၂၀၁၇ မှာ ရာသီဖွားတို့ ကံကြမ္မာ

၂၀၁၇ အတွက် ပျိုမေတို့ရဲ့ကံကြမ္မာ ဘာတွေပြောင်းလဲမှာလဲ…ကံကောင်းမယ့်နှစ်လား ဘဝအတွက် အပြောင်းအလဲတွေများမယ့်နှစ်လား????

၂၀၁၇ မှာ ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။ အလုပ်မှာ အဆင်ပြေနိုင်မလား..အပျိုကြီးတွေ အစွံထုတ်နိုင်မလား ရှိုးကြည့်လိုက်နော်။

မြိဿရာသီဖွား(မတ် ၂၁-ဧပြီ ၁၉)

၂၀၁၇ ဟာ မြိဿရာသီဖွားတွေ အတွက်ကတော့ ပျော်ရွှင်စရာတွေ၊စွန့်စားမှုတွေနဲ့ ပြည့်နေပါတယ်။ စီးပွားရေး အသစ်စတင်ဖို့ အသင့်တော်ဆုံးအချိန်ပါ။ မိသားစုကိုလည်း အချိန်ပေးဖို့ မမေ့ပါနဲ့။ အချစ်ရေး
မှာတော့ မတည်နိုင်တဲ့ ကတိမျိုး ချစ်သူကို မပေးမိပါစေနဲ့။အဲဒါက ချစ်သူနှစ်ဦးကြားဆက်ဆံရေးကို ယိုယွင်းစေနိုင်ပါတယ်။

ပြိဿရာသီဖွား(ဧပြီ ၂၀-မေ ၂၀)

ပြိဿရာသီဖွားတွေ ဟာ ၂၀၁၇မှာ စိတ်အေးအေးချမ်းချမ်း နေနိုင်မှာပါ။ အကြောက်တရားတွေ မစိုးမိုးပါစေနဲ့။ အချစ်ရေးမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ လက်ထပ်ပြီးသားစုံတွဲတွေဆို ကလေးယူဖို့ ကောင်းတဲ့နှစ်ပါ။

မေထုန်ရာသီဖွား(မေ ၂၁-.ဇွန် ၂၀)

ဘဝအတွက် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ စိတ်လှုပ်ရှား မလွယ်ပါနဲ့။ တစ်ခုခု မလုပ်ခင်မှာ ရေရှည်အတွက်ကို အရင်စဉ်းစားပါ။ ခဏတာ သာယာမှုနဲ့ မဆုံးဖြတ်ပါနဲ့။ အချစ်ရေးမှာတော့ မှန်ကန်တဲ့ ဘဝအဖော်မွန်ကို ရှာတွေ့နိုင်ပါလိမ့်မယ်။

ကာရကဋ်ရာသီဖွား(ဇွန် ၂၁-ဇူလိုင် ၂၂)

ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချရတာမျိုးတွေ ကြုံနိုင်ပါတယ်။ ၂၀၁၇ မှာ ဘက်ပေါင်းစုံကနေ ပြောင်းလဲနိုင်ပါတယ်။ ငွေကြေး အသုံးအဖြုန်းလျှော့ပါ။ ချစ်သူဟာ အခက်အခဲတွေနဲ့ ကျော်ဖြတ်တဲ့အခါ သင့်အကူအညီလိုပါလိမ့်မယ်။ ကျန်းမာရေးကတော့ စိတ်ပူစရာမလိုပါဘူး။

သိဟ်ရာသီဖွား(ဇူလိုင် ၂၃-သြဂုတ်၂၂)

ကံအကောင်းဆုံးနှစ်တစ်နှစ်ပါ။ အရာရာဟာ သင့်လက်ထဲမှာပါ။ ကံကောင်းမှုတွေ ပြည့်နှက်နေတဲ့အတွက် အချစ်ရေးမှာရော စီးပွားရေးမှာရော နေ့ကောင်းရက်သာ စောင့်ဆိုင်းစရာ မလိုပါဘူး။ မထင်မှတ်ပဲ ထီတောင် ပေါက်နိုင်ကိန်းရှိပါတယ်။

ကံရာသီဖွား(သြဂုတ် ၂၃-စက်တင်ဘာ ၂၂)

၂၀၁၇ မှာ လိမ္မာပါးနပ်စွာ ပြဿနာတွေကို ဖြေရှင်းသင့်ပါတယ်။ ဆုံးဖြတ်ချက်အဟောင်းတွေက ဒုက္ခပေးတတ်ပါတယ်။ အချစ်ရေးမှာလည်း လက်လွှတ်သင့်ရင် လက်လွှတ်ရပါမယ်။ ကိုယ်ဆုံးဖြတ်တတ်ရင် စိတ်ဖိစီးမှုတွေက လွတ်နိုင်မယ့် နှစ်တစ်နှစ်ပါ။

တူရာသီဖွား(စက်တင်ဘာ၂၃-အောက်တိုဘာ ၂၂)

တီထွင်မှုတွေ အကြံကောင်းဉာဏ်ကောင်းတွေနဲ့ ဘဝကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မယ့်နှစ်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ပါ။ လူတိုင်းက အံ့သြချီးကျူးရပါလိမ့်မယ်။ မိသားစုနဲ့ ချစ်သူကိုလည်း အချိန်ပေးဖို့မမေ့ပါနဲ့။

ဗြိစ္ဆာရာသီဖွား( အောက်တိုဘာ၂၃-နိုဝင်ဘာ ၂၁)

နှစ်ဟောင်းကို အမြန်ဆုံးစွန့်ခွာချင်နေကြသူတွေပါ။၂၀၁၇ မှာ အရာရာကို အစကနေပြန်စနိုင်ပါလိမ့်မယ်။အချစ်ရေးမှာ အလွန်စန်းပွင့်နိုင်ပါတယ်။ အချို့က အမှန်တကယ် အတည်ကို ချစ်နေကြတဲ့သူတွေပါ။ကျန်းမာရေးကတော့ အစားအသောက် သတိထားပေးပါ။

ဓနုရာသီဖွား( နိုဝင်ဘာ ၂၂- ဒီဇင်ဘာ ၂၁)

စိတ်သစ်လူသစ်နဲ့ ၂၀၁၇ မှာ စတင် ခြေလှမ်းနိုင်ပါလိမ့်မယ်။ အလုပ်မှာ အခက်အခဲတွေနဲ့ ကြုံနိုင်ပေမယ့် အကျိုးအမြတ်တွေလည်း ရပါလိမ့်မယ်။ အရေပြားနဲ့ပက်သက်ပြီး အလက်ဂျစ်ထတာတို့ ဖြစ်တတ်ပါတယ်။ အချစ်ရေးကတော့ အလွန်သာယာပါလိမ့်မယ်။

မကာရရာသီဖွား(ဒီဇင်ဘာ ၂ ၂- ဇန်နဝါရီ ၁၉ )

အေးဆေးတည်ငြိမ်စွာနဲ့ ၂၀၁၇ ကိုဖြတ်သန်းရပါလိမ့်မယ်။ တိကျသေချာမှုကြောင့် နံမည်ကြီးပေမယ့် အသစ်သစ်တွေ တီထွင်ရတာမျိုးလည်း ကြုံတတ်ပါတယ်။ အချစ်ရေးကို အဓိက အလေးပေးနေမိလိမ့်မယ်။ အိမ်ထောင်ပြုဖို့ သင့်တော်တဲ့နှစ်ပါ။

ကုမ်ရာသီဖွား( ဇန်နဝါရီ ၂၀- ဖေဖော်ဝါရီ ၁၈ )

အကောင်းဆုံးနှစ်ပါ။ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရပါလိမ့်မယ်။ ကိုယ်နှစ်သက်တဲ့ အလုပ်အပေါ်မှာ နှစ်မြှုပ်လိုက်ပါ။ အဲ့ဒီအလုပ်နဲ့ ပက်သက်ပြီး ဝင်ငွေတွေ အမြောက်အမြား ဝင်နိုင်ပါတယ်။ အချစ်ရေးလည်းကောင်းမွန်ပါတယ်။ အိမ်ထောင်သည်များ ကလေးရနိုင်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉- မတ် ၂၀)

အကောင်းမြင်တတ်တဲ့ စိတ်နဲ့ တည်ငြိမ်တဲ့ အပြုအမူတို့ကြောင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုရပါလိမ့်မယ်။အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်တဲ့ နှစ်ပါ။ ကိုယ်လုပ်တဲ့ အလုပ်ကြောင့် ဂုဏ်ရှိန်ဝါ တက်ပါလိမ့်မယ်။တစ်ကိုယ်တည်းသမားတွေ ချစ်သူခင်သူတွေနဲ့ ဆုံစည်းရပါလိမ့်မယ်။

ကဲ နှစ်သစ်မှာ ဘာတွေဘယ်လိုထူးကြသလဲကွယ်။ ဒီဗေဒင်က ပျိုမေတို့ကမ္ဘာက ဟောတာဟုတ်ဘူးနော်။ remedyyard.com ကနေ ဘာသာပြန်ပေးထားတာပါရှင့်။ပျိုမေတို့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘဝကိုလျှောက်လှမ်းနိုင်ကြပါစေ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.