အရသာအသစ်တစ်မျိုးနဲ့ အာလူးဝက်သားလိပ်

အာလူးကို ကြော်စား ချက်စား ပြုတ်စား သုပ်စားနဲ့ ရိုးအီနေကြပြီလား?
ဒါဆိုရင် တစ်မျိုးလေး ထွင်စားရအောင်။ အာလူးလုံးလေးတွေကို ဝက်သားပြားနဲ့လိပ်လိုက်ရင် ဘာအရသာလေးများထွက်လာမလဲ??? အရမ်းလွယ်တယ်နော် လုပ်စားကြည့်ရအောင်လား။

ပါဝင်ပစ္စည်းများ

အာလူး (အလုံးသေး) – ၂၀ လုံး
ဝက်သားလွှာ – ၅ ပြား
အကြော်မှုန့် – ၃ စားပွဲတင်ဇွန်း
သွားကြားထိုးတံ – ၂၀ ချောင်း
ဆီ – သင့်ရုံ

15589737_403421733382614_2562754818121377510_n

ပြုလုပ်နည်း

– အာလူးများကို ပြုတ်ပြီး အခွံခွာထားပါ။
– ဝက်သားလွှာများကို တစ်ပြားလျှင် လေးပိုင်းဖြတ်ထားပါ။
– အာလူးတစ်လုံးချင်းစီကို ဝက်သားလွှာပတ်ပေးပါ။
– ထို့နောက် အလိပ်ပြေမသွားရန် သွားကြားထိုးတံနှင့်ထိုးပေးထားပါ။
– ဝက်သားအာလူးလိပ်လေးများအား အကြော်မှုန့်လူးပေးပါ။
– ဒယ်အိုးထဲတွင် ဆီထည့်၍ ဆီပူလာလျှင် အာလူးလေးများကို ကြော်ပါ။ ရွှေအိုရောင်သမ်းလာလျှင် စားလို့ရပါပြီရှင်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.