အမျိုးသမီးဖြစ်ရခြင်း၏ ကောင်းချက်(၉)ချက်

“အမျိုးသမီးများတန်းတူ အခွင့်အရေးများရရှိရေး”ဟူ၍ ကြွေးကြော်နေကြပေမဲ့လည်း အချို့နေရာဒေသတွေမှာ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံမှုတွေ ရှိနေတုန်းပါပဲ။ ထို့အတွက်ကြောင့် အမျိုးသမီးဖြစ်ရခြင်းအပေါ်မှာ ဘ၀ပေးဆိုးရလေခြင်းလို့ ယူဆသူများလည်း ရှိကြပါတယ်။ ဘယ်လိုပဲ ပြောကြပါစေ၊ အမျိုးသမီးဖြစ်ရခြင်းအတွက် ဂုဏ်ယူစရာတွေ အများကြီးရှိတယ်ဆိုတာကို ပုံလေးတွေနှိပ်ကြည့်ပေးနော်။

(၁) အမျိုးသမီးများဟာ အကောင်းဆုံးရင်ဖွင့်ဖော်များ ဖြစ်ကြပါတယ်။ သူငယ်ချင်းများနဲ့ နာရီပေါင်းများစွာ ဖုန်းပြောနိုင်ကြသူတွေဟာ အမျိုးသမီးတွေပါပဲ။ နိုင်ငံရေးအကြောင်းစပြောလိုက်ပေမဲ့လည်း သင်ဇာဝင့်ကျော်အကြောင်းနဲ့ အဆုံးသတ်သွားတာကလည်း အမျိုးသမီးများပါပဲ။ တစ်ယောက်ယောက်အားငယ်နေချိန်မှာ အကောင်းဆုံး စိတ်ဓါတ်ခွန်အားများကို ပေးနိုင်တာလည်း အမျိုးသမီးတွေပါပဲ။

13301534_1041356412599955_2110911648404342435_o

(၂) တစ်ချိန်တည်းမှာ အလုပ်တော်တော်များများ လုပ်ဆောင်နိုင်တာက အမျိုးသမီးတွေဆိုတာ ငြင်းလို့ မရပါဘူး။ ရင်းနှီးတဲ့သူကိုတွေ့တဲ့အခါ hey လို့ လှမ်းခေါ်ပြီး နှုတ်ဆက်တယ်၊ လက်ထဲမှာတော့ ဖုန်းနဲ့ sms ပို့နေတယ်၊ အဓိက လုပ်နေတာက မိတ်ကပ်လိမ်းနေတာ၊ ဟိုကြည့်ဒီကြည့်နဲ့ ပတ်ဝန်းကျင်ကိုလည်း အကဲခတ်နေသေးတယ်။ ဒီလိုစွမ်းဆောင်နိုင်တာက အမျိုးသမီးများသာ ဖြစ်ပါတယ်။ ပျော်ရွှင်မယ်၊ စိတ်ရှုပ်ထွေးမယ်၊ အထီးကျန်မယ်၊ အစသဖြင့်လည်း တစ်ချိန်တည်းမှာ ခံစားတတ်ပါသေးတယ်။

(၃) လက်ဆောင်ပေးဖို့ အကြံကောင်းထွက်တဲ့သူ အများစုက အမျိုးသမီးတွေပါပဲ။ ဘယ်လက်ဆောင်က ဘယ်သဘောကို ဆောင်တယ်ဆိုတာ အမျိုးသမီးတွေသာ အသိဆုံးပါ။ romantic ဆန်ဆန်ပေးမလား၊ friendship အတွက် ပေးမလား၊ ဘာလာလာ စွယ်စုံရနေတာက အမျိုးသမီးဖြစ်ခြင်းရဲ့ အားသာချက်ပါပဲ။

13331169_1041356485933281_7816459114165236037_n

(၄) romantic ဆန်ဆန် sms ပို့တဲ့အခါ အမျိုးသားများထက် ပို၍ သာလွန်ပါသေးတယ်တဲ့။ အချင်းချင်း sms ပို့တဲ့အခါကျရင် နာမည်ကြီးစာရေးဆရာတွေထက်တောင် အမျိုးသမီးများရဲ့ စိတ်ကူးကလောင်က ပိုထက်နိုင်ပါတယ်တဲ့။

၅) ကျန်းမာရေး စောင့်ရှောက်နည်းတွေကိုလည်း အမျိုးသမီးများက ပိုမို နားလည်ပါတယ်။

(၆) စိတ်ခံစားလွယ်တတ်သလို ဥာဏ်လည်းကောင်းပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဘယ်လောက်ပဲ ယောကျာ်းတစ်ယောက်အပေါ် ချစ်ပါစေ၊ အမြဲပျော့ညံ့နေတဲ့သူကိုတော့ လက်တွဲနေမှာ မဟုတ်ပါဘူး။

(၇) ကျောင်းသင်ခန်းစာတွေကိုလည်း ယောကျာ်းလေးတွေထက် ပိုမိုလုပ်ဆောင်ကြပါတယ်။

(၈) fashion နဲ့ ပက်သက်လျှင်လည်း အမြင်ပိုကျယ်ပါတယ်။ ဘယ်လိုပွဲမျိုးကို ဘယ်လိုဝတ်ဆင်ရမယ်ဆိုတာ အသိဆုံးက အမျိုးသမီးတွေပါ။ ယောကျာ်းလေး fashion တွေကိုတောင် စီစဉ်တတ်ပါသေးတယ်။

(၉) နောက်ဆုံးတစ်ချက်ကတော့ အမျိုးသမီးတိုင်း သဘောကျမယ့် အချက်ပါ။ စိတ်ကြိုက်မိတ်ကပ်ခြယ်မှုန်းနိုင်တာလည်း အမျိုးသမီးဖြစ်ရခြင်းရဲ့ အားသာချက်တစ်ချက်ပါ။ အလှတရားကို လိုက်ဖက်သလို၊ လိုအပ်သလို စီမံဆောင်ရွက်နိုင်တော့ လူကြားထဲ မျက်နှာပွင့်တာ အမျိုးသမီးတွေပဲပေါ့။
“ဒါကြောင့် အမျိုးသမီးဖြစ်ရတာ ဂုဏ်ယူကြပါစို့”

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.