လွယ်ကူရိုးရှင်း Corn-Mayo Sandwich

မနက်စာပဲ ဖြစ်စေ၊ ညနေအစာပြေပဲ ဖြစ်စေ စားလို့အသင့်တော်ဆုံး sandwich လေးပါ။ အဆီအစိမ့်မပါပဲ အာဟာရဓာတ်လည်းကြွယ်ဝတဲ့အတွက် diet လုပ်တဲ့ပျိုမေတို့ စမ်းလုပ်စားသုံးကြည့်ဖို့အတွက် မျှဝေပေးလိုက်ပြီနော်။

ပါဝင်ပစ္စည်းများ

-ပေါင်မုန့်

-ပြောင်းဖူးပြုတ် (ပြုတ်ပြီးလျှင် ခြွေထားပါ)

-ငရုတ်ပွ (အစိမ်း)

-ခရမ်းချဉ်သီး

-Mayonnaise

-ထောပတ်

-ဆား

-ငရုတ်ကောင်း

ပြုလုပ်နည်း

-ခရမ်းချဉ်သီး နှင့် ငရုတ်ပွတို့ကို လေးထောင့်အရွယ်သေးသေးလေး လှီးထားပါ။

-ပြောင်းဖူးပြုတ်ပြီးလျှင် အစေ့လိုက်ခြွေထားပါ။

-ဇလုံတစ်ခုထဲတွင် လှီးဖြတ်ထားသော ခရမ်းချဉ်သီး နှင့် ငရုတ်ပွ၊ အဆင်သင့်ခြွေထားသော ပြောင်းဖူးပြုတ် ကိုရောထည့်ပါ။ ပြီးလျှင် mayonnaise ၊ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို လိုအပ်သလောက်ထည့်ပြီး ရောနယ်ပါ။ -ပေါင်မုန့်ပြားနှစ်ချက်ကိုယူ၍ ထောပတ်သုတ်ပါ။ ပြီးလျှင် နယ်ထားသောပစ္စည်းများကို ထည့်ပါ။ (*cheese ကြိုက်လျှင် အပေါ်က cheese တစ်လွှာ အုပ်၍ရသည်။)

-ထို့နောက် ဒယ်ပြားပေါ်တွင် ထောပတ်အနည်းငယ်ထည့်ကာ ပေါင်မုန့်ကို ကင်ပါ။

-အညိုရောင်သန်းလာလျှင် ပေါင်မုန့်ကင်ကို ဒယ်ပြားပေါ်မှ ယူ၍ ကန့်လန့်ဖြတ် တြိဂံပုံလှီးကာ စားသုံးနိုင်ပါပြီ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.