ဘာဘီခရေဇီများသည် ဉာဏ်ကောင်းသူများဖြစ်ကြ

ငယ်ငယ်တုန်းက ဘာဘီရုပ်ကလေးတွေနဲ့ ဖြတ်သန်းလာရတဲ့ မိန်းကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ ဉာဏ်ကောင်းပြီး ဖျတ်လတ်သူတွေဖြစ်လာကြတယ်။

ဘာဘီရုပ်တွေနဲ့ ဆော့ကြတဲ့အခါ ကိုယ့်ကိုယ်ကို လူကြီးတစ်ယောက်လိုမျိုး တွေးခေါ်တတ်ကြပါတယ်။ အရုပ်တစ်ရုပ်ထက်ပိုတဲ့ ခံစားမှုနဲ့ ထမင်းမေ့ ဟင်းမေ့ဆော့ခဲ့တဲ့ နေ့ရက်လေးတွေကို ပြန်သတိရကြည့်ပါ။

ပထမဦးဆုံးအနေနဲ့ ဖက်ရှင်အမြင်ရလာတယ်။ ဘာဘီလေးတွေအတွက် အဝတ်အစားလေးတွေ ကိုယ့်စိတ်ကြိုက်ဆင်တတ်ကြစမြဲပါ။ ဆံပင်ကိုလည်း ကိုယ်ကြိုက်သလို ကျစ်ဆံမြီးကျစ်လို့ကျစ် အဝတ်ဟောင်းစလေးတွေကို ဒီဇိုင်းထွင်ချုပ်လို့ချုပ်နဲ့ ဘေးကလူအမြင်မှာ ကလေးကလား ဖြစ်နေပေမယ့် တကယ်တမ်းကတော့ အနာဂတ်ရည်မှန်းချက်ရဲ့ လမ်းစပါ။

ဘာဘီလေးအတွက် အိပ်ခန်း၊ ရေချိုးခန်း၊ ရုံးခန်းစသဖြင့် အိမ်ကရှိတဲ့ ခေါင်းအုံးမှန်သမျှ ဘာဘီ့နယ်မြေအဖြစ်သတ်မှတ်ခံရပြီး အိမ်သန့်ရှင်းရေး လုပ်ခိုင်းလိုက် အစားအသောက်စီစဉ်ခိုင်းလိုက် နဲ့ပဲ ကြီးပြင်းလာတဲ့အခါ အိမ်မှုကိစ္စတွေ ဆောင်ရွက်ရကောင်းမှန်းနားလည်လာကြတယ်။

ဒီ့အပြင် ပုံပြင်ဇာတ်လမ်းဖန်တီးပြီး ဆော့တတ်ကြတဲ့အတွက် စိတ်ကူးယဉ်စွမ်းအား သူ့အလိုလို တိုးတက်လာပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကလေးတွေက အစ ပြောတဲ့ စကားလေးတွေ အဆုံးအားလုံးက ကိုယ့်ရဲ့ ဖန်တီးမှုစွမ်းရည်ပါ။ “ဘာဘီလေး အလုပ်သွားဦးမယ်၊ ငါ့ဘာဘီလေးက ဆရာဝန် ” စသဖြင့် ကိုယ့်ဝါသနာကိုပါ ရောင်ပြန်ဟပ်လာစေတဲ့အပြင် အဲ့ဒါနဲ့သက်ဆိုင်တဲ့ အရည်အချင်းတွေကိုပါ စပ်ဆက်တွေးခေါ့်မိတဲ့အတွက် အနာဂတ်မှာ အတွေးအခေါ်မြင့်မားသူတစ်ယောက်ဖြစ်လာတတ်ပါတယ်။

အရှင်းဆုံးပြောရရင် ကျွန်မတို့ ဘာဘီခရေဇီတွေက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းသူများဖြစ်ကြပြီး အခုလက်ရှိ ဉာဏ်ကောင်းသူတွေဖြစ်သလို နောင်အနာဂတ်မှာလည်း ဉာဏ်ကောင်းသူတွေဖြစ်နေကြဦးမှာပါ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.