သင့်ရဲ့ နံနက်ခင်းတိုင်းကို ပိုသစ်လွင်စေမယ့် အ​လေ့အထ​လေးများ

သင်ပိုင်ဆိုင်တဲ့ မနက်ခင်းတိုင်းမှာ  သင့်အနာဂတ်တွေ ခိုစီးနေပါတယ်”

နံနက်ခင်းဆိုတာ သင့်ရဲ့ တနေ့တာလုံးကို အသက်သွင်းပေးမယ့် ဖန်တီးရှင်တစ်ခုပါပဲ။ အိပ်မှုန် စုန်မွှား မကြည်မလင်နဲ့ နိုးထမယ်။ ပျင်းတိပျင်းရွဲ့ ဖြစ်နေမယ်ဆိုရင် သေချာတယ်။တနေ့လုံး တက်တက်ကြွကြွ ဖြစ်မနေတော့မှာ အမှန်ပဲ။ နေ့သစ်တိုင်းကို အားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ မနက်တိုင်းမှာ လန်းလန်းဆန်းဆန်းဖြစ်နေရမယ်လေ။
နေစွဲတိုင်းကို ခါတိုင်းထက် ပိုမို သစ်လွင်စေဖို့ မနက်ခင်းတိုင်းကောင်းမွန်တဲ့ အလေ့အကျင့် နည်းလမ်းကောင်းလေးတွေ မွေးမြူပေးဖို့ လိုပါတယ်။ ဒီအလေ့အကျင့်လေးတွေကတော့

15697710_1068555383252852_7180584371748320712_n

၁။ တနေ့တာအတွက် ဦးဆုံး လုပ်ရမှာကတော့ စောစောနိုးထဖို့ပါပဲ။ အိပ်ရာစောစော ထခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ရုံသာမက တနေ့လုံး လန်းဆန်းတက်ကြွစေမဲ့ လျို့ဝှက်ချက်တစ်ခုပါပဲ။ ဒါတင် ဘယ်ကမလဲ။သင့် တနေ့တာအတွက် ပျာယာခတ်နေစရာမလိုပဲ စိတ်အေးလက်အေးနဲ့ ပြင်ဆင်ဖို့ အချိန်ပိုရသေးတယ်လေ။
ဒီလိုစောစောနိုးထ နိုင်ဖို့ဆိုရင်
အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။ စောစောအိပ်ရာဝင်ပါ။ မအိပ်ခင် နွားနို့သောက်ပါ။ စာအုပ်ဖတ်ပီး အိပ်ပါ။ ကိုယ်အိပ်မဲ့ အခန်းကို လုံးဝအမှောင်ကျနေပါစေ။ အိပ်တဲ့ အိပ်ရာကလည်း သက်သောင့်သက်သာရှိနေပါစေ။ဖုန်းကို ဝေးဝေးမှာထားပါ ။ သို့ ဖုန်းပိတ်ပီးမှ အိပ်ပါ။

15726846_1068926276549096_4593487719425350325_n

၂။ အိပ်ရာကထတာနဲ့ မိမိအိပ်ယာကို သေချာသိမ်းပါ။
နိုးတာနဲ့ ပထမဆုံး လုပ်ရမဲ့ လုပ်ငန်းဆောင်တာက အိပ်ရာသိမ်းခြင်းပါပဲ။ ဒီပထမဆုံး အလုပ်ကို ပြီးမြောက်သွားရင် နောက်ပိုင်း လုပ်စရာရှိတာတွေကို စိတ်လိုလက်ရ ချောချောချူချူနဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်သွားပီပေါ့။ ဒါ့အပြင် သေချာ ခေါက်ထားတဲ့ အိပ်ရာကြောင့် သင့်ရဲ့ စိတ်ကို ရှငိးရှငိးလင်းလင်း ဖြစိစေပါတယ်။

၃။ ညကတည်းက မနက်ဖြန်အတွက် အစီအစဉ်ဆွဲထားပါ။ ဥပမာ၊ မနက်ဖြန် ဝတ်မည့် အဝတ်အစား၊ ဖိနပ် နေ့လည်စာ၊ အပြင်သွားရင် ရုံးသွားရင် ယူသွားရမယ့် ပစ္စည်း စသဖြင့် ကြိုတင်ပြင်ဆင်ထားပါ။ လုပ်စရာရှိသည့် အရာများ ၊ စာရင်းများကို အချိန်ဇယား ပြုလုပ်ထားပါ။ မနက်ရောက်တဲ့ အခါ
ဒီနေ့အတွက် အရေးတကြီး လုပ်စရာရှိတာတွေ ပြီးမြောက်အောင်လုပ်ရမှာတွေကို ခေါင်းထဲမှာ အစီအစဉ်တကျ ပေါ်လာပြီး နိုးနိုးကြားကြားနဲ့ နိုးထဖို့ အဆင်သင့်ဖြစ်နေမှာပါ။

15740963_1068926379882419_5891010007020172761_n

၎။ အရသာရှိတဲ့ မနက်စာကို ပြင်ဆင်ထားပါ။
အားလုံးလည်း သိကြမှာပေါ့။ တနေ့တာလုံးအတွက်
အရေးကြီးဆုံးအစာက မနက်စာပဲဆိုတာ။ အာဟာရလည်းရှိ အရသာလည်း ရှိတဲ့ မနက်စာကို စားပီး တနေ့တာလုံး အားအင်အပြည့် ဖြစ်စေမှာပါ။ သရေကျစရာ မိမိကြိုက်နစ်သက်တဲ့ မနက်စာ စားရမှာကို နိုးနိုးချင်းမှာ စိတ်ကူးယဉ်ကြည့်ပါ။ အိပ်ရာက တက်တက်ကြွကြွနိုးထချင်စိတ်တွေ ဖြစ်လာမှာ အသေအချာပဲပေါ့။

15780903_1068926319882425_6679824590258131489_n

၅။ ၁၀မိနစ် ၁၅မိနစ်လောက် အချိန်ပေးပီး လေ့ကျင့်ခန်း ဒါမှ မဟုတ် တရားထိုင်ကြည့်ပါ။
အမေရိကန်သမ္မတ အိုဘားမားက ပြောပါတယ်။
ခေါင်းကြည်လင်ပီး စိတ်ဖိစီးမှုတွေကို လျော့ချ နိုင်အောင်
မနက်တိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ပါတယ်တဲ့။
မှန်ပါတယ်။ စောစောစီးစီးလေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ရော လူကော လန်းဆန်းစေရုံမက သင့်ရဲ့ စိတ်ကို တည်ငြိမ်စေပါတယ်။

15780892_1068926223215768_143465951065920620_n

၆။ မနက်ခင်း ဘာမှ မစားရသေးခင် ရေသောက်ပါ။
မနက်စောစော ရေသောက်ခြင်းဟာ သင့်ရဲ့ အစာအိမ်ကို သန့်ရှင်းစေပါတယ်။ ခေါင်းကို ကြည်ကြည်လင်လင် ဖြစိစေသည့်အပြင် လန်းဆန်းတက်ကြွစေပါတယ်။

၇။ နံနက်ခင်းကို အပြုံးနဲ့ စတင်ပီး လောကကြီးကို အကောင်းမြင်တဲ့ စိတ်နဲ့ နိုးထပါ။
ဒီနေ့တစ်နေလုံးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးမယ်ဆိုတဲ့ သန္ဒိတ်ဋ္ဌာန်ချမှတ်ထားပါ။
ကြုံလာမဲ့ ပြသနာတိုင်းအတွက် အားအင်အပြည့်နဲ့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အတွေးတွေ ထည့်ထားပါ။
ဒီအတွေးလေးတွေဟာ သင့်တနေ့တာလုံး ပိုမိုကောင်းမွန်စေမှာ မလွဲပါပဲ။
ကမ္ဘာကျော် Apple ကုမ္ပဏီကို တည်ထောင်ခဲ့ တဲ့ Steve Jobs
ဟာ မနက်တိုင်း သူ့ကိုယ်သူ မေးခွန်းတစ်ခု မေးပြီးမှ စတင်ပါတယ်တဲ့။
ဒါကတော့ ..ဒီနေ့ဟာ ငါ့ဘဝရဲ့ နောက်ဆုံး နေ့ရက်ဆိုရင် ဒီနေ့ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြတ်သန်မလဲ..တဲ့။
ဒီလိုပဲ နေ့သစ်တိုင်းကို နောက်ဆုံးရက်တစ်ရက်လို သဘောထားပီး မကောင်းဆုံး ဖြတ်သန်းဖို့ မနက်ခင်း ကတည်းက ပြင်ဆင်ထားရင် တနေ့တာလုံး ဟာ ပိုမို သစ်လွင်နေတော့မှာ ကျိန်းသေပဲနော။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.