စိတ် ဖိစီးနေပါသလား ရေခဲမုန့်ရှိတယ်

ရေခဲမုန့်စားပြီး စိတ်ဖိစီးမှုကို လျှော့ချကြစို့!!!

ဒီသတင်းကို ကြားရတဲ့အခါ ရေခဲမုန့်သရဲ ကျွန်မအဖို့ အတိုင်းမသိ ဝမ်းသာရပါတယ်။ ရေခဲမုန့်က စိတ်ဖိစီးမှုသက်သာစေတယ်ဆိုတော့ ပျော်ပြီလေ။ ရေခဲမုန့်စားဖို့ဆင်ခြေ..အဲ..ဟုတ်ပါဘူး အကြောင်းအရင်းတစ်ခု ရပြီပေါ့။😝
ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံပညာရှင်များက ရေခဲမုန့်စားခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့ဆိုထားပါတယ်။ ရေခဲမုန့်မှာပါဝင်တဲ့ ခရင်မ်နဲ့ နို့ဟာ စိတ်ငြိမ်စေတဲ့ အမိုင်နိုအက်စစ် (tryptophan) ပမာဏများများ ပါဝင်ပါတယ်။Trytophan ဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့အပြင် ကောင်းကောင်း အိပ်ပျော်စေပါတယ်။ ဒါပေမဲ့ ရေခဲမုန့်များများစားရင်လည်း ဝနိုင်တဲ့အတွက်ကြောင့် တစ်ခွက်လောက်ဆို လုံလောက်ပြီလို့ ဆိုထားပါတယ်။ (အာတော့ မကောင်းဘူး😁တစ်ခွက်တည်းနဲ့ဝဘူး😁)
ဘယ်လိုလဲ ပျိုမေတို့ …ဒီနည်းလမ်းကို သဘောကျတယ်ဟုတ်? 😉
ဘယ်လိုပဲဖြစ်ပါစေ စိတ်ဖိစီးမှုရှိပြီးသားကို ကုသတာထက် အစတည်းက မရှိတာတော့ အကောင်းဆုံးပေါ့။ ပျိုမေတို့ စိတ်ဖိစီးမှုက ကင်းဝေးနိုင်ပါစေ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.