မိုးတွင်းနဲ့ လိုက်ဖက်မယ့် မိတ်ကပ်လိမ်းနည်း

“For Her Myanmar” ကိုပေးပို့လာတဲ့ ပထမဆုံး ဆောင်းပါးလေးကို မျှဝေပေးလိုက်ပြီနော်။
မိုးရာသီရောက်ပြီဆိုတော့ မိုးတွင်းနဲ့ လိုက်ဖက်မယ့် မိတ်ကပ်လိမ်းနည်းလေးအကြောင်း ပြောရအောင်လေ ☔☔

မိုးတွင်းကတော့ သိတဲ့အတိုင်း စိုထိုင်းဆ များပါတယ် မိတ်ကပ်အထူကြီးတွေ လိမ်းရတာထက် မျက်နှာကိုသဘာဝကျကျလေးလိမ်းမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေတာပေါ့
ထသွားထလာshoppingဘဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ hang out ဘဲဖြစ်ဖြစ် အဆင်ပြေပြီး လွယ်ကူမြန်ဆန်တဲ့ မိတ်ကပ်လိမ်းနည်းလေးပြောပြချင်လို့ပါနော် 🔜

1* make up base 💓
မိုးတွင်းအတွက်က make up base ကို အထူကြီးလိမ်းတာထက်စာရင် ခပ်ပါးပါးလေးပုတ်တာက ပိုလှပါတယ်
အဲ့ဒါကမျက်နှာပြင်အရေပြားကို လေဝင်လေထွက်ကောင်းစေပြီး ချွေးထွက်တာလည်းလျှော့ချပေးနိုင်တယ်
ချွေးထွက်တာများလာရင် မိတ်ကပ်တွေ ကွက်ကုန်ပျက်ကုန်မှာပေါ့နော့ ဟုတ်ဘူးလား
အဲ့တော့ ပါးပါးလေးဘဲ လိမ်း
water based foundations တွေနဲ့ BB cream လေးတွေ လိမ်းလို့ရတယ်
မိတ်ကပ်ကို ပါးလို့ မိတ်ကပ်သားမစွဲမှာစိုးရိမ်လို့ရှိရင် မလိမ်းခင်မှာ မျက်နှာကို ရေခဲနဲ့ ပွတ်ပေးလိုက်
ရေခဲက မိတ်ကပ်သားကိုကြာရှည်ခံစေသလို ချွေးပေါက်လည်း ကျဉ်းစေလို့ toner သုံးစရာမလိုဘူးရှင့် ဝက်ခြံလည်းပျောက်တယ်
အပေါ်က ပေါင်ဒါရိုက်ချင်လည်း loose or compact လေဒီကြိုက်တာရိုက်ပေါ့ loose က အမှုန့်တွေ compact က cake ပုံစံမျိုးပါ
အဆင်ပြေတာလိမ်းနိုင်ပါတယ် 😍

2* ပါးနီ 💓
ပါးနီလေးပါတော့ ပိုလှတယ်လေ
powder type အမှုန့်တွေ သုံးတာထက် cream type ပါးနီလေးတွေက ပိုသင့်တော်တယ်
ပေါင်ဒါမှ သုံးချင်တယ်ဆိုလည်း cream type ပေါ်ကထပ်ပြီး ပေါင်ဒါမှုန့် blush လေး ချယ်လို့ရပါတယ် ပိုပြီး အရောင်တောက်သွားတာပေါ့နော်
cream type ပါးနီမရှိဘူးလား
ကိစ္စမရှိဘူး ကိုယ်ကြိုက်တဲ့နှုတ်ခမ်းနီတစ်တောင့်ယူ 💄 လက်ခုံပေါ်တစ်ချက်နှစ်ချက်လောက် ပွတ်လိုက်
ပြီး လက်သူကြွယ်လေးနဲ့ အသာလေး ကိုယ်လိုချင်တဲ့ color texture လောက်ကို ပါးပေါ်မှာ လိမ်းပေးလို့ရတယ်
ဘာလို့လက်သူကြွယ်သုံးလဲဆိုတော့ လက်ညှိုးနဲ့ လက်ခလယ်က ဖိအားများလို့ပါ
get it beauty မှာပါတဲ့ ကိုရီးယားမလေးတွေ အဲ့လိုလိမ်းကြတယ်

3* မျက်ခုံး 💓
ဒါက eye make up ပိုင်းပေါ့ မျက်နှာလေးများ မိုးရေတွေစိုခဲ့ရင် eye make up တွေ ဖရိုဖရဲဖြစ် အောင်မလေး ဂွမ်းပြီပေါ့လို့ 😵
အဲ့တော့ ရေစိုလည်း အလှမပျက်အောင် ဒီလိုလေးတွေလုပ်ကြည့်မယ်
မျက်ခုံးမွှေးဆွဲတဲ့နေရာမှာ eyebrow powder တွေအစား ခဲတံနဲ့ပြောင်းပြီးဆွဲကြည့်ပါ
ခဲတံတွေမှာက creamy type ဖြစ်လို့ ပေါင်ဒါမှုန့်တွေထက် မျက်ခုံးပေါ်မှာ ပိုပြီး စွဲကပ်ပါတယ် ချွေးထွက်လာရင် မိုးရေစိုသွားရင်တောင်မှ ပေါင်ဒါမှုန့်တွေလို ကြည့်ရဆိုးမသွားပါဘူး ခဲတံနေရာမှာ gel နဲ့ပြောင်းသုံးလည်း အဆင်ပြေပါတယ်နော်

4* eye shadow 💓
မိုးတွင်းဆိုတော့ မိုးရွာမှာပေါ့နော် ဟီးဟီးး 😁
အဲ့တော့ eye shadow က အမှုန့်တွေဆိုရင် ပျော်ကျကုန်မှာပေါ့လို့ လှဝူးနော့်
ဆိုတော့ကာ cream type လေးတွေ သုံးပေးပါ တော်ရုံတန်ရုံမပျက်တော့ဘူး လှနေမှာ

5* eye liner 💓
liquid liner တွေ ဝေးဝေးပို့ထားလိုက်ပါ
ဒီရာသီအတွက်အကောင်းဆုံးက gel liner လေးတွေပါပဲ ကြာကြာလည်းခံတယ် ဟိုစွန်းဒီပေလည်း မဖြစ်တော့ဘူး
မျက်နှာသစ်လိုက်ရင်တောင်မှ eye liner တွေချည်း ကွက်ကျန်ခဲ့နိုင်တယ်
(long lasting ဖြစ်တာကို ပြောတာပါ)

6* mascara 💓
waterproof သုံးရမှာတော့ ကျိန်းသေနေပါပြီ
ရေစိုလည်းခံ ဈေးလည်းအရမ်းမများတဲ့ mascara လေးတွေ အများကြီးပါနော်
ကိုယ်နဲ့သင့်တော်တာလေး ရွေးသုံးပါ

7* lips 💓
ကြိုက်တဲ့ အရောင်ဆိုး ကြိုက်တဲ့ brand ဆိုး
lip stains လို matte လိုမျိုးလေးတွေကတော့ ပိုကြာကြာခံတယ်နော် 💋

အားလုံးပဲ အန္တရာယ်ကင်းကင်း လှနိုင်ကြပါစေရှင့် 😍😍
ဒီညီမလေးလို ကျွန်မတို့နဲ့အတူ မျှဝေချင်တယ်ဆိုရင်တော့ မိမိရေးသားထားတဲ့ ဆောင်းပါးကို For Her Myanmar chat box မှတဆင့်သော်လည်းကောင်း forhermyanmar@gmail.com သို့လည်းကောင်း ပေးပို့နိုင်ပါတယ်ရှင့်။
ခုလိုအားပေးမှုအတွက် ကျွန်မတို့ For Her Myanmar အဖွဲ့သားများမှ ကျေးဇူးတင်ရှိပါတယ်ရှင်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.