ရေမခန်းဘဲချစ်သူလေးနဲ့ ဒိတ်လုပ်ကြမယ်

ချစ်သူလေးနဲ့ချိန်းတွေ့ဖို့ ရေလျှံနေမှ ဖြစ်မယ်ဆိုတဲ့ အတွေးလေးတွေ ခုချိန်ကစပြီး ခေါက်ထားလိုက်ပါ။

ဘာလို့လဲဆိုတော့ ရေ မခန်းဘဲ ချစ်သူလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလို့ရမယ့် နေရာလေးတွေ နည်းလမ်းလေးတွေ ပြောပြပေးမှာမို့လေ။

ကောင်လေးတော်တော်များများ “ရေခန်းနေတယ် ကောင်မလေးနဲ့မတွေ့ချင်သေးဘူးကွာ။ နောက်ရေလျှံတော့မှပဲ တွေ့တော့မယ်ကွာ” စသဖြင့် ညည်းတွားလေ့ရှိတတ်ကြပါတယ်။ အဲ့လိုအဖြစ်မှန်ကို ကောင်မလေးက မသိတော့ “ငါ့ရည်းစား ငါ့အပေါ် အချစ်ပေါ့လာတယ်” လို့ အထင်ရောက်ကုန်ကြရော။ အဓိက ချစ်သူနှစ်ဦးချိန်းတွေ့တယ်ဆိုတာ တစ်ယောက်နားမှာ တစ်ယောက်ရှိပြီး ကြင်ကြင်နာနာ အချိန်ပေးဖို့က အဓိကပါပဲနော်။ ပိုက်ဆံအများကြီးသုံးလိုက်မှ ပျော်ရတာ မဟုတ်ပါဘူး။

 

cy

(၁) ကဲ ဒါဆိုရင် ရေသိပ်မကုန်ဘဲနဲ့ ရန်ကုန်မှာ ချိန်းတွေ့လို့ရတဲ့နေရာလေးတွေကို အရင်ပြောပေးမယ်နော်။

ဥပမာ တိုင်းရင်းသားကျေးရွာတို့ တိရိစ္တာန်ဥယျာဉ်တို့လိုနေရာမျိုးလေးတွေပေါ့။

တိုင်းရင်းသားကျေးရွာကိုဆိုရင် လှည်းတန်းလိုနေရာမျိုးက စီးသွားရင် အများဆုံးကျ ငါးရာပဲ။

အဲ့ကနေ ဝင်ကြေးက ၅၀၀ပေါ့။ အဲရောက်ပြီဆိုရင် စက်ဘီးလေး ငှားပြီး ကောင်မလေးက ကောင်လေးခါးကိုဖက်လို့ တိုင်းရင်းသားကျေးရွာကို စက်ဘီးလေးစီးပြီး ပတ်။

ကုန်ကျစရိတ်သက်သာချင်ရင်တော့ ထမင်းချိုင့်လေး သယ်သွားတာ အကောင်းဆုံးပဲနော်။

ပြီးကျ အရိပ်ရတဲ့နေရာလေးမှာ တူနှစ်ကိုယ်ကြား စကားလေးတွေပြော ကြည်နူးလို့ရသေး။

နောက်တစ်နေရာက ကန်တော်ကြီးဥယျာဉ်ထဲ ရိက္ခာအပြည့်စုံနဲ့သွားပြီး

ပျော်ပွဲစားထွက်လို့လည်းရသေးတယ်နော်။

နောက်ပြီးတော့ နာမည်နဲ့လိုက်အောင် စိမ်းလန်းစိုပြေတဲ့ စိမ်းလန်းစိုပြေမှာလည်း ချိန်းတွေ့လို့ရသေး။ လက်ပ်တော့လေးဖြစ်ဖြစ် ဖုန်းလေးဖြစ်ဖြစ်ယူသွားပြီး ရုပ်ရှင်ဇာတ်လမ်းတွေကို ရုံထဲမှာ ကြည့်နေရသလို ကြည့်ကြမယ်။ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် ဘာတွေကို သဘောကျလဲ သဘောမကျဘူးလဲဆိုတာ ပြောကြမယ်။ ဒါမှမဟုတ်လည်း သူငယ်ချင်းတွေပါ ခေါ်ပြီး အရိပ်ရတဲ့နေရာလေးမှာ ဂိမ်းလေးတွေဆော့ကြမယ်။

အမလေး အတွဲတွေ ချိန်းတွေ့ရာ ပေါင်းချုပ်ကို ရေးပေးနေသလားအောက်မေ့ရ။ 😛

 

c

(၂) ဘာတွေလုပ်လို့ရသေးလဲ။

ပညာဒါနအတန်းလေးတွေ တူတူတက်ပါ။ သင်တန်းတော့ မှန်မှန်တတ်ဖို့အရေးကြီးတယ်နော်။

တစ်ယောက်နဲ့တစ်ယောက် မသိတာတွေ သင်ပေးပါ။

ဒါမှမဟုတ် ရေခဲမုန့်ကို ကတော့နဲ့ဝယ်ပြီး လမ်းလျှောက်ရင်း စကားပြောလို့လည်းရသေးတယ်။

ဒါမှမဟုတ် လုပ်အားပေးတူတူလုပ်ကြမယ်။ မိဘမဲ့ကလေးကျောင်းတွေသွားပြီး ကလေးတွေ တူတူ ထိန်းကြမယ်။ စိတ်ကူးလေးနဲ့တင် ပျော်စရာကောင်းနေပြီနော်။

နှစ်ယောက်က စာဖတ်ရတာဝါဿနာပါတယ်ဆိုရင်တော့ စာကြည့်တိုက်ထဲသွားလို့ စာတွေ တူတူဖတ်ကြမယ်။

ကောင်းကင်ကြီးကိုကြည့်ပြီး အနာဂါတ်အိမ်မက်အကြောင်း တူတူပြောမယ်။ တစ်ယောက်ပုံတစ်ယောက် ဆွဲပေးကြမယ်။ ဓာတ်ပုံလေးတွေ ရိုက်မယ်။

ခုခေတ်ကြီးမှာ ရည်းစားစာပေးတယ်ဆိုတာကတော့ ခေတ်တုံးသွားပြီနော်။ ဒါပေမယ့် ချိန်းတွေ့ရင်း တစ်ယောက်အတွက်တစ်ယောက်က ရည်းစားစာလေးတွေရေးပြီး ဖတ်ကြည့်ကြတာလည်း အရမ်းကြည်နုးဖို့ကောင်းပါတယ်။

အားကစားလိုက်စားတတ်တဲ့ အတွဲလေးတွေအတွက်ကတော့ ခု ဆောင်းတွင်းလေးလည်းရောက်လာပြီဆိုတော့ မနက်ပိုင်း ဆောင်းတွင်းလေ့ကျင့်ခန်းလေး တူတူလုပ်လို့လည်းရသေးတယ်နော်။

ဘာသာရေးလိုက်စားတဲ့ စုံတွဲလေးတွေကတော့ ဘုရားတူတူသွားမယ် တရားတူတူထိုင် ဘုရားတူတူရှိခိုးကြမယ်။

နောက်တစ်ခုက BRT ကားလေးကို ဂိတ်ဆုံးထိ စီးသွားပြီး လှော်ကားတို့လို၊ စစ်သင်္ချိုင်းလို အရိပ်ရပြီး ရှုခင်းကောင်းတဲ့နေရာလေးတွေ သွားကြမယ်။

ကဲဒါဆိုရင်တော့ ပိုက်ဆံလည်းသိပ်မကုန်ဘဲ နှစ်ယောက်သား တူတူ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်လို့ရမယ့် နည်းလမ်းလေးတွေ သိလောက်ပြီထင်ပါတယ်နော်။

Jasmine (For Her Myanmar)

Jasmine

I am a girl, who is dynamic and really enthusiastic to share my knowledge, experiences with all the girl. I am really fond of makeups and keep learning how to do perfect makeup.

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.