ညစာနဲ့ တွဲစားသင့်တဲ့ diet soup

ပိန်လည်း ပိန်ချင်တယ်။ ညစာကိုလည်းမရှောင်ချင်ဘူး ဆိုတဲ့  သူတွေစိတ်ပူစရာမလိုပါဘူး။ ဖြည်းဖြည်းပေါ့။ ဖြည်းဖြည်းနဲ့မှန်မှန်လုပ်ခြင်းက ဘယ်တော့မှမမှားပါဘူး။
အခုဆို ကိုယ်ကြိုက်တဲ့ညစာလေးနဲ့ ဝိတ်ကျစေမယ့် ဟင်းခါးလေးကို တွဲစားမယ်ဆိုရင် ပိုမကောင်းဘူးလား။ ဒါကြောင့်မို့လို့ for her myanmar မှ ပျိုမေတို့်အတွက် diet soup တစ်မျိုးဖြစ်တဲ့ ဂေါ်ဖီဟင်းခါး ပြုလုပ်နည်းကိုမျှဝေပေးလိုက်ပါတယ်။
ဂေါ်ဖီထဲမှာ တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ Vitamin K နှင့် Vitamin C တစ်ဝက်လောက်ပါနေပါတယ်။ ထို့အပြင် ကယ်လိုရီနည်းပြီး အာဟာရဓာတ်ကြွယ်ဝတဲ့အတွက်လည်း diet လုပ်မယ့်ပျိုမေတို့အတွက် သင့်လျော်ပါတယ်။

ပါဝင်ပစ္စည်းများ
-ကြက်သွန်နီ
-ခရမ်းချဉ်သီး
-ဂေါ်ဖီထုပ်
-ငရုတ်သီးပွ
-နံနံပင်
-ရေ

ပြုလုပ်နည်း

-ကြက်သွန်နီ နှင့် ငရုတ်သီးပွကို လှီးဖြတ်ထားပါ။
-ဒယ်အိုထဲတွင်ဆီထည့်ကာ လှီးဖြတ်ထားသော ကြက်သွန်နီနှင့် ငရုတ်ပွကို ထည့်ကာ ကြက်သွန်နီ အညိုရောင်သန်းလာသည်အထိ မွှေပါ။
-ထို့နောက် ခရမ်းချဉ်သီး၊ဂေါ်ဖီနှင့် နံနံပင် နဲ့အတူ ရေထည့်ကာ ဆူသည်အထိ တည်ထားပါ။
-ပြီးလျှင် ငရုတ်ကောင်းနှင့် ဆားထည့်ကာ ညစာနှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

ပျိုမေတို့ အလှတိုးနိုင်ကြပါစေ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.