ဆွဲဆောင်မှုရှိရှိ လှပနေစေဖို့ မိန်းကလေးတိုင်းမှာရှိသင့်တဲ့ အလှကုန်ပစ္စည်း (၁၈)မျိုး

 

၁၈ မျိုးဆိုလို့ များတယ်ထင်နေပါသလား..? အကုန်မရှိမဖြစ်ပါပဲ။ကြည့်ကြည့်လိုက်ပါ..

“သမုဒ္ဒရာ ဝမ်းတစ်ထွာ”တဲ့။ ဝမ်းဗိုက်ဟာ ဘယ်တော့မှ ပြည့်တယ်ရယ်လို့ မရှိသလို မိန်းကလေးတွေရဲ့ လှချင်ပချင်စိတ်ကလည်း ဘယ်တော့မှ မကုန်ပါဘူး။(အစားသမားမို့ အစားနဲ့နှိုင်းယှဉ်ပြောမိတာ ခွင့်လွှတ်တော်မူပါ။😁) ခုခေတ်မှာ ပစ္စည်းတွေကလည်း အစုံပေါ်နေတော့ ဝယ်ချင်စရာတွေချည်းပါပဲ။ အကုန်ကောင်းလို့ အကုန်ဝယ်စရာတော့ မလိုပါဘူး။ ကိုယ်နဲ့သင့်တော်ရာကို ရွေးချယ်အသုံးပြုတတ်ရင် လုံလောက်ပါတယ်။ပျိုမေတို့ ဆွဲဆောင်မှု အပြည့်နဲလှနေစေဖို့အတွက်ကတော့ ဒီပစ္စည်း (၁၈)မျိုးက မရှိမဖြစ်ပါပဲ။ဘာတွေလဲဆိုတော့……

img_1419

(၁)မျက်နှာသစ်ဆေး
ဒါက ကျွန်မပြောဖို့တောင် လိုမယ်မထင်ဘူး။ မိန်းကလေးတိုင်း အတွက် အခြေခံလိုအပ်ချက်ပါ။ ကိုယ့်အသားအရေနဲ့သင့်တော်မယ့် အမျိုးအစားကို ရွေးချယ်ပြီးအသုံးပြုရုံပါ။ အဆီပြန်တတ်တဲ့သူက တစ်နေ့ (၂)ခါကနေ(၃)ခါလိုအပ်သလို သုံးနိုင်ပြီး အသားခြောက်တဲ့သူတွေကတော့ (၁) ခါလောက်ပဲ အသုံးပြုသင့်ပါတယ်။
img_1416

 

(၂) တိုနာ
မျက်နှာသစ်ပြီးရင် ကျိန်းသေပေါက် သုံးသင့်တဲ့အရာပါ။ မျက်နှာပေါ်က အညစ်အကြေး အကြွင်းအကျန်တွေ ဖယ်ထုတ်တဲ့နေရာမှာ ဆရာကြီးပါ။ မျက်နှာလေးကြည်လင်နေဖို့အတွက် ရှိသင့်ပါတယ်။

img_1417

 

(၃)မျက်နှာ ချေးချွတ်ဆေး
မျက်နှာပေါ်က ဆဲလ်သေတွေ ရှင်းထုတ်နိုင်ဖို့ (၁) ပတ်မှာ (၁)ကြိမ် အလွန်ဆုံး (၂)ကြိမ်လောက်ပဲပဲ အသုံးပြုသင့်ပါတယ်။

img_1415

(၄)စီရမ်(serum)
စီရမ်က မျက်နှာရဲ့အသားအရေ အတွင်းထဲထိ ဆဲလ်တွေကို အာဟာရဖြည့်ပေးပါတယ်။ အသက်(၂၀)ကျော် မိန်းကလေးတိုင်း နောင်တစ်ချိန် အရေပြားတွန့်တာကို ကာကွယ်နိုင်ဖို့ လိုအပ်တဲ့အရာပါ။တစ်နေ့ကို မနက်နဲ့ည (၂)ကြိမ် တိုနာသုံးပြီးရင် လိမ်းပေးသင့်ပါတယ်။

img_1414

(၅)အစိုခံခရင်မ်(moisturizer)
စီရမ်ပြီးရင် ရေဓာတ်ဖြည့်ဖို့ moisturizer လေးလိမ်းလိုက်ရင် အသားအရေလေးစိုပြည်နေဖို့ ပြီးပြည့်စုံသွားပြီပေါ့။ ခုလိုဆောင်းတွင်းမျိုးဆို ပိုပြီးတော့တောင် လိုအပ်ပါသေးတယ်။

img_1421

(၆)မျက်လုံးခရင်မ်(eye cream)
အသက်အရွယ်ကြီးလာရင် အိုမင်းနေပြီဆိုတာ ရှေ့ပြေးသက်သေပြတာ မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေပါ။မနက်၊ည မလိမ်းရင်တောင် အနည်းဆုံး ညဘက်တော့ လိမ်းပေးသင့်ပါတယ်။ကိုယ်တွေ မိန်းကလေးတွေက ထာဝစဉ်နုပျိုချင်တာလေ။ အဲ့တော့ eye cream ကလည်း မရှိမဖြစ် ဖြစ်ပြန်ရော။

img_1409

 

(၇)အောက်ခံမိတ်ကပ်
မိတ်ကပ်လိမ်းရင် အခြေခံအကျဆုံးအရာ..လုံးဝ လုံးဝကို မရှိမဖြစ်ပါ။လိမ်းတဲ့အခါမှာတော့ လက်နဲ့ ပွတ်ဆွဲတာထက် နဖူး၊ပါး၊မေးစေ့ပေါ် မိတ်ကပ်တို့ပြီး စုပ်တံ ဒါမှမဟုတ် ရေမြုပ်လေးနဲ့လိမ်းတာက အသားအရေ တွန့်တာကာကွယ်နိုင်ပါတယ်။SPF ပါတာမျိုးဆို ပိုကောင်းပါတယ်။

img_1410

(၈)ကွန်စီလာ(concealer)
တစ်ခါတစ်လေ အသားအရေထိန်းသိမ်းနေတဲ့ကြားက အိပ်ရေးပျက်တာကြောင့်ပဲဖြစ်ဖြစ် သွေးသားပြောင်းလို့ပဲဖြစ်ဖြစ် ဝက်ခြံ၊အမည်းစက်နဲ့ တင်းတိပ် စတာတွေ ဖြစ်တတ်ပါတယ်။ အပြင်ထွက်တဲ့အခါ မျက်နှာမှာ ဒါမျိုးတွေရှိနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုယုတ်လျော့စေပါတယ်။အဲ့အခါကျ အောက်ခံမိတ်ကပ်လေးလိမ်းပြီး ကွန်စီလာလေးနဲ့ အုပ်လိုက်ရင် မသိသာတော့ဘူးပေါ့။အဲ့တော့ ကွန်စီလာလည်း လိုတာပဲ။😁

img_1408

(၉)မိတ်ကပ်ပေါင်ဒါ(သို့) ခရင်မ်ပတ်ဖ်
အောက်ခံမိတ်ကပ်လိမ်းပြီးရင်တော့ မိတ်ကပ်ပေါင်ဒါ ပုတ်ရတာထုံးစံမို့ မိန်းကလေးတိုင်းရှိသင့်တာပေါ့နော်။ဒါမှမဟုတ် ခရင်မ်ပတ်ဖ်လေးလည်း သုံးနိုင်ပါတယ်။

img_1407

(၁၀)ပါးနီ
အရင့်အရင်ကတော့ ပါးနီက ပါးလေးနီရုံသက်သက် ခြယ်မှုန်းကြသည်ပေါ့ရှင်။ အခုတော့ မျက်နှာပုံစံဖော်ရာမှာပါ အသုံးပြုနိုင်ပါတယ်။မျက်နှာသွယ်ချင်ရှည်ချင်ရင်ဖြစ်ဖြစ် ဝိုင်းချင်ရင်ရင်ဖြစ်ဖြစ် ပါးနီအကူအညီယူလို့ရတယ်နော်။ (အဲ့တော့ သိပ်လိုတာပေါ့။🤗)

img_1406

(၁၁)အညိုချပေါင်ဒါ(bronzer)
ခုခေတ်မှာ အညိုချတာ အရမ်းကိုခေတ်စားပါတယ်။အစကတော့ နားမလည်ခဲ့ဘူး။မျက်နှာကြီးများ ညိုသွားမလားလို့…။😁လုံးဝ လုံးဝမဟုတ်ပါဘူး။ နဖူးစပ်၊ပါးရိုးနားရိုးနား၊မေးစေ့နားတစ်ဝိုက်ပါ့နော် အညိုချလိုက်ရင် မျက်နှာလေးပိုပြီး ထင်းသွားပါတယ်။ပိုပြီးလည်း ဆွဲဆောင်မှုရှိစေပါတယ်။

img_1405

(၁၂)လိုင်နာ(eye liner)
မိတ်ကပ်အဖွေးသားနဲ့ မျက်လုံးကို ဘာမှမပြင်ဆင်ပဲ သွားရင် ဂွမ်းတာပေါ့ကွယ်။ သေချာတာက ဘယ်မိန်းကလေးမှလည်း အဲ့လို မလုပ်ပါဘူး။လိုင်နာလေးတော့ ဆိုးလိုက်ရမှ။တချို့ဆို မိတ်ကပ် သိပ်မလိမ်းဖြစ်ရင်တောင် ခပ်ပါးပါး လိုင်နာလေးတော့ ဆိုးတတ်ကြတယ်။

img_1404

(၁၃)မျက်လုံးကာခြယ်(eyeshadow)
လိုင်နာလေးဆိုးပြီးရင် ကိုယ်လိမ်းခြယ်ထားတဲ့မိတ်ကပ်အရောင်၊ဝတ်ဆင်ထားတဲ့ အင်္ကျီအရောင်နဲ့ ကိုက်ပြီး eyeshadow လေးခြယ်လိုက်ရင် ပိုပြီးပြည့်စုံသွားတာပေါ့။ အဲ့လိုမဟုတ်ရင်တောင် အညိုပြေပြေလေး ခြယ်ထားရင် တစ်မျိုးလေးလှနေမှာပါ။

img_1402

(၁၄)မျက်တောင်ကော့ဆေး
လိုင်နာနဲ့ eyeshadow ခြယ်ပြီးမှသာ မျက်တောင်ကော့ဆေးကို အသုံးပြုသင့်ပါတယ်။ မျက်လုံးလေးဆွဲဆောင်မှုရှိနေဖို့အတွက် မျက်တောင်ကလည်း အပြည့်အဝ ကူညီပေးပါတယ်။ နဂိုမျက်တောင်ထူသည်ဖြစ်စေ၊ပါးသည်ဖြစ်စေ မျက်တောင်ကော့ဆေးကို သုံးပေးမှသာ ပိုပြီးထင်းစေပါတယ်။

img_1423

 

 

(၁၅)မျက်ခုံးမွှေးဆွဲတံ
မျက်ဝန်းတစ်ဝိုက် အလှအပအတွက် မျက်ခုံးမွှေးကလည်း မပါမဖြစ်ပါပဲ။ ဒါတင်မကပါဘူး..မျက်ခုံးမွှေးပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ မျက်နှာက အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ ဘာဆိုဘာမှ မလိမ်းထားရင်တောင် မျက်ခုံးမွှေးလေး သေသေသပ်သပ်ဆွဲထားတာက လူကိုကြည့်ကောင်းစေမှာပါ။

img_1401

(၁၆)နှုတ်ခမ်းနီ
မိန်းကလေး ၇၅%ဟာ နှုတ်ခမ်းနီဆိုးထားရင် ယုံကြည်မှုအပြည့်ရှိတယ်လို့ဆိုထားပါတယ်။မိတ်ကပ်ပြင်ထားပြီး နှုတ်ခမ်းနီမပါရင် လုံးဝမပြည့်စုံပါဘူး။မိန်းကလေးတိုင်း အနည်းဆုံး နှုတ်ခမ်းနီ (၂)ချောင်းလောက်တော့ရှိသင့်ပါတယ်။ ရိုးရိုးကိုယ်အဆင်ပြေတဲ့ နှုတ်ခမ်းနီရယ် အရောင်လေး ပိုရွှန်းစိုသွားအာင် အပေါ်ကထပ်အုပ်ဖို့ gloss လေးရယ်ပါ။

img_1400

(၁၇)ကိုယ်လိမ်းခရင်မ် (lotion)
မျက်နှာအသားအရေပဲ အရေးကြီးတာမဟုတ်ပါဘူး။ ခရမ်းလွန်ရောင်ခြည်တွေပါတဲ့ နေရောင်ဒဏ်ဟာ အရေပြားကင်ဆာထိဖြစ်နိုင်လို့ တစ်ကိုယ်လုံးက အသားအရေကို ထိန်းသိမ်းကာကွယ်ရမှာပါ။ ဒါကြောင့်လိုးရှင်းဟာလည်း မရှိမဖြစ်ပါ။

img_1399

(၁၈)ရေမွှေး
လူတစ်ယောက်မှာ ကိုယ်ပိုင်ရနံ့လေးတွေ ပိုင်ဆိုင်သင့်ပါတယ်။ ဈေးကြီးသည်မကြီးသည်ဖြစ်စေ ရနံ့မွှေးမွှေးလေးက လူတစ်ဖက်သားကို ဆွဲဆောင်နိုင်ပါတယ်။ရေမွှေးက မိန်းကလေးတစ်ယောက်ကို ပိုလှသွားစေတာတော့ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတာတော့ အမှန်ပါ။

တချို့ အလှကုန်ပစ္စည်းတွေ ဝယ်တဲ့နေရာမှာ ကိုယ့်အသားမှာ အရင်စမ်းသပ်ပြီးမှ ဝယ်သင့်ပါတယ်။ပစ္စည်း အရည်အသွေးကောင်းသော်ငြား တစ်ခါတစ်လေ ကိုယ်နဲ့မှ မတည့်တာမျိုး ရှိတတ်ပါတယ်။ ကိုယ့်နဲ့သင့်တော်မှ အသားအရေနဲ့တည့်မှပဲ ဝယ်ပါ။(*အလှကုန်ပစ္စည်းလေးပုံလေးတွေက သင့်တော်တဲ့ပုံထည့်ထားရုံ သက်သက်နော်။)

ဆွဲဆောင်မှုရှိတယ်ဆိုတာ မိန်းကလေးတိုင်းရဲ့အိပ်မက်ပါ။ဒီ(၁၈)မျိုးကတော့ အခြေခံပါပဲ။ ကဲပျိုမေတို့ (၁၈)မျိုးလုံး ရှိနေပြီလား???😉မရှိသေးရင် အပြေးလေးဝယ်လိုက်ကြနော်။😉

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.