ကမ္ဘာတစ်လွှားမှ အနမ်းများ

 ကမ္ဘာပေါ်မှာ အနမ်းပေါင်း ငါးဆယ်ကျော်ရှိပါတယ်။ ဒီထဲကမှ ကျော်ကြားလှတဲ့ အနမ်းများကို တင်ဆက်ပေးထားပါတယ်။

ကလေးဘဝတည်းက မွှေးမွှေးပေးတတ်ကြတာ လူတိုင်းပါ။ ဖြူစင်တဲ့အနမ်းတွေက စလို့ ကိုယ့်ချစ်သူကို မြတ်နိုးစွာနမ်းတာ အထိ ကြုံဖူးကြမယ်ထင်ပါတယ်။
ကိုယ့်ချစ်သူကိုရော ဘယ်လိုနမ်းသလဲ။
တခြားသူတွေကရော ကမ္ဘာအရပ်ရပ်မှာ ချစ်သူကို ဘယ်လိုနမ်းကြသလဲဆိုတာ သိရဖို့
ကဲ အောက်မှာ ဖတ်ကြည့်။

– နဖူးပြင်အနမ်း
ဒီအနမ်းက မြတ်နိုးမှုကို ပြသပါတယ်။

– ပြင်သစ်အနမ်း
လျှာချင်းခလုတ်တိုက်ပြီး နမ်းတဲ့အနမ်းပါ။
ချစ်သူချင်းနမ်းတဲ့ အနမ်းလို့လည်း ပြောလို့ရပါတယ်။

– နှစ်လွှာတစ်လွှာအနမ်း
သူကတော့ ကိုယ့်နှုတ်ခမ်းနှစ်လွှာကြား သူ့နှုတ်ခမ်းတစ်လွှာ ထည့်ပြီးနမ်းတဲ့အနမ်းပါ။

– နားသံသီးအနမ်း
နားရွက်ထဲကို လျှာဖျားလေးနဲ့ ထိုးမွှေပြီး နမ်းတဲ့အနမ်းပါ။

– ချစ်အနမ်း
ဒါကတော့ နှုတ်ခမ်းချင်းကိုက်ပြီး နမ်းတဲ့အနမ်းပါ။ ပြင်သစ်အနမ်းနဲ့ ခပ်ဆင်ဆင်တူပေမယ့် ပြင်သစ်အနမ်းထက် ပိုပြီး စိတ်လှုပ်ရှားဖွယ် ကောင်းပါတယ်။

– အာဝါးအနမ်း
သူက ပါးပြင်ကိုပဲ နမ်းတဲ့အနမ်းပါ။ ဖြူစင်တဲ့ ချစ်ခြင်းကို ဖော်ဆောင်ပါတယ်။

– အပေါ်အောက်အနမ်း
ပင့်ကူလူသား ရုပ်ရှင်ထဲကလို ဇောက်ထိုးနမ်းတဲ့အနမ်းပါ။ ခေါင်းတော့မူးတာပေါ့။ 😛

– လက်ဖမိုးအနမ်း
နှုတ်ဆက်တဲ့သဘောနဲ့ နမ်းတာ ဖြစ်ပါတယ်။
နိုင်ငံရပ်ခြားမှာတော့ သူစိမ်းမိန်းကလေးကို စတွေ့ရင် လေးစားသမှုနဲ့ ချစ်ခင်မြတ်နိုးမှုကို ပြတဲ့အနေနဲ့ မိန်းကလေးရဲ့လက်ဖမိုးကို နမ်းပါတယ်။

– လိပ်ပြာအနမ်း
ချစ်သူနှစ်ဦး မျက်တောင်ချင်းထိခတ်ပြီး နှုတ်ခမ်းချင်းနမ်းတာကို ဆိုလိုပါတယ်။

– လေဝဲအနမ်း
fly kiss လို့ လူသိများပါတယ်။ ခပ်ဝေးဝေးကနေ အနမ်းလေးပို့ချင်ရင် လေဝဲအနမ်းလေးနဲ့ပေါ့။

– ရွှေလည်တိုင်အနမ်း
လည်ပင်းနဲ့ ဂုတ်နေရာကို ဖွဖွလေး နမ်းတာမျိုးကို ခေါ်တာပါ။

– သွေးစုပ်အနမ်း
vampire kiss လို့လည်း ခေါ်ကြပါတယ်။
(ဖုတ်ကောင်အနမ်းဆိုတာကြီးက ဘယ်လိုကြီးမှန်းမသိလို့ သွေးစုပ်အနမ်းလို့ နာမည်ပေးလိုက်ခြင်းပါ။)
သူကတော့ အရေပြားကို စုပ်ပြီးနမ်းတာ ဖြစ်လို့ နမ်းပြီးရင် အနီကွက်ကြီးတွေကျန်ခဲ့ပါတယ်။
စုန်းကိုက်တယ်လို့တော့ ပြောကြပါတယ်။
(စာရေးသူက အပျိုကြီးမမဆိုတော့ ဒါတွေသိဘူး
အိုက်စ်စ် ရှက်ထာ 😛 )

ကဲ ဒီလောက်ဆိုရင် ကမ္ဘာတစ်လွှားမှာ ဘယ်လိုများနမ်းကြလဲ ဆိုတာ သိရပြီမို့ ကိုယ့်ချစ်ချစ်တွေကို လက်တည့်ပြန်စမ်းကြည့်ကြပေါ့နော်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.