လုံးဝန်းလှပတဲ့ တင်​ပါး​လေးဖြစ်​လာ​စေဖို့ စားရမယ့်​ ထိပ်​တန်း အစားအစာ ၈ မျိုး

”  မြင်သူငေးအောင် ခန္ခာကိုယ်နောက်ပိုင်း ကောက်ကြောင်းလှပချင်ပါသလား ။ ဒါတွေ ရွေးချယ် စားဖို့ မမေ့ပါနဲ့”

ကိုယ်လုံး ကိုယ်ပေါက်လှပြီး ကိတ်ချင်တဲ့ မွီးတို့ ညလေးတို့ အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပီး ခန္ခာကိုယ် နောက်ပိုင်း အချိုးအစားလှအောင် ကူညီပေးမယ့် အစားအစာ တွေကို အကြံပေးပါစေနော်။ ခန္ခာကိုယ်နောက်ပို်င်းလေး ကြီးလာဖို့ ဆိုရင် ထိုင်ထ လုပ်နေရုံ Gym ဆော့ရုံနဲ့ တင် မပြည့်စုံပါဘူး။ ပရိုတင်း(အသားဓာတ်) နဲ့ ကျန်းမာရေးကောင်းစေတဲ့ အဆီဓာတ်တွေပါတဲ့ ဖြည့်စွက် အစားအသောက်တွေကို ရွေးချယ်စားတတ်ဖို့လည်း အရေးကြီးပါသေးတယ်။ ကဲ ကိတ်ချင်တဲ့ မိန်းကလေးတို့အတွက် ရွေးစားရမှာတွေကတော့ …

black_eyed_bean_16x9

၁။ ပဲ
ပဲမှာ ပရိုတင်းဓာတ်နဲ့ အမိုင်နိုအက်စစ် လို့ခေါ်တဲ့ ဓာတ်တွေ ပါတဲ့အတွက် အသားတွေတက်လာအောင် ကြွက်သားတက်လာအောင် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် နောက်ကောင်းကျိုးကတော့ ပဲဟာ ဈေးချိုပီး သူ့မှာ ပါတဲ့ အန်တီအောက်စိဒန့် ဆိုတဲ့ ဓာတ်ဟာ အသားအရေလှစေပါတယ်။

avocado_1

၂။ထောပတ်သီး
ရာသီတိုင်းမှာ ပေါများတဲ့ ထောပတ်သီးဟာ အမျိုးသမီးတိုင်း မလွတ်တမ်း စားရမဲ့ ရွေးချယ်စရာ တစ်ခုပါပဲ။ ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ ကောင်းမွန်တဲ့ အသီးပါ။ သူ့မှာပါတဲ့ အဆီတစ်မျိုးဟာ တင်ပါးကို ပင့်ပေးတဲ့ အကျိုးကျေးဇူးရှိပါတယ်။

eggs

၃။ကြက်ဥ
အားလုံးသိကြတဲ့ အတိုင်း ကြက်ဥဟာ ပရိုတင်းဓာတ်ပါဝင်မှု အမြင့်မားဆုံး အစားအစာ တစ်ခုပဲဖြစ်ပါတယ်။
ကြွက်သားတက်လာအောင် ကူညီပေးတဲ့ အာနိသင်ရှိပါတယ်။ အားကစားလုပ်သူတိုင်း ခန္ဓာကိုယ်လှချင်သူတိုင်း မဖြစ်မနေ စားသင့်တယ်နော်။ မိမိကြိုက်နစ်သက်တဲ့ ပုံစံနဲ့ စားနိုင်ပါတယ်။ အဆီတက်စေတဲ့ ကိုလက်စထရောဓာတ်တွေပါတဲ့ အတွက် သင့်တင့်သလောက်ပဲ စားရပါမယ်။

potatoes

၎။ အာလူး
အာလူးမှာ ကစီဓာတ်၊ ဗီတာမင်နှင့် ပိုတက်ဆီယမ် ဆိုတဲ့ သတ္ထုဓာတ်တွေပါဝင်တဲ့အတွက် တင်ပါးကြွက်သားတွေကို ပင့်တက်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

15697964_1070286766413047_2795306597728305979_n

၅။ ခရမ်းချဉ်သီး
အသားအရေလှစေတဲ့ ခရမ်းချဉ်သီး ဟာ လုံးဝန်းတဲ့ တင်ပါးတွေ ရရှိအောင် ကူညီပေးမဲ့ မီးဖိုချောင်မှာ အလွယ်တကူ ရှိတဲ့ အသီးအနှံ တစ်ခုပါ။

 

whole-wheat-flour

၆။ဂျုံကြမ်း

ထောပတ်တွေ ခရင်တွေ သကြားတွေနဲ့ ဆင်ယင်ထားတဲ့ နူးညံ့လွန်းတဲ့ ပေါင်မုန့်တွေအစား ရိုးရိုး ဂျုံကြမ်းကို အစားထိုး စားကြည့်ပေးပါ။ အဆီစားသုံးမှုကိုပါ လျော့ချပေးနိုင်ပီး ခန္ဓာကိုယ် ကို ကျစ်ကျစ်လစ်လစ် ဖြစ်စေပါတယ်။လေ့ကျင့်ခန်း လုပ်တဲ့ သူတွေအတွက် ကွက်တိပါပဲနော်။ ဂျုံမှာ ပရိုတင်းဓာတ် နဲ့ အမျှင် ဓာတ်တို့ ပါဝင်တဲ့အတွက် ကျနိးမာရေးကိုလည်း အများကြီး အထောက်အကူ ဖြစ်စေတာပေါ့။

tuna-fishing

၇။ တူနာငါး

တူနာငါးဟာ တင်ပါးကြီးချင်တဲ့ မမတို့ လုံးဝ ရွေးချယ်စားရမဲ့ အသားပါပဲ။ ကယ်လိုရီပါဝင်မှု အလွန်နည်းပြီး ပရိုတင်းနဲ့ ကောင်းမွန်တဲ့ အဆီဓာတ်တွေ ပါဝင်ပါတယ်။ တူနာငါးကို ပေါင်မုန့်နဲ့ အရသာရှိရှိ တွဲဖတ်စားကြပါတယ်။

၈။ အဆီပါဝင်မှုနည်းသော အမဲသား

ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ မင်နရယ်ဓာတ်တို့ ပါတဲ့ အမဲသားဟာ ကြွက်သားတွေ အတွက် ကောင်းစေတဲ့ အသားပါ။ အသားတက်အောင် သွေးအားလည်း ပြည့်စေပါတယ်။

အခုပြောပြသွားတဲ့ အစားအစာ လေးတွေကို သင့်တင်သလို ရွေးချယ်စားပီး ခန္ဓာကိုယ် ကောက်ကြောင်း လှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ လေဒီလေးများ ဖြစ်ကြပါစေနော်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.