အဆီကျချင်ရင် ငရုတ်သီးစားပေးပါ

ချဉ်ငံစပ်ဆိုတာ မိန်းကလေးတိုင်းနီးပါး ကြိုက်ကြပါတယ်။ ငရုတ်သီးလေးတွေမှာ အံ့မခန်းအစွမ်းသတ္တိတွေ ရှိနေတယ်ဆိုတာ သင်သိပါသလား။ ငရုတ်သီးစားရင် ဘာဖြစ်မလဲ ကြည့်ကြဦးစို့။

  •  သွေးထဲက သကြားဓာတ်ကို ကျစေတယ်။
  •  နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးတယ်။
  •  သွေးလှည့်ပတ်မှု ကောင်းစေတယ်။
  •  အဝလွန်သူများကို ဆီးချိုမဖြစ်စေအောင် ကာကွယ်ပေးတယ်။
  •  မျက်စိအား ကောင်းစေတယ်။
  •  ရောဂါပိုး ကူးစက်မှုကို ကာကွယ်ပေးတယ်။
  •  သွေးနီဥကို ပိုမိုဖြစ်ပွားစေတယ်။
  •  အဆီတွေကို ချေဖျက်ပေးတယ်။
  •  နာကျင်မှုကို သက်သာစေပြီး ယောင်ရမ်းမှုကို လျော့ကျစေပါတယ်။
  •  ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးတယ်။
  •  ပျော်ရွှင်မှုကို တိုးပွားစေပြီး စိတ်ပေါ့ပါးစေတယ်။

15356613_399166097141511_3849129706662204647_n

ဒီလိုအကျိုးကျေးဇူးတွေ ရှိတဲ့ ငရုတ်သီးကို စားပေးသင့်ပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးပေါ့နော်။ လိုအပ်တဲ့ပမာဏ အနည်းငယ်လောက်ပဲ စားသင့်ပါတယ်။ များများစားမယ်ဆိုရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်ရှင်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.