တနင်္လာနေ့မှာ ခပ်ချေချေ ရုံးသွားကြမယ်

 တနင်္လာနေ့ဟာ ရက်သတ္တပတ်ရဲ့ အစမို့ ရဲရင့်တက်ကြွတဲ့အသွင်ရအောင် မိတ်ကပ်ပြင်သွားသင့်တယ်နော်
ကိုယ့်ရဲ့အချေစတိုင်ကို သူများတွေ ငေးသွားရမယ်။ကျွန်မတို့ဟာ တနင်္လာနေ့ကို မုန်းတတ်ကြပါတယ်။ အားလပ်ရက်မှာ အတိုးချကဲထားသမျှ ရုံးသွား ကျောင်းသွားရမှာ လေးလံထိုင်းမှိုင်းနေပြီပေါ့။
အဲ့ဒီတော့ ရဲရင့်တက်ကြွတဲ့ အသွင်လေးရယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ကိုယ်ပိုင်ဟန်လေးရအောင် မိတ်ကပ်လိမ်းကြမယ်လေ။

အချေစတိုင်လေးပေါ့။ လွယ်ပါတယ်။
အဓိကက eye makeup လို့ခေါ်တဲ့ မျက်လုံးအလှခြယ်သမှုနဲ့ နှုတ်ခမ်းနီအရောင်ကို သေချာရွေးဖို့ပါပဲ။ ကဲ စပြင်ကြရအောင်။

– မိတ်ကပ်ကို ကိုယ်ပြင်နေကြအတိုင်းလိမ်းပါ။

– အခုမှ စပြင်မယ့် ညီမလေးများကတော့ အောက်က အဆင့်အတိုင်း အဆင့်ဆင့်လိမ်းပေးပါ။
1. toner လက်နဲ့ပုတ်လိမ်းပါ။
2. moisturizer စိမ့်ဝင်အောင်လိမ်းပါ။
3. primer လိမ်းပါ။
4. foundation ညီအောင်လိမ်းပါ။
5. loose powder ဖွဖွလေးရိုက်ပါ။

– မျက်နှာကို high light သုံးချင်သူများ မေးရိုးချချင်သူများလည်း ပုံမှန်အတိုင်း ပြင်လို့ရပါတယ်။ မသုံးတတ်သူများလည်း ကိစ္စမရှိပါဘူး။

– အဓိက အချက်က မျက်လုံးနဲ့ နှုတ်ခမ်းနီပါ။
မျက်လုံးကို အရောင်အနုအရင့် ညီမျှစွာ ချယ်ပါ။ အနက်ရောင် အညိုရောင် ရွှေအိုရောင် ငွေရောင် အသားရောင် ရှမ်ပိန်ရောင် နက်ပြာရောင် ခရမ်းရင့်ရောင် စတာတွေဟာ ကိုယ့်ကိုယ်ကို ရဲရင့်ပြီး ယုံကြည်မှုရှိတဲ့ အသွင်ကို ရစေပါတယ်။
မျက်လုံးအတွင်းထောင့် အစပ်နား၌ အရောင် လတ်လတ်ကို ချယ်ပါ။ မျက်ခွံမို့မို့ပေါ်၌ အရောင်ဖျော့ကို ချယ်ပါ။ မျက်ခွံအဆုံး၌ အရောင်ရင့်ကို ချယ်ပါ။ မိမိနှစ်သက်သောအရောင်များကို လိုက်ဖက်စွာ ချယ်ကြည့်ပါ။ glitter အလက်အလက်ပါလျှင်လည်း ပိုလှပါတယ်။
eye liner ကို cat eye ဆွဲပါ။
(cat eye သည် အဖျားကော့ပြီး sexy, confident ဆန်၍ puppy eye သည် အဖျားခုံး၍ cute, innocent ဖြစ်စေသည်။)
သို့သော် အချေစတိုင်အတွက် cat eye သာလျှင်သင့်တော်ပါသည်။
မျက်တောင်တု တပ်ပေးနိုင်ပါတယ်။ မတပ်ချင်ရင် နဂိုမျက်တောင်ကို ကော့ဆေးနဲ့ ကော့ပေးပါ။
မျက်ခုံးမွှေးကို အဖျားသွယ်သွယ် ဆွဲပါ။ မျက်ခုံးမွှေးအညိုရောင်ဟာ အသင့်တော်ဆုံးပါပဲ။

– နှုတ်ခမ်းနီကို အရောင်အရင့်ဆုံး (အနီ/အညို/ကြက်သွေးရောင်စသည်) သို့မဟုတ် အရောင်အဖျော့ဆုံး (အသားရောင်)ကိုဆိုးပါ။
ပန်းရောင်/ လိမ္မော်ရောင်တို့သည် နူးညံ့သော အသွင်ကို ရစေ၍ ထိုအရောင်များကို ရှောင်ရမည်။

– ပါးနီ လိမ်းနိုင်ပါတယ်။ မလိမ်းလည်းရပါတယ်။

– နှာတံဖော်ပေးပါ။ မိမိအသားရောင်ထက် တစ်ဆင့်ဖြူသော ပေါင်ဒါမှုန့်ကို နှာခေါင်းပေါ် ဆွဲပေးခြင်းဖြစ်စေ / နှာတံရိုးဘေးတစ်လျှောက်၌ မိမိအသားရောင်ထက် နှစ်ဆင့်နိမ့်သော အညိုပေါင်ဒါကို ဘရပ်ရှပ်ဖြင့် ဆွဲပေးခြင်းဖြစ်စေ နှာတံဖော်နိုင်ပါတယ်။ သတိပြုဖို့က ဘယ်လိုနည်း သုံးသုံး blend ပြန်ဖြေပေးဖို့ မမေ့ပါနဲ့။ သို့မဟုတ်က မိတ်ကပ်အရောင်များ ထင်းနေပြီး မျက်နှာနှင့် တစ်သားတည်း မကျတော့ပါ။

– နောက်ဆုံးအနေနဲ့ setting spray ဖျန်းပေးနိုင်ပါပြီ။

ဒီမိတ်ကပ်လေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့အသွင်ကို ပေးပါလိမ့်မယ်။
ဒါကြောင့် အလုပ်ခွင်သွားတာပဲဖြစ်ဖြစ် ကိုယ်နဲ့တွေ့ရမယ့်သူဟာ ကိုယ့်ကို အားကျမနာလို ဖြစ်စေချင်တာပဲဖြစ်ဖြစ် (ရည်းစားဟောင်းနဲ့ တစ်နေရာရာမှာ မဖြစ်မနေပြန်တွေ့ရမယ့် အခါမျိုးတို့မှာ) လိမ်းပေးနိုင်ပါတယ်။ ခပ်ချေချေပေါ့နော်။
ကိုယ့်ကိုသူများတွေလည်း ဝိုင်းငေးနေမှာ အသေအချာပါပဲ။

Verte (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.