အလုပ်ကထွက်သင့်ပြီလို့ပြောနေတဲ့အချက် (၅)ချက်

တက်လမ်းကိုရှာနေတဲ့ လူငယ်တွေအဖို့ မှန်ကန်တဲ့အလုပ်အကိုင် ရွေးချယ်ဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ခါတစ်လေလည်း စပြီးလုပ်တဲ့အချိန်တုန်းက တက်ကြွပါရဲ့ နောက်ပိုင်းကျ ငြီးငွေ့လာတာမျိုး ရှိပါတယ်။ အဲ့လိုဆိုရင်…ကိုယ့်ဘာသာကိုယ် စမ်းစစ်ကြည့်ရမှာက လုပ်သက်ကြာလာလို့သာ…ခဏတာ ညည်းညူမိနေခြင်းလား….ဒါမှမဟုတ် လက်ရှိအလုပ်ဟာ..ကိုယ့်အတွက်မသင့်တော်တဲ့ အလုပ်ဖြစ်နေတာလား ဆိုတာပါပဲ..။အလုပ်ကထွက်သင့် မထွက်သင့် ဝေခွဲမရဖြစ်နေရင်တော့…အောက်ကအချက်လေးတွေကြည့်ပြီးဆုံးဖြတ်ကြည့်ပါ။

(၁) အလုပ်မှာသင်ယူစရာမရှိရင်

အလုပ်မှာငြီးငွေ့တယ်ဆိုတဲ့အကြောင်းအရင်းက…..အလုပ်ကနေ ဘာမှသင်ယူစရာမရှိတဲ့အခါမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ လစာကလည်း အရေးကြီးတယ်ဆိုပေမယ့် သင်ယူစရာမရှိတဲ့အခါမျိုးမှာ ကိုယ့်ဘဝတက်လမ်းမှာ ဒုက္ခတွေ့နိုင်ပါတယ်။ လုပ်သက်သာကြာတယ်…တကယ်အလုပ်လုပ်ရတဲ့ အတွေ့အကြုံ မရှိဘူးဆိုရင်တော့….အဲဒီအလုပ်ကနေ ထွက်လိုက်ပါ။

(၂)ရာထူးတက်ဖို့ အခွင့်အရေးနည်းရင်

ကိုယ်ကြိုးစားပမ်းစားလုပ်တဲ့အရာတစ်ခုမှာ ရလဒ်ကောင်းတစ်ခုတော့ ထွက်သင့်ပါတယ်..။ တစ်ခါတစ်လေ ကုမ္ပဏီတချို့က ကိုယ်ကသာ ကြိုးစားပမ်းစား လုပ်နေတာ…ရာထူးရာခံ အကြီးအကဲနေရာအတွက်ကျ အရည်အချင်းပြလက်မှတ်တွေ ကိုင်ထားသူတွေကိုသာ…ခေါ်ခန့်ထားကြပါတယ်။ ဒီလိုအလုပ်မျိုးဆိုရင်တော့ ကိုယ်ကြိုးစားလည်း အလကားမို့ ထွက်သင့်ပါတယ်။

(၃)တခြားနေရာမှာ ပိုမိုကောင်းတဲ့ အခွင့်အရေးရှိရင်

အလုပ်တစ်ခုပေါ်မှာ သစ္စာရှိရှိစွဲစွဲမြဲမြဲလုပ်တယ်ဆိုတာ အဲဒီအလုပ်ကလည်း ကိုယ့်အပေါ်မှာ ကောင်းဦးမှပါ။ တခြားအလုပ်က ကိုယ့်ကို ပိုကောင်းတဲ့အခွင့်အရေးနဲ့ကမ်းလှမ်းလာတယ်ဆိုရင် လက်ခံသင့်တယ်လို့ထင်ပါတယ်။ ဒါကကိုယ့်အရည်အချင်းနဲ့ထိုက်တန်လို့သာ သူတို့ပေးတာပါ။ ကိုယ့်အရည်အချင်းနဲ့ထိုက်တန်တဲ့ အခွင့်အရေးကိုယူတာ အမှားမဟုတ်ပါဘူး။

(၄)အလုပ်အပေါ်မှာ နှစ်ခြိုက်မှုမရှိရင်

ကိုယ့်မှာလုပ်သာလုပ်နေရတယ်။အလုပ်အပေါ်မှာစိတ်ဝင်စားမှုမရှိဘူး။ဒါဆိုသေချာတာက ကိုယ်ဒီအလုပ်အပေါ်မှာ နှစ်ခြိုက်မှု လုံးဝမရှိတာပဲ။ ကိုယ့်စိတ်ဝင်စားမှုမရှိတဲ့အလုပ်ကနေ အောက်မြင်မှုဆိုတာမရနိုင်ပါဘူး။ ကိုယ်တကယ်စိတ်ဝင်စားတဲ့အလုပ်ကို ပြောင်းလုပ်သင့်ပါတယ်။

(၅)တာဝန်တွေသာ တိုးလာတယ် လစာမတိုးရင်

စလုပ်လုပ်ချင်းမှာတော့ ပို့စ်တစ်ခုတည်းပေါ့။ နောက်ပိုင်းကျတော့ ဟိုဟာလည်း ကိုယ်ပဲ..ဒီဟာလည်း ကိုယ်ပဲ.။ လုပ်တာတော့ဟုတ်ပါတယ်. ရာထူးလည်းမတိုး လစာလည်းမတိုးဆိုရင်တော့ သေချာတယ် ကိုယ့်အနာဂတ်အတွက် အဲ့ဒီအလုပ်က ကောင်းကျိုးမပေးနိုင်ပါဘူး။

ရပ်တန့်တဲ့သူဟာ ရှုံးနိမ့်တဲ့သူလို့ပြောပါတယ်။ ဒါပေမဲ့ ကိုယ်မကြိုက်တဲ့အရာ ကိုယ့်အတွက်အကျိုးမရှိတဲ့အရာကို ရပ်တန့်တာကတော့ အောင်မြင်မှုအစပါ။ ပျိုမေတို့ဘဝမှာအောင်မြင်မှုရပါစေလို့ဆုတောင်းလိုက်ပါတယ်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.