ယောကျာ်းစစ် ရှာပုံတော်

(ယောကျစစ်ဟုဖတ်ပါ။)

ပုရိသတို့ မဖတ်ရ။

တူတူအိပ်ကြည့်စရာ မလိုပဲ ယောကျာ်းစစ်မစစ် သိနိုင်မည့် နည်းလမ်း👇👇👇

ကမ္ဘာ့လူဦးရေ စစ်တမ်းအရ ယောကျာ်းဦးရေသည် မိန်းမဦးရေထက် နည်းပါးသည်။ရပါသည်။ ကိစ္စမရှိပေ။ ယောကျာ်းဦးရေနည်းပါးသည့်ကြားကပင် မိန်းမစိတ် ဝင်သူကဝင် ယောကျာ်းချင်းပြန်ကြိုက်သူကကြိုက်သည်။ ထားပါ ရပါသည်။ ဤသည်မှာလည်း ကိစ္စမရှိသေးပေ။ ကိစ္စရှိသည်က ကိုယ်ယူမည့် ယောကျာ်းသည်ဖြင့် နှစ်ဖက်ချွန်ဖြစ်နေလျှင် (သို့) အပုန်းဖြစ်နေလျှင် မိမိမှာ အဂွမ်းကြီးဂွမ်းပေမည်။
သို့ပါ၍ အနည်းငယ် စာရှည်သော်ငြား စာဆုံးသည်အထိဖတ်ကာ မိန်မသားတို့ အချင်းချင်း ဤနည်းလမ်းအား ဝေမျှကြကုန်။
ယောကျာ်းစစ်မစစ် စစ်ဆေးမည့် စစ်ဆေး မိမိကို စတင်ချဉ်းကပ်သည့်အချိန်(သို့) မိမိစတင် ကြိတ်ကြွေမိသလို ဖြစ်သည့်အချိန်ကပင် စစ်ဆေးသင့်ပေသည်။ သို့မှသာ ခံစားချက်မလွန်ခင် သိရမည် မဟုတ်ပါလော။သို့သော်ငြား စတွေ့သည်နှင့် သံသယလွန်ကဲစွာ စစ်ဆေးပါဟု မပြောလို။ မိန်းမသားတို့ အားသာချက်မှာဆဋ္ဌမအာရုံပင်။ ဆဋ္ဌမအာရုံဆိုသည်မှာ အကြားအမြင်ရခြင်းကို မဆိုလို။တစ်ခုခု ပုံမှန် မဟုတ်လျှင် စိတ်ထဲတွင် ထင့်နေတတ်ခြင်းဖြစ်သည်။ စိတ်ထဲထင့်မိသွားလျှင် ဤသို့ စုံစမ်းပါ။
တချို့သော ယောကျာ်းမစစ် များသည် မိမိ မစစ်ကြောင်း လူသိမခံလို။လူသိခံမခံဆိုသည်မှာလည်း သူတို့လွတ်လပ်ပိုင်ခွင့်ပင်။ ရပါသည်။ နားလည်ပါသည်။ သို့သော် ဆိုးရွားသည့်ကိစ္စမှာ အချို့မှာ မိမိအပုန်းမှန်း အသိမခံလို၍ ကျွန်မတို့ မိန်းမသားများကို သားမယားအဖြစ်ထားကာ ဘဝအမှန်ကို ဖုံးထားကြခြင်းပင်။ကျွန်မပြောချင်သည့်နည်းလမ်းဆိုသည်မှာ ဤအဖြစ်ဆိုးမှ ကာကွယ်ရန်ဖြစ်သည်။ (ဤတွင် ပတ်ဝန်းကျင် အပြောအဆိုခံကာ မိမိသဘာဝကို ကြေညာထားသော လိင်တူဆက်ဆံပုရိသနှင့် နှစ်ပိုင်းတစ်ပိုင်းပုရိသများအား အထူးလေးစားမိပါသည်။)
စုံစမ်းစစ်ဆေးသည့် နေရာတွင် လိမ္မာပါးနပ်စွာ တိတ်တဆိတ်စုံစမ်းသင့်ပေသည်။ မတော်၍ အစစ်ဆေးခံ တစ်ဖက်လူ သိသွားလျှင် ယောကျာ်းစစ်နေပါက အကြီးကြီး ဒေါကွီးနိုင်ပေသည်။ ကိုယ်ချင်းစာပါ။
အောက်ပါ အချက်အလက်များသည် နည်းလမ်းဆိုသည်ထက် သတိထားသင့်သော အချက်အလက်များပင်။ ဂေးများသည် တစ်ယောက်နှင့် တစ်ယောက် ဂေးပုံဂေးနည်းချင်းမတူ။ သို့သော် အများစုပြုမူတတ်သော အပြုအမူများကို အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။

Photo by John Ewing/staff photographer... Thursday, November 8, 2012...Jason Parent, a floral designer at Harmon's & Barton's flower shop makes up boutonnieres and bouquets for an upcoming wedding.

(၁)အကြိုက်များကို သတိထားပါ။

တစ်ခါတစ်လေ အလှအပအနည်းငယ်မက် အဝတ်အစား တောက်တောက်ပြောင်ပြောင်ဝတ် အမူအရာနွဲ့နေပါက အပုန်းဟု မှတ်တတ်ကြသည်။ ထိုအချက်တစ်ခုတည်းကြောင့် အပုန်းဟု မသတ်မှတ်စေလို။ အလှအပမက်သော်ငြား ယောကျာ်းစစ်သူများတစ်ပုံတစ်ပင်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသော ပုရိသတို့သည် ပေါ်ပေါ်လွင်လွင် နေလို၍ အလှအပကြိုက်ခြင်းသာ။ သို့သော် ထိုအရာသည်လည်း ထည့်သွင်း စဉ်းစားစရာအချက်တစ်ချက်ဖြစ်သည်။

ထို့နောက် အပုန်းများသည် သာမန်ထက်ပို၍ နူးညံ့သည့်အရာများကို ကြိုက်နှစ်သက်ကြသည်။ အသွင်အပြင်မှာ ဗလတောင့်တောင့် ခန့်ခန့်ချောချော လူကြီးလူကောင်းပုံ ဖြစ်နေသော်ငြား နှစ်သက်သည့်အရာများမှာ မိန်းကလေးများထက်ပင် နူးညံ့သိမ်မွေ့နေတတ်သည်။(သို့သော် ဤအချက်တစ်ချက်တည်းကြောင့် ကျိန်းသေပေါက် သတ်မှတ်၍မရ၊ အနုအရွကြိုက်တတ်သော ယောကျာ်းစစ်များလည်း ရှိတတ်သည်။)

Affectionate gay couple

(၂)အပြုအမူကို လေ့လာပါ။

နောက်တစ်ချက်မှာ အပြုအမူကို တစေ့တစောင်းလေ့လာပါ။ ရိုင်းရိုင်းပြောရလျှင် နှာဘူးဆိုပါက မိန်းကလေးများကိုသာ ငမ်းပါလိမ့်မည်။ ထိုအပုန်းများ၏မျက်လုံးအစုံမှာ အဆင်ကောင်လေးများတွင်သာ တဝဲလည်လည်ဖြစ်နေတတ်သည်။
အပေါင်းအသင်း ယောကျာ်းလေး သူငယ်ချင်းများနှင့် ဆက်ဆံပုံမှာ သာမန်မဟုတ်။ ပွတ်သီးပွတ်သပ်နေတတ်သည်။ ပို၍လည်း နွဲ့သွားတတ်သည်။
ဤအပြုအမူများမှာ ထိုသူများ အတတ်နိုင်ဆုံး ထိန်းသော်ငြား အသိစိတ်လွတ်သွားသည့် အချိန်တွင် ကျိန်းသေပေါက် လုပ်မိသည့် အပြုအမူများပင်။

 

img_1579

(၃)မသိမသာ အစ်အောက်ပါ။

ထို့နောက် လိင်တူကိစ္စနှင့်ပက်သက်၍ ဆွေးနွေးကြည့်ပါ။ဖြစ်နိုင်လျှင် မိမိလက်ခံနားလည်ပေသိ လက်မခံကြောင်း ပြောကြည့်ပါ။ ပုံမှန်ဆိုလျှင် လက်မခံ(သို့) လူ့အခွင့်အရေးပေါ်မူတည်ပြီး ပြေရာပြေကြောင်း စကားနှင့် ထိုကိစ္စအပေါ် နားလည်သည်ဟုသာဖြေလိမ့်မည်။ ထိုသူများမှာ အစွန်းနှစ်ဖက် ပြုမူတတ်သည်။ မိမိကိစ္စပေါ်မည်စိုး၍ စကားလမ်းကြောင်းလွှဲတတ်ကြသည်။ (သို့) အားတက်သရော ယင်းအခွင့်အရေးအပေါ် ဆွေးနွေးတတ်သည်။

img_1580

 

(၄)ရှောင်တခင် စစ်ဆေးပါ။

စကားပြော နေရင်းမှ “ရှင့်ရည်းစား ဟိုမှာ” ဟုရုတ်တရက်ပြောကြည့်လိုက်ပါ။ (အငိုက်ဖမ်းပါ။)အပုန်းဆိုလျှင် အမျိုးသားအများစု ရှိသည့်ဘက် လိုက်ရှာတတ်ပြီး ပုံမှန် အမျိုးသားများမှာ အမျိုးသမီးများဘက်မှာ လိုက်ရှာတတ်သည်။(အခြေအနေကြည့်၍ လှုပ်ရှားပါ။) ကိုယ့်ကို ချစ်ကြောင်း ဝန်ခံထားသည့် ကြား လိုက်ရှာနေလျှင်ဖြင့် ထိုနေရာမှ ထထွက်ခဲ့ပါ။(ဤနည်းလမ်းမှာ ယောကျာ်းစစ်မစ်သာမက တစ်ဖက်လူ ရည်းစားရှိမရှိပင် စစ်ဆေးနိုင်ပေသည်။)

img_1576

(၅)နောက်ကြောင်းလိုက်ပါ။

မိမိစမ်းစစ်ကြည့်လိုသူ၏ ဖေ့ဘွတ် ပရိုဖိုင်ကို ကြည်ကြည့်ပါ။ ယောကျာ်းလေးအများစုသည် အပေါင်းအသင်းမင်၏။ များသောအားဖြင့် သူငယ်ချင်း အနည်းဆုံး သုံးလေးယောက်လောက် ရှိတတ်ကြသည်။ သူငယ်ချင်းများနှင့် သွားထားလာထားသည်ကို မှတ်တမ်းတင်ကြသည်။ ယင်းမှာ ပုံမှန်ပါ။
ထူးခြားချက်မှာ အပုန်းများသည် တစ်ယောက်တည်းသော ယောကျာ်းလေးနှင့်သာ တပူးတွဲတွဲ သွားလာသည်များ တွေ့ရတတ်သည်။
ထိုသူ၏ ပတ်ဝန်းကျင်၊သူငယ်ချင်းများထံ မသိမသာ စုံစမ်းပါ။ မီးရှိသည့်နေရာတွင် မီးခိုးထွက်မည်မှာ ဧကန်ပင်။
အထက်ပါ နည်းလမ်းများမှာ အပုန်းများအား အပြင်လူတစ်ယောက်အနေနှင့် အတတ်နိုင်ဆုံး စုံစမ်းရန်နည်းများဖြစ်သည်။အမှန်မှာ ပုရိသတစ်ယောက်သည် ခြောက်ချင် ခြောက်နိုင်သည်၊ စိုချင်စိုနိုင်သည်။ လိင်တူဆက်ဆံချင် ဆက်ဆံနိုင်သည်၊ လိင်ကွဲဆက်ဆံချင် ဆက်ဆံနိုင်သည်။ ဤသည်မှာလူတစ်ယောက်၏လွတ်လပ်ပိုင်ခွင့်ပင်။ မိမိပုန်းနေသည်ကို လူသိမခံလိုသည်မှာလည်း လူ့အခွင့်အရေးပင်။ သို့သော် လူသိမခံလို၍ မိန်းမတစ်ယောက်ကို အသုံးချခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းပင်။
ပျိုမေတို့ အနေဖြင့် မိမိ လူ့အခွင့်ရေး အချိုးဖောက်မခံချင်သကဲ့သို့ သူတစ်ပါးအခွင့်အရေးကိုလည်း မချိုးဖောက်သင့်ပေ။ မိမိအား ပုရိသတစ်ယောက်က အမှန်အတိုင်း မိမိဘဝအမှန်ဟု ဝန်ခံလာသော် (သို့) တစ်နည်းနည်းဖြင့် သိသွားသော် မိမိအား မရိုးမသားမဆက်ဆံသ၍ ပုံမှန်ဆက်ဆံသင့်ပေသည်။လှောင်ပြောင်ခြင်း၊ ရှောင်ဖယ်ခြင်း၊ ကြဉ်ထားခြင်းတို့ မပြုသင့်ပေ။ ထိုသူများမှာ ကံအကျိုးပေးကြောင့်သာ ထိုကဲ့သို့ဘဝ ပိုင်ဆိုင်နေရခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည်လည်း ထိခိုက်လျှင် နာကျင်တတ်သည့် ခံစားချက်နှင့် လူသားများပေသာ။

Resource: လူတစ်ချို့၏ ဖြစ်ရပ်မှန်အတွေ့အကြုံ
http://m.wikihow.com/Discreetly-Find-out-if-Someone-You-Know-Is-Gay
https://www.psychologytoday.com/blog/love-and-sex-in-the-digital-age/201412/is-your-man-gay-straight-or-bisexual
http://www.lovepanky.com/women/understanding-men/

 

 

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.