ဘုရားကပေးသော မောင်နှမများ

 ဘဝခရီးလမ်းကို တစ်ယောက်တည်း လျှောက်ရတယ် ဆိုတဲ့သူ ရှားပါတယ်။ လူတိုင်းနီးပါးတော့ မိသားစု ညီကိုမောင်နှမ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ရှိကြပြီးသားပါ တခါတလေကျတော့လည်း ထူးထူးခြားခြားလေး ဘဝမှာ ဖြစ်တတ်ပါတယ် “သူငယ်ချင်းတွေ” တဲ့။

သူငယ်ချင်းတွေကတော့ အမျိုးမျိုးပါပဲ သူငယ်ချင်းကောင်း ရှိသလို အယောင်ဆောင်သူငယ်ချင်းတွေလည်း ရှိပါတယ်။ ကိုယ့်မှာကော ဘယ်လိုသူငယ်ချင်းမျိုးတွေရှိနေပြီလဲ။ အရင်းနှီးဆုံးသူငယ်ချင်းကောင်းတွေဆိုတာက သူ့အကြောင်းစိတ်ထား ကိုယ်သိသလို ကိုယ့်အကြောင်းစိတ်ထားလည်း သူသိတယ် အရေးကြုံလို့တိုင်ပင်ရင် နည်းနည်းလောက် ဖောက်လိုက်ရမှ။ ပြီးတော့မှ ကိုယ့်ကိစ္စက သူ့ကိစ္စအတိုင်း အားတက်သရော ကူညီတတ်တယ်။

15281165_380012875665844_1466919130_n

ချော်လဲရင် အားရပါးရရီတယ် ရီလို့ဝမှ လာထူပေးတယ်။ မတွေ့ရင်လည်း သတိရ တွေ့ရင်လည်း ကြည့်မရတတ်ဘူး ဆရာမဆီသွားရင် ကိုယ့်ကို နောက်ကတွန်းပို့တတ်တယ်။ ကိုယ့်ဟင်းအရင်ယူစားပြီး သူ့ဟင်းလည်း ထည့်ပေးတတ်တယ်။

မွေးနေ့ရောက်ရင်လည်း ပျော်အောင်လုပ်ပေးပြီး ပေါက်ကရလက်ဆောင်တွေ ပေးတတ်တယ်။ အတန်းလစ်ဖို့ဆို နှစ်ခါမခေါ်ရဘူး။ သူကသာကိုယ့်ကို ပြောချင်သလိုပြောမယ် သူများကလာပြောရင် ကတ်ကတ်လန် ရန်တွေ့ပေးတတ်တယ်။

15328333_380012872332511_640648514_n

ကိုယ်သဘောကျနေတဲ့ ကောင်လေးရှေ့ရောက်ရင် ထွက်ပြေးချင်လောက်အောင် လိုက်စတတ်တယ်။ သူ့မိသားစုကလည်း ကိုယ့်ကို သိသလို ကိုယ့်မိသားစုကလည်း သူ့ကိုသိတယ် တစ်ခုခုစားနေရင် လှမ်းခေါ်တယ်။ ရောက်မလာခင်မှာလည်း အကုန်စားပစ်တတ်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်မှာ ဒုက္ခကြုံလာတဲ့အခါ လက်တစ်ဖက်ကမ်းပေးထားတဲ့သူတွေဟာ သူတို့တွေပါပဲ ။ အဲ့လိုမျိုး သွေးမတော်သားမစပ်တဲ့ မောင်နှမတွေရထားရင်တော့ သင်ဟာ ကံကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒီလူတွေကိုတန်ဖိုးထားပါ ကိုယ့်ဘဝအတွက် သူတို့ကို အရေးထားရင် တစ်သက်လုံးအကျိုးမယုတ်နိုင်တော့ပါဘူးနော်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.