းတွေပဲဖြစ်ပါတယ်။
စီမံကိန်းတစ်ခုပြီးမြောက်တိုင်း ချရေးပါ။ တစ်နှစ်ကို တစ်ကြိမ် သို့ နှစ်ကြိမ်လောက် ရည်မှန်းချက်တွေကို ပြန်လည် ဆန်းစစ်ကြည့်ပါ။

(၂) သင့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ တစ်နေ့ အောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်ထားရှိပါ
အောင်မြင်တဲ့လူတစ်ယောက်ဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိရုံသာမကပဲ သူ့ကိုယ်ပိုင်စွမ်းရည်ကိုလည်း ယုံကြည်မှုရှိပါတယ်။

(၃) မိတ်ဆွေစစ်တွေနဲ့သာပေါင်းပါ
မိတ်ဆွေစစ်တွေသာ ကောင်းအတူ ဆိုးအတူ တူတူ မျှဝေခံစားတတ်ကြတာပါ။ မိတ်ဆွေစစ်တွေထဲကမှ သင့်ကို ထောက်ခံအားပေးတဲ့သူရှိနေရင်တော့ ကံကောင်းပြီလို့သာ မှတ်ပေတော့နော်။

(၄) စိတ်ရော ကိုယ်ပါ ကျန်းမာသန်စွမ်းအောင်နေထိုင်ပါ
အားကစားလိုက်စားတဲ့လူတစ်ယောက်ဟာ ကျန်းမာရေးလည်းကောင်းသလို ဆွဲဆောင်မှုလည်းပိုရှိပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့ အတွက်ကြောင့် စိတ်ဖိစီးမှုတွေလည်း ပေါ့သွားနိုင်ပါတယ်။

(၅) ငယ်တုန်းရွယ်တုန်းမှာ လက်လှမ်းမီသမျှ လိုအပ်တဲ့ သင်တန်းအစုံတက်ထားပါ။ တချိန်ချိန် လုပ်ငန်းရှင်ပဲလုပ်လုပ်

ဝန်ထမ်းပဲ ဆက်လုပ်လုပ် အဆင်ပြေပါတယ်နော်။

(၆) စွန့်စားဖို့ မကြောက်ပါနဲ့။
ပြောကြသေးတယ် စွန့်မှ စားရတယ်တဲ့

(၇) ရံဖန်ရံခါ ခရီးလေးတွေထွက်ပါ။
အလုပ်ကနေ ဝေးရာဖြစ်တဲ့ ကရင်ပြည်နယ်တို့ ကလောတို့လို ရှုခင်းအရမ်းလှတဲ့ နေရာလေးတွေမှာ အပန်းဖြေဖို့လည်း လိုအပ်ပါသေးတယ်နော်။

ဒီနည်းလမ်းလေးတွေက ပျိုမေတို့အတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုတယ်ဆိုရင် ကျေနပ်ပါပြီနော်။


Jasmine (Forhermyanmar)

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.