မွေးရာပါ ​ခြေမရှိလက်​မရှိ လူသားတစ်​​ယောက်​ရဲ့ အံမခန်း အတုယူဖွယ် ​ဘဝအ​ကြောင်း

မွေးရာပါ ခြေမရှိ လက်မရှိပေမယ့် ကမ္ဘာတစ်ဝန်း အောင်မြင်ကျော်ကြား စံပြထားခံ ရပြီး ပြီးပြည့်စုံတဲ့ အိမ်ထောင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ နစ်ခ်ဗွိက်ချက်

ဘဝဟာ အဆုံးစွန်ထိ နစ်နေရင်တောင် မျှော်လင့်ချက်တွေ အများကြီး ရှိသေးတာကို ပြသွားတဲ့ လူတစ်ယောက်။
သူပိုင်ဆိုင်ထားတဲ့ မသန်စွမ်းမှုတွေဟာ ဘုရားပေးတဲ့ လက်ဆောင်တွေပါလို့ ခံယူထားတဲ့ သူ။
လောကမှာ မဖြစ်နိုင်တာ မရှိဘူးဆိုတာကို အကောင်းဆုံး သက်သေပြသွားတဲ့ သူ။

15727149_1073393786102345_6223344754014055983_n

သူကတော့ Australia က နစ်ခ်ဗွိက်ချက်ပဲ ဖြစ်ပါတယ်။
သူဟာ မွေးကတည်းက ခြေမပါ လက်မပါ အောက်ပိုင်းမှာ ခြေဖ၀ါးကဲ့ သို့ ပါပီး ဘယ်ဘက်မှာ သာ ခြေချောင်းအမွှာ လေးနဲ့ အတက်လေးတစ်ခုနဲ့ မွေးဖွားလာတဲ့ သူပါ။ သူ့ငယ်ဘဝကတော့ သူ့ရဲ့ မသန်မစွမ်းဖြစ်မှုကြောင့် လူရယ်စရာ ပစ်ပယ်စရာ ဖြစ်ခဲ့ပါတယ်။ ကျောင်းတတ်တဲ့ အတန်းဖော်တွေ အနိုင်ကျင့် ကဲ့ရဲ့တာတွေကို နှစိနဲ့ချီပီး ခံခဲ့ရပါတယ်။အသက် ၈နစ် အရွယ်လောက်မှာ သူ့ကိုယ်သူ အသုံးမကျတဲ့ သူ ၊ လူတွေ အလို မရှိတဲ့ သူ၊ လူကြားထဲ ဝင်မဆန့်ပဲ ဖယ်ကျဉ်ခံထားရတဲ့ သူဆိုပြီး စိတ်ဓာတ်တွေ အကြီးအကျယ် ကျခဲ့ရ ရှာပါတယ်။ *ဘာလို့ ငါ့မှာ ခြေမပါ လက်မပါနဲ့ မွေးခဲ့ရတာလဲ* ဆိုတဲ့ မေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးပြီး လမ်းပျောက်ခဲ့ရတယ်။ သူ ကြီးပြင်းလာတဲ့ အခါ လူများနည်းတူ အလုပ်အကိုင် လည်း ရှိမှာ မဟုတ်ဘူး။ သူ့ကို လက်ခံ နိုင်တဲ့ သူ ချစ်နိုင်မယ့်သူ ရှိမှာ မဟုတ်ဘူး ဆိုပြီး စိတ်ပျက် အားငယ်ခဲ့ရတာလဲ အကြိမ်ကြိမ်ပါပဲ။

15800276_1073393882769002_6127863865437871994_o
အသက် ၁၇ အရွယ်မှာ သူ့အမေဟာ မသန်စွမ်းလူတစ်ယောက်ရဲ့ ဘဝ ဆောင်းပါးတစ်ခုကို ဖတ်စေပြီး နောက်မှာမှ သူ့ရဲ့ သိမ်ငယ်မှုတွေကို ခေါင်းမော့လာနိင်ခဲ့ပါတယ်။ သူ့ရဲ့ အိမ်မက်၊ ဘဝဖြစိတညိမှုအဓိပ္ပါယ်၊ ရည်ရွယ်ချက် တွေ ကို နားလည်သဘောပေါက်လာတဲ့ အခါ သူ့ရဲ့ ခြေမရှိ လက်မရှိ ဘဝဟာ ဘုရားပေးတဲ့ လက်ဆောင် ဆိုပြီး ကျေးဇူးတင်တဲ့ စိတ်ကို ထား နိုင်လောက်တဲ့ အထိ အကောင်းမြင်တတ်သူ ဖြစ်လာပါတယ်။

15872000_1073393819435675_4862458528336475710_n

အဲဒီ နောက်မှာ အများနည်းတူ ရပ်တည်နိုင်လာတယ်။ ဘယ်သူ ထင်မလဲ ခြေမရှိ လက်မရှိတဲ့ နစ်ခ်ဟာ ရေကူးတတ်မလို့၊ ဘောလုံးကန်တတ်မယ်လို့။ Surf ရေလွှာ လျောစီးတာတွေ လုပ်နိုင်မယ်လို့။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေ ကတာ့ မလေးစားပဲ မနေနိုင်အာင်ပါပဲ။ နစိခ်ဟာ Logan မှာ စီးပွားရေးသိပ္ပံဘွဲ့ ရ သည်ထိ ပညာရေးမှာ ထွန်းပေါက်ခဲ့ပါသေးတယ်။

15875065_1073393852769005_2142160641065351667_o

အသက် ၁၉နှစ်က စပြီး သူ အရမ်းဖြစ်ချင်နေတဲ့ လုထုရှေ့မှာ စိတ်ဓာတ်ခွန်အား တက်အောင် ပညာပေး ဟောပြောတဲ့ သူ (Motivational Speaker)တစ်ယောကိ အဖြစ် ခြေလှမ်းတွေ စလှမ်းခဲ့ပါတယ်။ ယခု ဆိုရင် နစ်ခ် ဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံကို သွားရောက် ပညာပေးဟောပြာခဲ့ရပြီး လူတိုင်းရဲ့ စံပြ တစ်ယာက် ဖြစ်နေပါပြီ။ ဒါအပြင် NGOကဲ့ သို့ အကျိုးအမြတ်အတွက် မဟုတ်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ Life With Limbs( ခြေမရှိ လက်မရှိ သူများ အတွကိ အဖွဲ့အစည်း) ကို ထူထောင်သူ ဖြစ်တဲ့ အပြင် Attitude is Attitude( AIA) ခေါ် လူထုအတွက် စိတ်ခွန်အားဖြစ်စေတာတွေကို ပညာပေး ဟောပြောသောသူများ ကုမ္ပဏီ ကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။

15800386_1073393909435666_7623095559894593279_o

ဘဝ နေနည်းနှင့် ဆိုင်သော စာအုပ်များ၊ သူဘဝကို ဘယ်လို ဖြတ်သန်းခဲ့လဲ ဆိုတဲ့ သင်ခန်းစာ အတွေ့အကြုံများကို ရေးထားတဲ့ စာအုပ်များကို ရေးသားခဲ့ပါတယ်။ သူဟာ နိုင်ငံတကာ မှာ အရောင်းရဆုံး Best-selling စာရေးဆရာ တစ်ယောက် ဖြစ်နေပါပြီ။ သူ့ရဲ့ စာအုပ်တွေကို ဘာသာစကားပေါင်း ၃၀ကျော်ထိ ဘာသာပြန်ဖြန့်ဝေခံခဲ့ ရပြီး စာအုပ်ပေါင်း သန်းပေါင်းများစွာကို ရောင်းချခဲ့ရပါတယ်။ မီဒီယာပေါင်းစုံ မဂ္ဂဇင်း ပေါင်းစုံမှာ ဖော်ပြခံခဲ့ရပြီး သူဟာ လူအများ လေးစား အားကျရတဲ့ လူသားတစ်ယောက် ဖြစ်ပါတယ်။

15826081_1073393799435677_4234752988912675200_n
၂၀၁၂ခုနှစ်မှာ Kanee ကနီးဆိုတဲ့ မိန်းမချောလေးနဲ့ လက်ဆက်ခဲ့ပြီး အခုဆို သားနှစ်ယောက် နဲ့ ပျော်စရာ ကောင်းတဲ့ မိသားစု ကမ္ဘာလေးကို ပိုင်ဆိုင်ထားပါတယ်။သူ့ ဘဝရဲ့ အောင်မြင်မှုတွေ နဲ့ ခံယူချက်၊ အခက်အခဲ တွေကို ဖြတ်ကျော်ခဲ့တဲ့ ပုံတွေက တကယ်ကို သြချရလောက်အောင် အံမခန်းပါပဲ။
သူရဲ့ ခံယူချက်ကတော့ ခြေမရှိ လက်မရှိ ပူပန်စရာရှိ (No arms, No legs, No worries) တဲ့။ သူဟာ သူ့အားနည်းချက်အပေါ် စိတ်အားငယ်နေမဲ့ အစား မရှိတာတွကို တောင်းတနေမဲ့အစား ဘယ်နေရာမှာ သူ အားသာလဲ၊ ဘာကို သူ အကောင်းဆုံး လုပ်နိင်လဲ ၊ လူတွေ အတွက် သူ ဘာလုပ်ပေးနိုင်မလဲ ဆိုတာကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ အကြိမ် ၁၀၀ ကြိုးစားလို့ မရ ရင် ၁၀၁ ကြိမ် ကြိုးစားတယ်။ မရရင် ထပ်ကြိုးစားတယ်။ သူ့ ဘဝ ကို ကြည့်ပြီး သင်ခန်းစာ ယူစရာတွေ ခွန်အားဖြစ်စရာတွေ စိတ်အားတတ်စရာတွေ အများကြီး ရလိုက်ပါတယ်။

15823411_1073393936102330_1718372081189805728_n

ဘယ်လောက်ဆိုးတဲ့ အခြေအနေပဲ ဖြစ်နေပါစေ မျှော်လင့်ချက်ရှိသေးတယ်ဆိုတာ မီးမောင်းထိုးပြခဲ့တဲ့ သူရဲကောင်းတစ်ဦးပါပဲ။ ခြေမရှိ လက်မရှိသော်ငြား လူအများထက် သာလွန်တဲ့ အရည်အသွေးတွေနဲ့ နစ်ခ်ဟာ ကလေးအပါအဝင် လူငယ် ၊ လူကြီး တို့ကို စိတ်ခွန်အားဖြစ်အောင် လှုံ့ဆော်ပေးတဲ့ စံနမူနာ တစ်ဦးပဲ ဖြစ်ပါတယ်။
ဘဝမှာ စိတ်ပျက် အားငယ် စရာတွေ ၊ မပြည့်စုံမှုတွေ၊ ဒုက္ခ တွေ ပင်လယ်ဝေနေလို့ စိတ်ဓာတ်တွေ ကျနေရင် နစ်ခ်ရဲ့ ဘဝကို ကြည့်ပြီး သင်ခန်းစာယူလို့ ခွန်အားတွေ ဖြစ်စေပါတယ်။ သူဟာ စာရေးသူရဲ့ Idol ဆိုလည်း မမှားပါဘူး။ နစ်ခ်ရဲ့ ဘဝ၊ နစ်ခ်ရဲ့ ကြိုးပမ်းအားထုတ်မှု၊ နစ်ခ် ရဲ့ အကောင်းမြင်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်လေးတွေကို အတုယူပြီး ဘဝသင်ခန်းစာ ယူတတ်နိုင်ပါစေ။

Reference : https://en.m.wikipedia.org/wiki/Nick_Vujicic

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.