ကျွန်မတို့ မိန်းကလေးတွေက

ကျွန်မတို့ မိန်းကလေးတွေက…
၁. နှိုးစက်ကို လိုတာထက် (၁၀)မိနစ်လောက် စောထားပြီး နှိုးစက်မြည်ရင်လည်း ပြန်ပိတ်ပြီး အိပ်ပျော်သွားတတ်တယ်။

၂. မျက်တောင်ကော့တဲ့အခါမှာ ပါးစပ်က ဟနေမိပြီး သတိထားမိလို့ ပါးစပ်ပြန်စေ့လိုက်တဲ့အခါ မျက်တောင်ကော့ဆေးတွေ မျက်နှာမှာပေကုန်ရော။

၃. ဖုန်းကိုလည်း အိတ်ထဲမှာ ပစ်ထားတတ်ပြီး ဖုန်းလာရင် အိတ်ထဲမှာ ဒေါင်းတောက်အောင်ရှာရရော။

၎. တစ်နေရာရာမှာ အသုံးဝင်မလားဆိုပြီး ကိုယ် ဘယ်တော့မှ မသုံးဖြစ်တဲ့ ပစ္စည်းတွေကိုလည်း အိတ်ထဲမှာ ထည့်ထားတတ်ကြတယ်။

၅. ပစ္စည်းတွေကို နေရာတကျ ထားတတ်ပြီး တကယ် အသုံးလိုတဲ့အခါ ဘယ်နေရာမှ ထားမိမှန်း မမှတ်မိတော့ဘူး။

၆. အပြင်မထွက်ခင် တစ်ခါလောက်တော့ မှန်ကို ကြည့်ရမှ ကျေနပ်ကြတယ်။

၇. မှန်ကြည့်ရင်းနဲ့ ပုံစံမျိုးစုံ လုပ်ကြည့်ရင်း “ အင်း ဒီပုံစံလေးနဲ့ selfie လေး ဆွဲလိုက်ဦးမယ်” လို့ တွေးတတ်ကြတယ်။

၈. လမ်းလျှောက်လို့ ဘေးမှာ အိတ်မပါရင် လက်ကို ဘယ်လိုထားပြီး လျှောက်ရမှန်းမသိဘူး။

၉. မအိပ်ခင်တော့ ခေါင်းတစ်ခါလောက်တော့ ဖြီးတတ်ကြတယ်။

၁၀. ဗီရိုထဲမှာ အ၀တ်တွေ အပြည့်ရှိပေမယ့် ၀တ်စရာမရှိဘူးလို့တွေးတတ်ကြတယ်။

၁၁. ခရီးထွက်လို့ ၂ ည အိပ် ၃ ရက်ခရီးဆိုရင်လည်း အိတ်ထဲမှာ အ၀တ်အစား (၇)စုံလောက်တော့ အနည်းဆုံးထည့်တတ်ကြတယ်။

၁၂. သူငယ်ချင်းတွေ စုမိရင်လည်း စကားတွေ ဖောင်ဖွဲ့ ပြီးပြောရတာအရမ်းကြိုက်တယ်။ (အချိန်ကိုတောင် သတိမထားမိလောက်အောင်ပဲ။)

၁၃. အုပ်စုလိုက် ဓာတ်ပုံရိုက်လို့ ကိုယ့်ပုံမလှရင် အတင်းဖျက်ခိုင်းတတ်ကြတယ်။

၁၄. ကိုယ့်ကို ချီးကျူးရင် ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ ရှက်ကိုးရှက်ကန်းဖြစ်နေတတ်ကြတယ်။

၁၅. ချစ်သူနဲ့ ရန်ဖြစ်လို့ ကိုယ်ကမှားတယ်ဆိုရင်တောင် ကိုယ့်ကို အရင်တောင်းပန်တာပဲ လိုချင်ကြတယ်။

အချက် အားလုံးမဟုတ်ရင်တောင် အချို့အချက်တွေ တော့ ကိုက်ညီတယ်ဟုတ်??? Funny facts of women မှ ဘာသာပြန်ဆိုထားပါသည်။
page များအနေနဲ့ For her Myanmar ကို credit ပေးပြီး share မယ်ဆို ပျော်မိမှာပါ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.