မိန်းကလေးတွေရဲ့ ဟန်ဆောင်ပုံ ဟန်ဆောင်နည်းအဖြာဖြာ

 ပျိုမေတို့လည်း အောက်မှာဖော်ပြထားတဲ့ ဟန်ဆောင်နည်းတွေထဲက အနည်းဆုံး နှစ်ခုလောက် လုပ်ဖူးတယ်ဆိုတာ မလိမ်စတမ်း ဝန်ခံကြပါ။

ဟန်ဆောင်တယ်ဆိုတိုင်း မကောင်းတဲ့ဘက်က မဟုတ်ပါဘူး။ ကျွန်မတို့ မိန်ကလေးတွေ တစ်ခါတစ်ရံ လူမှုရေးအရ၊ ဂုဏ်သိက္ခာအရ၊ မာနအရ အသေးအဖွဲကိစ္စလေးတွေမှာ ဟန်ဆောင်တတ်ကြပါတယ်။ကဲ..ဟန်ဆောင်ပုံဟန်ဆောင်နည်းလေးတွေ ကြည့်ရအောင်။

၁။ စိတ်ကောက်ချင်ယောင်ဆောင်ခြင်း။

ဒါကတော့ မိန်းကလေးတွေနဲ့ မကင်းပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ ချစ်ကိုကိုဆီက အချော့ခံချင်လွန်းလို့ ကောက်စရာမရှိကြံဖန်ကောက်တတ်ကြပါတယ်။ ဒါပေမယ့်လည်း သူ့အပေါ်မှာတော့ ဂရုစိုက်မပြတ်ပါပဲ။ (ရွဲ့တတ်တာက လွဲလို့)

                                

၂။အားနာချင်ယောင်ဆောင်ခြင်း

ကိုယ့်ကိုကြိတ်ကြွေနေတဲ့သူဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်ကပဲဖြစ်ဖြစ် ကိစ္စတစ်ခုခုကြောင့် မုန့်ဝယ်ကျွေးတဲ့အခါမှာတော့… “အားနာစရာကြီး၊ ရပါတယ်။”စသဖြင့် ဟန်ဆောင်တတ်ကြပါတယ်။ တကယ်ကတော့ “ဝါးတီးပဲ။ တစ်ဖြဲနှစ်ဖြဲစားသွားဦးမှ။အမှတ်မရှိပဲ ဝယ်ကျွေးတဲ့ ဒင်းတော့မွဲပြီ”ဆိုပြီး ကြိတ်တွေးပျော်နေကြတာပါ။

istock_000024023303small

၃။ကြောက်ချင်ယောင်ဆောင်ခြင်း

ညမိုးချုပ် အိပ်ခါနီး ကိုယ်ကြိတ်ကြွေနေတဲ့ ခရက်ရှ်နဲ့ chat တဲ့အခါမှာတော့ ဒရာမာစခင်းပါပြီ။ ခွေးအူသံကြားလျှင်ပင် တဆတ်ဆတ်တုန်လှုပ်သလိုမျိုး သရုပ်ဖော်ပြီး ခရက်ရှ်ဆီ လျှောက်ရွှီးတတ်ကြပါတယ်။ တစ်ဖက်မှ အခွင့်ကောင်းယူပြီး သူရဲဓာတ်ပုံ၊ ဗီဒီယိုများ ပို့ခဲ့သည်ရှိသော် “သူများက ကြောက်ပါတယ်ဆိုနေမှ” စသဖြင့် စိတ်ဆိုးစိတ်ကောက်ချင်ယောင်ဆောင်တတ်ကြပါတယ်။

Funky girl in studio.

၎။မေ့ချင်ယောင်ဆောင်ခြင်း

အထူးသဖြင့် ငတ်ကြီးကျတတ်တဲ့ သူငယ်ချင်းတွေက မွေးနေ့အတွက် မုန့်ဝယ်ကျွေးရမယ်လို့ ပြောလာတဲ့အခါ အဲ့ကိစ္စကို လုံးဝမေ့ချင်ယောင်ဆောင်နေတတ်ကြတယ်။ ဒါပေမယ့် သူငယ်ချင်းဆိုတာ ကိုယ့်ထက်တစ်ကွက်ကျော်မြင်တော့လည်း ကျွေးရတာချည်းပါပဲ။

girl-thinking-idea-chalkboard-stock-620x427 ၅။သိချင်ယောင်ဆောင်ခြင်း

စားကြမ်းပိုး၊ စူးစမ်းလေ့လာတတ်တဲ့ သူမျိုးကို ခရက်ရှ်မိတဲ့အခါမှာတော့ သူကဘာမေးမေး မသိဘူးလို့ပြောရမှာ ဂုဏ်သိမ်တယ်လို့ ထင်တတ်ကြပါတယ်။ အဲ့ဒီ့အခါမှာတော့ google ကိုမွေးစားပြီး “သိတာပေါ့၊ ဒါလေးက ဒါကြောင့်ဖြစ်လာရတာလေ”စသဖြင့် လေရွှီးပြီး တစ်ဖက်လူဆီက အထင်ကြီးမှုကိုရယူတတ်ပါတယ်။

၆။ပိန်းချင်ယောင်ဆောင်ခြင်း

ကိုယ့်ချစ်သူက လူကြီးလူကောင်းဆန်တဲ့အခါမှာ ကိုယ့်ကို ကလေးတစ်ယောက်လို အလိုလိုက်စေချင်တဲ့အတွက် ပိန်းချင်ယောင်ဆောင်တတ်ကြပါတယ်။ တကယ်က လူလည်ပါ။ နားမလည်ဘူး မသိဘူးဆိုပြီး သူ့ဆီက သွန်သင်မှုတွေ ယုယမှုတွေကို လိုချင်လို့ပါ။

act-like-stupid-girl

အပေါ်ကအချက်လေးတွေတော်တော်များများတိုက်ဆိုင်နေပြီဆိုရင်တော့ သင်ဟာ အခြေအနေနဲ့အချိန်အခါကို အသုံးချတတ်ပြီး ပါးနပ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ။ ဟန်ဆောင်ကောင်းသူတစ်ယောက်အနေနဲ့ ဂုဏ်ယူလိုက်ပါ။

Christina (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.