Crush ကို မသိမသာ ဘယ်လိုချဉ်းကပ်ကြမလဲ

ခုနောက်ပိုင်းဖေ့ဘွတ်ခ်မှာ ကောင်မလေးတော်တော်များများ တင်လေ့ရှိကြတယ်။ “သူ့အကောင့်လေး စိမ်းနေတယ်” တို့ “သူသိရင်ကောင်းမှာပဲ”တို့ စသဖြင့်ပေါ့နော် ကိုယ်တစ်ဖက်သတ်ချစ်နေရတဲ့ ကောင်လေး
မ ရိပ်ရိပ်မိအောင် အထာလေးတွေပေးပြီး စာတင်ကြတာပေါ့။မြန်မာပြည်မှာ မွေးလာတော့ မိန်းကလေးဘက်က စပြောခွင့်မရှိတော့လည်း ဒီလိုပဲ အထာလေးတွေပေးရုံပဲတတ်နိုင်တယ်မဟုတ်လား 🙁

ဒီလိုကြုံနေရတဲ့ကောင်မလေးတွေအတွက် Crush ကို မသိမသာချဉ်းကပ်နိုင်မယ့် နည်းလေးတွေ အက်ဒမင်ရဲ့ အတွေ့အကြုံလေးတွေနဲ့ ပေါင်းစပ်ပြီး အလင်းပြပေးမယ်နော်။ အက်ဒမင်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံလေးတွေကို အရင်ဆုံး ပြောပြပေးမယ်နော်။
သူ ခုလိုမျိုး ကိုယ့်ရဲ့ တစ်ဦးတည်းသော ချစ်သူဖြစ်လာဖို့ ဘယ်လောက်ထိစောင့်ခဲ့ရလည်း သိလား။
တစ်နှစ် တစ်နှစ်တောင်။ သူငယ်ချင်းတွေရဲ့ လှောင်သံ၊ မိတ်ဆွေတွေရဲ့ နောက်သံကြားမှာ လူးလှိမ့်ရှင်သန်ရင်း
မိန်းကလေးအချစ်ကို သက်သေထူနိုင်ပြီးတဲ့နောက်မှာတော့ သူ့ကို ချစ်သူအဖြစ်ပိုင်ဆိုင်ခဲ့ရပြီလေ။

15419719_726565214159294_4458709257598750216_o

(၁) ပထမဆုံးအနေနဲ့ သူနဲ့အခေါ်အပြောလုပ်ဖို့ မမေ့ပါနဲ့။
ဖြစ်တတ်တာလေးရှိတယ်နော်။ သူ့ရှေ့ရောက်ရင် အယောင်ယောင်အမှားမှားတွေ ဖြစ်ပြီး တလွဲတွေလုပ်တတ်တာ။ အဲ့လိုမျိုးတွေဖြစ်ပြီးရင် ရှက်ပြီး နောက်ဆို သူ့ကို တတ်နိုင်သမျှ ရှောင်တာမျိုးတွေ။
အဲ့လိုမျိုးတွေ မလုပ်နဲ့နော်။ အဲ့လို အယောင်ယောင်အမှားမှားတွေမဖြစ်ရအောင်
သူ့နားသွားတော့မယ်ဆိုရင် အသက်ကို ဝဝလေးရှူ၊ စိတ်လေးငြိမ်အောင် တစ်ကနေတစ်ဆယ်ရေ၊
ကိုယ့်ရဲ့ ကောာင်းကွက်လေးတွေကို ပြန်တွေး၊ ခပ်တည်တည်နဲ့ ဘာမှမဖြစ်သလိုလေး သူနဲ့ စကားသွားရော။
အရေးကြီးတာက ကိုယ်ကကိုယ်ပဲဖြစ်ပါစေနော်။ ကိုယ်က ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူဆို ပွင့်ပွင့်လင်းလင်းပဲ ဆက်နေ၊ သူအမြင်ကတ်မှာစိုးလို့ဆိုပြီး မမဣနြေ္ဒရှင် သွားမလုပ်နဲ့နော်။ သူ့ကို ဘယ်လောက် သဘောကျကျ ကိုယ့်မူရင်းဗားရှင်းအတိုင်း ချဉ်းကပ်တာက အကောင်းဆုံးပါ။ 😉

(၂) အချိန်မှန်နေရာမှန်ဖြစ်ပါစေနော်
ဆိုပါစို့ သူက သူ့သူငယ်ချင်းတွေအများကြီးနဲ့ရှိနေတဲ့အချိန်မျိုးထက် သူတစ်ယောက်တည်းရှိနေတဲ့ အချိန်မျိုးလေးတွေမှာ သူနဲ့ စကားပြောဖို့ ကြိုးစားကြည့်သင့်ပါတယ်။ အဲ့ဒါဆို တခြားသူတွေ မျက်စောင်းထိုးတာတို့ အတင်းတုတ်တဲ့မျက်လုံးတွေနဲ့ ကြည့်တာမျိုး မခံရတော့ဘူးပေါ။

15380810_726563737492775_308287538022568993_n

(၃) သဘာဝကျကျလေးချဉ်းကပ်ပါ
သူ့သူငယ်ချင်းကလည်း ကိုယ့်သူငယ်ချင်းဖြစ်နေတယ်ဆိုရင်တော့ အကောင်းဆုံးပဲနော်။ သူနဲ့ သူငယ်ချင်းတူတူရှိနေပြီဆိုရင် ညာတာပါတေးနဲ့ ဝင်ရောလို့ရတယ်လေနော်။
အဲ့ဒါဆို အရမ်းလည်း မသိသာတော့ဘူးလေရယ်။ အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတာတော့ မသိသာစေနဲ့နော်။
Crush နဲ့ တစ်တန်းတည်း တူတူတက်နေတဲ့အခြေနေမျိုးဆိုရင် စာနားမလည်ဟန်နဲ့ သူ့ကို ရှင်းပြခိုင်းပါလေ့။
ဒါမှမဟုတ် အလုပ်တူတယ်ဆိုရင်တော့ အလုပ်အကြောင်း ဆက်စပ်ပြီး စကားမရှိစကားရှာလို့ ရပါသေးတယ်နော်။

(၄) စကားပြောတဲ့အခါမှာ ကိုယ့်အကြောင်းချည်းပဲပြောတာမျိုးထက်
သူ့အကြောင်းတွေကို စိတ်ဝင်စားဟန်ပြပါ။ ကိုယ့်အကြောင်းတွေချည်းပဲမပြောပဲနဲ့ သူ့အကြောင်းနဲ့ ပက်သက်ပြီး မေးခွန်းလေးတွေမေးပြီး စပ်စုကြည့်ပါ။ စပ်စပ်စုစုမေးခွန်းလေးတွေက သင် သူ့အပေါ် စစိတ်ဝင်စားနေပြီဆိုတာ ထောက်ပြနေပါလိမ့်မယ်။

15577895_726563867492762_6674786063973431973_o

(၅) အကြိုက်တူတာလေးတွေရှိရင် အကျိုးရှိရှိအသုံးချပါ။
Crush က သူ့အကြောင်းပြောနေရင်း ဝါသနာတူတာလေးတွေ၊ စိတ်ဝင်စားတာတူတာလေးတွေ၊ အကြိုက်တူတာလေးတွေ သတိထားမိရင် မှတ်ထားဦးနော်။ နောက်ပိုင်း ပြောစရာမရှိရင် အဲ့အကြောင်းလေးတွေ သူနဲ့ ပြောလို့ရတယ်လေနော်။

(၆) သူ့ကို တစ်ချိန်လုံး တောက်တဲ့ကပ်သလိုကပ်လို့မရဘူးနော်။

ယောက်ျားလေးတွေဆိုတာ လိုက်ရင်ပြေးတယ်တဲ့။ အဲ့ဒါ အမှန်ပဲနော်။ သူ့ကို တစ်ချိန်လုံးလိုက်ကပ်နေရင် သူ့အတွက် စိတ်အနှောင့်ယှက်ဖြစ်နိုင်သလို တွေ့ရတာလည်း ရိုးသွားနိုင်တယ်လေ။ ဒါ့ကြောင့် ကပ်သင့်တဲ့အချိန်ကပ်ပြီး ခွာသင့်တဲ့အချိန် ခွာဖို့ အရေးကြီးပါတယ်နော်။

(၇) သူ့ကို အရွဲ့တိုက်ပြီး တခြားကောင်လေးတွေနဲ့တော့ မရောပြနဲ့နော်။
အဲ့ဒီလိုမျိုး အရွဲ့တိုက်တာမျိုးက နှစ်ယောက်ကြား ယုံကြည်မှုကို လျော့နည်းစေတတ်ပါတယ်။
အဲ့ဒါကြောင့် အရွဲ့လုံးဝမတိုက်နဲ့နော်။

(၈) သူ့ကိုသဘောကျနေတဲ့အကြောင်း မျက်လုံးချင်းစကားပြောပေးပါ။
မိန်းကလေးအချစ်မို့ စဖွင့်ပြောလို့မရပေမယ့် မျက်လုံးချင်းတော့ အကြည့်ချင်းဖလှယ်လို့ရပါတယ်။
သူ့မျက်လုံးမှာ နူးညံ့တဲ့အရိပ်ယောင်တွေ၊ ကိုယ့်ကိုလည်း သဘောကျနေတဲ့အရိပ်ယောင်တွေတွေ့ရင်
မျက်လုံးချင်းများများစကားပြောပေးပါ။ အရိပ်အယောင်တောင်မတွေ့ရဘူးဆိုရင်တော့ မျှော်လင့်ချက်အကြီးကြီးမထားတာ အကောင်းဆုံးပါပဲ။

ကဲကဲ ဒီနည်းလမ်းတွေနဲ့ကိုယ့်ရဲ့ Crush တွေကို သဘာဝကျကျလေး ချဉ်းကပ်ကြစို့။
အရေးကြီးတာက ကိုယ့် Crush တွေရဲ့ အထာကိုနပ်မှဖြစ်မယ်နော်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.