ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုအလေ့ကျင့်မျိုးတွေ မွေးမြူကြမလဲ

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးဟာ ဆွဲဆောင်မှုအရှိဆုံးပါပဲ။ ဆိုကြပါစို့ မိန်းကလေးတစ်ယောက် အခန်းထဲဝင်လာတဲ့အခါ အခန်းထဲမှာရှိတဲ့လူတွေအားလုံး သူမကို သတိပြုမိကြမယ်။ လူတွေအားလုံးရဲ့ အာရုံဟာ သူမဆီမှာ ဖမ်းစားခံရပြီးတော့ သူမပြောစကားမှာ မြောသွားမယ်။ အဲ့လိုမျိုးတွေ ကြုံဖူးကြလား။ ဒီလိုအခြေနေမျိုးဟာ ကောင်မလေးချောတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသေချာဆုံးကတော့ သူမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက် ဖြစ်နေလို့ပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို သတ္တိရှိရှိမိတ်ဆက်နိုင်တယ်။ စကားဝိုင်းထဲမှာ လူအားလုံးကိုလည်း ပါဝင်စေအောင် စွမ်းဆောင်နိုင်တယ်။ သူမဟာ့  ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူဝံကြွားစွာ မတ်မတ်ရပ်နိုင်တယ်။

 

(၁) အကောင်းမြင်တတ်တဲ့ ခံယူချက်တွေထားရှိပါ။
ကိုယ့်ကိုယ်ကို အကောင်းမြင်တဲ့ စကားများစွာကို ထပ်ခါတလဲလဲပြောပေးပါ (ဥပမာ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျနေမယ့်အစား အော် ငါတစ်နေ့တခြားချောလာပါလား ပိုတော်လာပါလား ဆိုပြီး ပြောကြည့်ကြည့်ပါ) ဒါဟာ ကိုယ့်ရဲ့မသိစိတ်ကို ထိန်းချုပ်ပေးနိုင်မယ့် တကယ့်ကို အသုံးဝင်တဲ့နည်းလမ်းပါပဲ။

13178614_1023090194426577_7774823907229750052_n

(၂) သင်ဘာဖြစ်ချင်လဲဆိုတာကို အပြုသဘောဆောင်တဲ့စကားလုံးတွေအသုံးပြုပြီး ဖော်ပြပါ။ ခံစားချက်တွေ ခိုင်မာတဲ့ခံယူချက်တွေအပြည့်အဝနဲ့ ပြောပါ။ ဥပမာ သင်အင်တာဗျူးအောင်ချင်တယ်ပဲဆိုပါစို့။ ကိုယ့်ကိုယ်ကို ငါအောင်မှာပါ၊ ငါအောင်အောင်ဖြေခဲ့တာပဲဆိုတာမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပြောပါ။

13139038_1023090527759877_4685877748360116780_n

(၃) နာမည်တွေကို မှတ်မိပါစေ
လူတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့တဲ့အခါ နာမည်ကို နောက်ထပ်တစ်ကြိမ် မိတ်ဆက်ပေးဖို့ တောင်းဆိုပါ။ ဒါဆိုရင်တော့ နာမည်နဲ့လူကို သင် ချိတ်မိသွားပါလိမ့်မယ်။ စိတ်ထဲကနေ ၅ကြိမ်လောက် သူတို့နာမည်ကို ဆိုကြည့်ပါ။ သူတို့နာမည်က ပုံမှန်မဟုတ်ဘူးဆိုရင်တော့ နာမည် ဘယ်လိုပေါင်းတယ် ဘယ်ကနေဆင်းသက်လာတယ်ဆိုတာကို မေးမြန်းပါ။

13095767_1023090657759864_4630558677670217513_n

(၄) စွန့်စားမှုတွေလုပ်ဆောင်တတ်ပါစေ
အတိတ်မှာ သင်အောင်မြင်ခဲ့တာတွေပဲ ဖက်တွယ်နေမယ်ဆိုရင်တော့ သင့်ဘဝတိုးတက်ပြောင်းလဲမှာမဟုတ်ပါဘူး။

 

(၅) အသစ်သစ်သော အရာတွေကို စမ်းလုပ်ကြည့်ပါ
ဝါသနာအသစ်တစ်မျိုးကို လေ့လာတာပဲဖြစ်ဖြစ်၊ စွမ်းရည်သစ်တစ်မျိုးကို လေ့လာတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ကျရှုံးမှာ၊ ငြင်းပယ်ခံရမှာ မစိုးရိမ်ပါနဲ့။ ကျရှုံးတယ်ဆိုတာ အောင်မြင်မှုကို လေ့လာဖို့ အခွင့်လမ်းတစ်ခုပါပဲ။ ဒါဟာ အလုပ်မဖြစ်ဘူးဆိုရင်တော့ ဘာကြောင့် မဖြစ်တာလဲဆိုတာ စုံစမ်းပြီး ပြောင်းလဲမှုတချို့ လုပ်ကာ ကြိုးစားကြည့်ပါ။

13131744_1023091031093160_1512033542529661112_o

(၆) “အဲ့တော့ ဘာဖြစ်လဲ” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ
ဆိုကြပါစို့ သင်ဟာ Presentation လုပ်နေတုန်း ပြောရမယ့်စကား မေ့သွားမှာတို့ ပရိတ်သတ်တွေက မျက်နှာသစ်တွေချည်းပဲတို့ သူတို့က ငါ့ကို သဘောကျပါ့မလားတို့ မတွေးပါနဲ့။ သူတို့ မကြိုက်တော့ဘာဖြစ်လဲ၊ ပြောရမယ့်စကားမေ့သွားတော့လည်း သတိရတာပဲပြောမယ် ပရိတ်သတ်မျက်နှာစိမ်းတွေမို့လည်း ဘာဖြစ်လဲ ဘာလို့ကြောက်ရမှာလဲ သူလည်းလူ ကိုယ်လည်းလူပဲလေ အဲ့လိုမျိုး စိတ်လေးသွင်းပါ။ လူအများစုဟာ မလိုအပ်ဘဲနဲ့ တခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မလဲ ဘယ်လိုမြင်ကြမလဲဆိုတာကို စိုးရိမ်ပူပန်တတ်ကြလေ့ရှိပါတယ်။ ဘာလို့ဂရုစိုက်စရာလိုမှာလဲ၊ ဘာကြောင့်တခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်နေရမှာလဲ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လူတွေက သင့်ကို ရှုံးနိမ့်တာမြင်ချင်မှာမဟုတ်ပါဘူး။ သင် တခြားသူတစ်ယောက် Presentation လုပ်နေတာကို ကြည့်တဲ့အချိန်မှာ ပရိတ်သတ်တစ်ယောက်အနေနဲ့ သင်လည်းသူတို့ အမှားလုပ်မိမှာကို မျှော်လင့်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူတွေကလည်း သင့်ကို အောင်မြင်စေချင်မှာပါ။

13119058_1023090857759844_6146794004085854013_n

(၇) ဘယ်အခန်းကိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဝင်ပါ
First Impression ဆိုတာ အမြဲတမ်း အရေးကြီးပါတယ်။ ဘယ်အခန်းပဲဝင်ဝင် မဝင်ခင်မှာ ကိုယ့်ရဲ့ ကိုယ်အမူရာကို ပြန်စစ်ဆေးပါ။ လေအဝရှူသွင်းပြီး ပြန်ထုတ်ပါ။ မတ်မတ်ရပ်ပါ။ မျက်လုံးကို အောက်မချထားပါနဲ့။ မျက်နှာမှာ အပြုံးတစ်ပွင့် ပန်ဆင်ထားပါ။ မကြာခင်မှာ အချိန်ကောင်းလေးတစ်ခုရတော့မယ်၊ လူကောင်းတချို့နဲ့ တွေ့ရတော့မယ်ဆိုပြီး မျှော်လင့်ထားပါ။

13139290_1023091047759825_3881942895709782041_n

(၈) ကြောက်ရွံ့မှုတွေ၊ အကျင့်ဆိုးတွေနဲ့ ကိုယ်လုပ်တာပဲမှန်တယ် သူများလုပ်တာမမှန်ဘူးဆိုတဲ့ ကိုယ့်ကိုယ်သာ အထင်ကြီးမှုတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မရှောင်ကြဉ်ဘူးဆိုရင်တော့ အောင်မြင်မှုတွေ ကျွန်မတို့ မက်ခဲ့ရတဲ့အိမ်မက်တွေနဲ့ ဝေးကွာသွားပါလိမ့်မယ်။

ကိုးကား- http://www.wikihow.com/Have-the-Habits-of-a-Confident-Woman

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.