ဝေဖန်သံရဲ့နောက်ကွယ်က မိန်းမသားတစ်ချို့

တက်တူးထိုးထားလို့ သူမကို မိန်းမဆိုးလို့ အမည်တပ်တယ်ပေါ့။ အပတ်စဉ်တိုင်း ဘုရားကျောင်းကန် သန့်ရှင်းရေးလုပ်ပေးတာလည်း သူမပဲလေ။

အတိုအပြတ်ဝတ်လို့ သူမကို မိန်းမမိုက်လို့အမည်တပ်တယ်ပေါ့။ ရေဘေးတုန်းက ပျက်စီးခဲ့တဲ့နေရာတွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီခဲ့တာလည်း သူမပဲလေ။

ကလပ်မှာ အလုပ်လုပ်လို့ သူမကို မိန်းမပျက်လို့အမည်တပ်တယ်ပေါ့။ သူမ ညီမလေးကို ကျောင်းစရိတ်ထောက်ပံ့တာသူမပဲလေ။

Single parent မို့လို့ သူမကို မိန်းမညံ့လို့အမည်တပ်တယ်ပေါ့။ အလုပ်လုပ်ကို ခက်ခက်ခဲခဲ လုပ်ပြီး သူမကလေးကိုပြုစုပျိုးထောင်တာ သူမပဲလေ။

ကြက်ဥတစ်လုံးကို အပြင်ပန်းသဏ္ဍာန်ကြည့်ပြီး အထီးဖြစ်လာမလား အမဖြစ်လာမလား ဆုံးဖြတ်လို့မလွယ်ပါဘူး။ ပုံပန်းသဏ္ဍာန်ကြည့်ပြီး မိန်းကလေးတစ်ယောက်ကို ဝေဖန်တယ်ဆိုတာ အမြင်ကျဉ်းသူတစ်ယောက်ရဲ့အလုပ်ပါ။ သိုးရေခြုံတဲ့ ဝံပုလွေ လိုပဲ လှပသိမ်မွေ့ဟန်ဆောင်ပြီး သူတစ်ပါးဘဝကို ဖြိုခွဲဖျက်စီးပစ်တဲ့မိန်းမတွေရှိပါသေးတယ်။

တက်တူးထိုးလို့ မိန်းမဆိုးမဟုတ်ပါဘူး။
အတို အပြတ်ဝတ်လို့ မိန်းမမိုက် မဟုတ်ပါဘူး။
ကလပ်မှာအလုပ်လုပ်လို့ မိန်းမပျက်မဟုတ်ပါဘူး။
Single parent ဖြစ်နေလို့ မိန်းမညံ့မဟုတ်ပါဘူး။

မိန်းကလေးအချင်းချင်း စာနာမှုကင်းမဲ့ပြီး အသရေဖျက်မှသာ မိန်းမယုတ်ပါ။
မိန်းကလေးအချင်းချင်း ညှာတာမှုမရှိပဲ မကောင်းမှန်းသိရက်နဲ့ မကောင်းသောလမ်းကိုညွှန်ပြမှ မိန်းမပျက်ပါ။
မိန်းမသားတစ်ယောက်ဖြစ်လျက်နဲ့ သူတစ်ပါးခင်ပွန်းကို ပြစ်မှားမှ မိန်းမပွေပါ။

မိန်းကလေးတစ်ယောက် အပြင်ပန်းသဏ္ဍာန်ကြည့်ပြီး ဝေဖန်ခြင်းကိုရပ်တန့်ပါ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.