ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးတစ်စုံပိုင်ဆိုင်စေဖို့

ဟေး ပျိုမေတို့ရေ
ဒီနေ့မှာတော့ မျက်ခုံးမွှေးလှလှလေး ဘယ်လိုဆွဲရမလဲဆိုတာ ပြောပြမယ်နော်။
မျက်နှာတစ်ခုလုံးမှာ အရေးကြီးဆုံးက မျက်ခုံးမွှေးပါပဲ။ မျက်ခုံးမွှေးဟာ မိန်းကလေးတစ်ယောက်ရဲ့အလှကို တိုးစေသလို
ပိုပြီးတော့လည်း အကျည်းတန်စေပါတယ်။ ဒါဆို ပိုအလှတိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်နော်။

2

(၁) ပထမဆုံး မျက်ခုံးလေးကို ပုံသွင်းပေးပါ။
မျက်ခုံးလေးပုံကျနေပြီဆိုရင် မျက်ခုံးဆွဲရတာ ပိုလွယ်သွားသလို ပိုလည်း ကြည့်ကောင်းစေပါတယ်နော်။
ပထမဆုံး ကိုယ်လိုချင်တဲ့ မျက်ခုံးမွှေးပုံစံလေးကို မျက်ခုံးမွှေးဆွဲတံချွန်ချွန်လေးနဲ့ ပုံဖော်ပေးပါ။
ပြီးရင် ဘေးမှာ ပိုနေတဲ့ မျက်ခုံးမွှေးတွေကို ရိတ်ပေးပါ။ အဲ့နောက် မျက်ခုံးမွှေးဖြီးတဲ့ ဘီးလေးနဲ့ ဖြီးပေးပါ။
ဘီးလေးနဲ့ ဖိပြီးဖြီးပြီး ပိုနေတဲ့ မျက်ခုံးမွှေးတွေကို ကတ်ကြေး လေး (မျက်ခုံးမွှေးအတွက် သီးသန့်) နဲ့ လိုက်ညှပ်ပေးပါ။
ဘီးလေးနဲ့ ထပ်ဖြီးပြီး ကျန်နေသေးတဲ့ မျက်ခုံးမွှေးတွေကို ဇာဂနာ (မျက်ခုံးမွှေးအတွက် သီးသန့်ဇာဂနာ) နဲ့ နှုတ်ပါ။
နှုတ်တဲ့အခါမှာ နာကျင်မှု သက်သာစေချင်ရင် မနှုတ်ခင် မျက်ခုံးမွှေးကို ရေခဲတုံးလေးနဲ့ပွတ်ပေးပါ။ နှုတ်တဲ့အခါကျ မျက်ခုံးမွှေးပေါက်တဲ့လားရာအတိုင်း နှုတ်ပေးပါ။ ကိုယ့်ဘာသာကိုယ် မလုပ်တတ်သေးရင်လည်း အလှပြင်ဆိုင်တွေမှာ ၅၀၀ကျပ်၊ ၁၀၀၀ကျပ်ပေးပြီးတော့လည်း မျက်ခုံးမွှေးလေးကို ပုံသွင်းပေးလို့ရပါသေးတယ်နော်။

3

(၂) ကဲ မျက်ခုံးမွှေးလေးပုံဖော်ပြီးပြီဆိုတော့ စဆွဲဖို့ပဲကျန်တော့တယ်။
ဘယ်က စဆွဲမလဲ။ မျက်ခုံးမွှေးဆွဲခဲတံလေးကို နှာခေါင်းတည့်တည့် မျက်လုံးထောင့်နားကနေ စမှတ်ပါ။
ဘယ်နားခုံးရမလဲ။ ပထမဆုံး မှန်ကို တည့်တည့်ကြည့်ပါ။ နှာနုရိုးနဲ့ မျက်ဆံအစွန်း ဆုံတဲ့နေရာကို ခုံးမှတ်မှတ်ပါ။
ဘယ်နား ဆုံးမလဲ။ နှာနုရိုးကနေ မျက်လုံးအိမ်အစွန်းတည့်တည့်နေရာက ဆုံးမှတ်ပါပဲ။
အစက်လေး သုံးစက်နေရာချပြီးရင်တော့ အဲ့အစက်လေးတွေကိုဆက်ပြီး မျက်ခုံးမွှေးစဆွဲပါ။
ဆွဲတဲ့အခါမှာ ပထမဆုံး မျက်ခုံးမွှေးဆွဲ ခဲတံလေးကို ချွန်နေအောင်ချွန်ထားပါ။
အဲ့ခဲတံလေးနဲ့ မျက်ခုံးမွှေးလေးကို အရင် ဘောင်ကွပ်ပါ။ ပြီးတော့မှ မျက်ခုံးမွှေး Powder လေးနဲ့ ဖြည့်ပေးပါ။
ဆွဲတဲ့အခါမှာ ထိပ်ပိုင်းကို အရောင်နုလေးနဲ့ ဖော့နိုင်သမျှဖော့ဆွဲပါ။
နို့မို့ စင်ရော်မျက်ခုံးမွှေးဖြစ်သွားမှာ :(အလယ်ပိုင်းကိုလည်း အရောင်နည်းနည်းဖျော့တာလေးသုံးပေးပါ။
မျက်ခုံးမွှေးအစွန်းပိုင်းကိုတော့ အရောင်နည်းနည်းရင့်တာသုံးပေးပါ။

ပြီးရင် ဘရက်ရှ်လေးနဲ့ မျက်ခုံးမွှေးလေးတွေကို ညှိပေးပါ။
နောက်တစ်ဆင့်က မျက်ခုံးမွှေးလေး တစ်နေ့တာလုံးခံအောင် Eyebrow Mascara လေး ထပ်ပေးပါ။
ပြီးရင်တော့ ဘရက်ရှ်လေးနဲ့ ထပ်ညှိပေးပါ။

4

(၃) မျက်ခုံးမွှေးလေးကို လတ်စသတ်မယ်
မတော်တဆ လက်ချော်သွားလို့ မျက်ခုံးမွှေးလေးတွေ မညီမညာဖြစ်နေတာမျိုး၊ မျက်ခုံးမွှေး အစွန်းပိုင်းက
နည်းနည်းထူသွားတာမျိုးဆိုရင် စိတ်မပူပါနဲ့။ Concealer လေးနဲ့ Angled Brush လေးသာ ဆောင်ထားလိုက်ပါ။
မညီညာဖြစ်နေတဲ့နေရာလေးတွေကို angled brush လေးနဲ့ ပြန်အချောသတ်ပေးပါ။
ကဲ ဒါဆိုရင်တော့ သေသပ်လှပတဲ့ မျက်ခုံးတစ်စုံကို ပိုင်ဆိုင်နိုင်ပါပြီနော်။

ပျိုမေတို့လည်း ရှိရင်းစွဲအလှထက် ပိုမိုလှပနိုင်ကြပါစေနော်။
Jasmine (Forhermyanmar)

Jasmine

I am a girl, who is dynamic and really enthusiastic to share my knowledge, experiences with all the girl. I am really fond of makeups and keep learning how to do perfect makeup.

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.